Cele News Video

ထိုင်းသီချင်းေ လး တစ်ပုဒ် ကို ကိုယ် တိုင် တီးပြီး ပိုင်နို င်စွာ သီဆိုပြ ခဲ့တဲ့ မေလသံစဉ်

Written by Aung Lay

ထိုင်းသီချင်းေ လး တစ်ပုဒ် ကို ကိုယ် တိုင် တီးပြီး ပိုင်နို င်စွာ သီဆိုပြ ခဲ့တဲ့ မေလသံစဉ်

ပရိ သတ်အချစ်တော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ မေလသံစဉ်ကိုတော့ ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ မြန်မာသံစဉ်သီချင်းတွေကို ပိုင်နိုင်အောင်စွာသီဆိုနိုင်သူတစ်ယောက်ဖြစ်ပြီး Cover Song တွေကို ပြန်လည်သီဆိုတဲ့နေရာမှာလည်း ထူးချွန်ပြောင်မြောက် တဲ့ အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းတော်တော်များများကိုလည်း ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုလေ့ရှိသူတစ်ယောက်ပါ။

ဒါ့အပြင် အနုပညာရှင် ညီအစ်ကိုမောင်နှမတွေ အတွက်လည်း ကိုယ်တိုင် သီချင်းတွေကို ရေးစပ်ပေးလေ့ရှိ ပါသေးတယ်။ လတ်တလောမှာတော့ မေလသံစဉ်ဟာ ကပ်ရောဂါကြောင့်အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ် အောင်တော့ Cover Song လေးတွေ ကိုသီဆိုပြီး သူမရဲ့လူမှုကွန်ရက်ကနေ တင်ပေးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂)ရက်နေ့ကလည်း မေလသံစဉ်က နှစ်ကိုယ်ခွဲပြီး ထိုင်း သီချင်လေးတစ်ပုဒ်ဖြစ်တဲ့ “မလုံကုံကင်”ဆိုတဲ့ သီချင်လေးကို ကိုယ်တိုင်တီးပြီးကိုယ်တိုင် သီဆိုကာ ဗီဒီယိုလေးတစ်ပုဒ်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုလေးကိုတော့ မေလသံစဉ်က “ဟာမိုနီ နဲ့ Beatသံ ကူညီပေးတဲ့ မှန်ကြောင် လေးကို ကျေးဇူး တင်ပါတယ် (နာမည် ဘယ်လို‌ခေါ်လဲ?၊ ဘာတော်လဲ?၊ အသက်ဘယ်လောက် ကွာလဲ? မပြောပြတော့ ဘူးနော်”ဆိုပြီး ရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

Source:မလေသံစဉျ May Melody

Zawgyi





Source:မေလသံစဉ် May Melody

About the author

Aung Lay

Leave a Comment