ကံံပွင့် ကံမြှင့်စေရန် လပြည့်နေ့ (5.6.2020)တွင်သာ ပြုလုပ်ရမယ့် ယတြာ
နှင်းဆီပန်း(၅)ပွင့် ၊ သပြေပန်း(၅)ခက်
လမုန့်(၅)ခုတို့ိအား လင်ဗန်းတစ်ချပ် ထဲတွင် လှပအောင်ပြင်ဆင်၍ ထည့်ပြီး ဖယောင်းတိုင်(၅)တိုင် ၊
အမွေးတိုင်(၅)တိုင် ၊သောက်တော်ရေ(၅)ခွက်စီကိုလည်း ဘုရားရှင် အား ဆက် ကပ် လှူဒါန် းပါ ။
အနန္တော အနန္တ ငါးပါးအား ရည်စူ းကပ်လှူ ပူဇော်ရင်း အောက်ပါ အတိုင်း လေးလေးနက်နက် ဆုတောင်းပေး ပါ ။
ဘုရားရှင် အမှူးရှိသော အနန္တငါးပါးအား ရည်မှန်း ၍ ရည်စူး ၍ နှင်းဆီပန်း (၅)ပွင့်တိုဖြင့် လည်းကောင်း..၊
သပြေပန်း(၅)ခက်တို့ဖြင့် လည်းကောင်း ၊လမုန့်(၅)ခု တို့ဖြင့်လည်းကောင်း ၊ဖယောင်းတိုင်(၅)တိုင်
တို့ဖြင့်လည်းကောင်း ၊အမွေးတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း ၊ ရေတော်(၅)ခွက်တို့ဖြင့် လည်းကောင်း
ကပ်လှူပူဇော် ကန်တော့ ပါ ၏ ။ဤသစ္စာ မှန်ကန်ပါက၊ ဤမှန်သော သစ္စာစကားကြောင့် လည်းကောင်း ၊
ဤမှန်သော သစ္စာတန်ခိုးကြောင့်သော် လည်းကောင်း၊အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ ၊
အရပ်ဆယ်မျက်နှာတို့မှ ငွေကြေး ၊စည်းစိမ်ဥစ္စာ၊ ရတနာ များစွ ာတို့ သည် လည်းကောင်း၊
စိန်ရွှေရတနာ၊ ကျောက်မျက် ရတနာ များစွာ တို့သည် လည်းကောင်း ၊အလုပ်အကိုင်၊
အကြံအစည် ကိစ္စများစွာ တို့သည် လည်းကောင်း လျင်မြန်စွာ တိုးတက် ဝင်ရောက် လာကြပါစေ သတည်း ။
လျင်မြန်စွာ ဝင်လာမစဲ ၊တသဲသဲ စည်ကားလာကြပါစေ၊ ရောက်ရှိ လာကြ ပါစေကုန်သတည်း ‘ဟူ၍
(၅)ကြိမ် ၊(၅)ခါတိတိ ရွတ်ဆို ဆုတောင်းပေး ရပါမည်။ လပြည့်နေ့မှ စ၍
ကံပွင့်ကံမြင့် အကြံအစည် အလုပ်အကိုင် များအောင်မြင် ကြပါစေ ။
ဆရာကျော်ဇောဟိန်း Ph09256029906 Ph09766470530
Zawgyi
ကံပွင့် ကံမြှင့်စေရန် လပြည့်နေ့ (5.6.2020)တွင်သာ ပြုလုပ်ရမယ့် ယတြာ
လမုန့်(၅)ခုတို့အား လင်ဗန်းတစ်ချပ် ထဲတွင် လှပအောင်ပြင်ဆင်၍ ထည့်ပြီး ဖယောင်းတိုင်(၅)တိုင် ၊