News

စစ်ကိုင်း မှာ ဧကတသိန်းေ ကျာ် သတ္တုတူးမယ့်တရုတ် ကုမ္ပဏီ တင်ဒါအောင်ခြင်းရဲ့ နောက်ကွယ်

Written by Aung Lay

စစ်ကိုင်း မှာ ဧကတသိန်းေ ကျာ် သတ္တုတူးမယ့်တရုတ် ကုမ္ပဏီ တင်ဒါအောင်ခြင်းရဲ့ နောက်ကွယ်

ဧက တသိန်းကျော် သတ္တုတူးမယ့် တရုတ်ကုမ္ပဏီနဲ့ မကြာမီ မြင်ရမယ့် တိုင်းပြည်ရဲ့ ဈာပနပွဲ

ဒီနေ့မနက် ဖုန်းဖွင့်ပြီး တက်လာတဲ့သတင်းကို ဖတ်လိုက်တော့ ကျမ ပစ်လဲသွားတယ်။ ရင်ထဲမှာ ဗလောင်ဆူနေ တာ မခံနိုင်ဘူး။ မျက်လုံးထဲမှာ မြင်လိုက်ရတာက ဈာပနပွဲ။ ဘာဈာပနလဲ ဆိုတော့ တိုင်းပြည်ဈာပန။

တရုတ်နိုင်ငံပိုင် ဩစတြေးလျ အခြေစိုက် ကုမ္ပဏီဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဝန်းသိုနယ်မှာ ရွှေနဲ့ ကြေးနီသတ္တု တူးဖော်ရေးအတွက် စင်ကာပူနိုင်ငံ ပမာဏ အရွယ်အစားရှိတဲ့ လုပ်ကွက်ကို လုပ်ပိုင်ခွင့် လိုင်စင်ရခဲ့ပါတယ်။ အဲဒီစစ်ကိုင်းတိုင်းထဲမှာ အငြင်းပွားဖွယ်ရာ သတ္တုတူးဖော်ရေး တရုတ်ကုမ္ပဏီတွေ နဂိုကတည်းက များစွာရှိပြီးဖြစ်ပါတယ်။

Panaust လို့ခေါ်တဲ့ ကုမ္ပဏီဟာ Myanmar’s Ministry for Natural Resources and Environmental Conservation (MONREC) in Naypyitaw ကနေ အဲဒီလိုင်စင်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရရှိခဲ့ပါတယ်။ (ဒီနေ့က ဇွန်လ ၄ ရက် ကြာသပတေးနေ့ ဆိုတော့ သူပြောတာ မေလ ၂၇ ရက်နေ့ဖြစ်မယ်။ ဒါမှမဟုတ် မနေ့ကလား မသိဘူး) အဲဒီ မြေကွက်ဟာ ဧကပေါင်း တစ်သိန်းရှစ်သောင်းကျော် ဖြစ်ပါတယ်။

Panaust ကုမ္ပဏီဟာ ကွမ်တုံအခြေစိုက် တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်ပါတယ်။ သူအဓိက လုပ်တာက သတ္တုတူး ဖော်မှု၊ လျှပ်စစ်ပစ္စည်း၊ အိမ်မြေနဲ့ငွေကြေး၊ စက်မှုစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု။ (ကျမ အထူးပြုသိစေလိုတာ လျှပ်စစ်ပစ္စည်း သူတို့လုပ်တယ်)

သတင်းနဲ့ပတ်သက်ပြီး ကျမ ပြောပြချင်ပါတယ်ရှင်။ ဒီခေတ်မှာ ဘယ်တိုင်းပြည်မှာမှ ကြေးနီနဲ့ရွှေကို အဖက်လုပ်ပြီး မတူးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတ္တု တူးဖော်ရတဲ့ ကုန်ကျစားရိတ်နဲ့ စာရင် ရွှေနဲ့ ကြေးနီ ပြန်ရတာက ဘာမှမဟုတ်လို့ပါ။

သူတို့အမှန်တကယ် တူးမှာကတော့ မြေရှားသတ္တု ဖြစ်နိုင်ပါတယ်။ ကချင်မှာ အဓိက လုပ်နေတာက ရှီထူ လို့ခေါ်တဲ့ မြေရှားသတ္တု တူးပါတယ်။ ဒါပေမယ့် လုပ်ငန်းလိုင်စင်ကျတော့ နာမည်က သံတို့ နီကယ်တို့ ကြေးနီ တို့ ၊ အဲဒီလို ခေါင်းစဉ်အောက်မှာ လုပ်ငန်းလိုင်စင် ယူပြီး တကယ်တူးတော့ မြေရှား ကိုသာတူးတာပါ။

ဘာကြောင့်လဲ ဆိုတော့ ဒီကနေ့ ကမ္ဘာကို ခြယ်လှယ်တဲ့ စွမ်းအင်ရင်းမြစ်ဟာ ရေနံ၊ လျှပ်စစ် စတာတွေထက် မြေရှား လို့ခေါ်တဲ့ သတ္တု သာလျှင် ဖြစ်ပါတယ်။ ဟုတ်ပြီ၊ မြေရှား ဆိုတာဘာပါလဲ။

အင်္ဂလိပ်လို REE လို့အတိုကောက်ခေါ်ပါတယ်။ Rare earth element ပါ။ ဘယ်မှာသုံးလဲ။ နေရာတိုင်းမှာ သုံးပါတယ်။ အခု ကျမတို့ ကိုင်နေတဲ့ ဖုန်းနဲ့ ကွန်ပျူတာကစလို့ မကပ်တဲ့ ဒယ်အိုးကအစ၊ နှလုံးအတု ကအစ၊ နေရာတိုင်းမှာ REE ကိုသုံးပါတယ်။ ဟုတ်ပြီ ။ ဒါဆို ဒီလောက်တန်ဖိုးရှိတဲ့ REE ကို ဘာဖြစ်လို့ မထုတ်ရမှာလဲ။ ဒါသိပ်ကောင်းတဲ့ မေးခွန်း ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်က ထွက်သမျှ REE ကို တရုတ်ပြည်ကိုသယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွဲထုတ်ပေးတဲ့ စက်မရှိ လို့ပါ။ အဲဒီလို အဆင့်ဆင့်သန့်စင်ခွဲထုတ်ပေးဖို့ စက်က တရုတ်မှာပဲရှိတယ်။ ဒါကြောင့် နယ်စပ်လမ်းကြောင်း ကနေ တရုတ်ပြည်ဘက်ကို အကုန် သယ်ပါတယ်။ ဈေးကောင်းရလား ဆိုတော့ မရနိုင်ဘူး။ မထုတ်သင့်တာ ဈေးနှိမ်ခံရလို့လား။ မဟုတ်ပါဘူး။

အဲဒီ REE ကို ထုတ်လိုက်တဲ့အခါ (ရွှေဖြစ်ဖြစ်၊ ကြေးနီဖြစ်ဖြစ် ဘာထုတ်ထုတ်) မြေထု လေထု ရေထု သုံးခုစလုံးဟာ အဆိပ်သင့်သွားတယ်။ နောင် နှစ် ၃၀ ဆို မျိုးကန်းသွားမှာပါ။ မြေသားထဲ ဝင်သွားတဲ့ အဆိပ်ဟာ ပျက်ပြယ်မသွားဘူး။ တစိမ့်စိမ့်နဲ့ ရေထဲရောက်လာပြီး အကုန်မျိုးကန်းကုန်မှာ။

အမေရိကန်လို နိုင်ငံတောင် မြေရှားသတ္တုထုတ်တာ တစ်နေရာပဲရှိပါတယ်။ တမင်ကို မထုတ်ဘဲ တရုတ်ကနေပဲ ဝယ်ပါတယ်။ ဒါပေမယ့် တရုတ်ကြီးက ကုန်သွယ်စစ်ပွဲမှာ မြေရှားကို ကိုင်လိုက်တော့ ခုဆို အမေရိကန်တွေလည်း မြေရှားကို စွန့်ပစ်မိုင်းတွင်းတွေကနေ ပြန်ထုတ်ဖို့ လုပ်နေကြပါပြီ။

မြေရှား ဆိုတာ သိပ်ကို ရှားပါးနေတဲ့သတ္တုမို့လို့ မြန်မာပြည်က ထူးထူးခြားခြား သယံဇာတတွေ ပေါကြွယ်ဝနေ တာလား။ လုံးဝမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ မြေရှားသတ္တုကို နေရာအစုံမှာ ထုတ်လို့ရပါတယ်။ ပေါသမှ သိပ်ပေါ။ ကုန်ကုန်ပြောရင် အိန္ဒိယလို တိုင်းပြည်မှာတောင် မြေရှားကောင်းကောင်း ထွက်တဲ့ နယ်မြေ စတုရန်းမိုင်ပေါင်း သိန်းချီရှိပါတယ်။ အဲဒီလို တိုင်းပြည်တွေကတောင် မြေရှားကို ထုတ်ခွင့်မပေးပါဘူး။ အင်မတန် ပေါတဲ့ ဓာတ်သတ္တုပါ။

ဘာဖြစ်လို့ အခရာ ကျသလဲဆိုတော့ ထုတ်ဖော်တဲ့အခါ အက်စစ်အပြင်းစားသုံးရတယ်။ အဲဒါ ထုတ်ပြီးသွားတဲ့ မြေကို ဘာဆို ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ လုံးဝဥဿုံ ပျက်စီးသွားတယ် ဆိုတာထက် တောင် ပိုသေးတယ်။ အဆိပ်သင့်သွားလို့ပါ။ မြေရှားစိမ်ကန်ကြီးတွေပေါ် ငှက်ဖြတ်ပျံရင်တောင် ပျံရင်း ကျသေပါ တယ်။ အဲဒီ ဓာတ်တွေဟာ မြေပေါ်ရောက်လာတာနဲ့ ရေဒီယိုသတ္တိကြွတာမို့ ကင်ဆာ အဖြစ်အများဆုံးပါ။ အဲဒါ မြေကြီးထဲက ထွက်လာတဲ့ သတ္တုကပေးတာ။ သုံးစွဲရတဲ့ အက်ဆစ်က ပေးတာ မပါသေးဘူး။

မြန်မာ ဝမ်ပေါင် ကုမ္ပဏီက တူးတဲ့ လက်ပံတောင်း ကြေးနီသတ္တုတွင်းကြောင့် အဲဒီဒေသမှာ ပြဿနာပေါင်းစုံ တက်ခဲ့ပြီး ပတ်ဝန်းကျင်ပျက်စီးမှု၊ ရေအရင်းအမြစ်ပျက်စီးမှု စတာတွေကို အကြီးအကျယ်ခံခဲ့ရ၊ ခံနေဆဲ၊ နောင်လည်း နှစ်ပေါင်းများစွာ ခံရဉီးမယ်။ လက်ပံတောင်း၊ စပါယ်တောင်၊ ကြေးစင်တောင် စတဲ့ ကြေးနီ စီမံကိန်း နယ်မြေတွေတောင် ဧကပေါင်း သောင်းဂဏန်းပဲ ရှိပါတယ်။ ခုက လုပ်ထည့်လိုက်တာ ဧက တစ်သိန်းကျော်။

ဝါးစိမ်းတောင် ကိုလည်း တရုတ်ကုမ္ပဏီတွေက တူးချင်လှချည်ရဲ့ဆိုလို့ ဝါးစိမ်းတောင် ဒေသခံတွေ အကြီးအကျယ် ကန့်ကွက်လို့ လုပ်ပိုင်ခွင့်လိုင်စင် ကျမသွားခဲ့ဘူး။ ဝါးစိမ်းတောင်အတွက် တောင်းတဲ့ မြေကလည်း ဧကပေါင်း တစ်သိန်းကျော်ပဲ။ ဝါးစိမ်းတောင် ပါတော့မလား ဆိုပြီး တထင့်ထင့်နဲ့ နေခဲ့ရတာ အခု မထင်ဘဲ ဝန်းသို ပါသွားတယ်။ လုပ်ရက်လိုက်ကြတာ။ ဧကပေါင်း တစ်သိန်းရှစ်သောင်းကျော်တဲ့။

အဲဒီ နယ်ခံတွေ အဲဒီနယ်မြေကို အသက်နဲ့လဲ ကာကွယ်ကြနိုင်ပါစေလို့ ဆုတောင်းပါတယ်။ မြန်မာပြည် အလယ်ပိုင်းက ရွှေစတဲ့ ရှားပါးသတ္တုတွေ တအားထွက်တာက သက်ရင့်မြေသားမို့ထင်ပါတယ်။ ဘာပဲပြောပြော အဲဒီ အထက်က မြေသားထဲ စိမ့်ဝင်သွားတဲ့ အက်စစ်ဟာ နောင် နှစ်ပေါင်း ၃၀ လောက်ကြာရင် အောက်ဘက် ကို ရောက်လာမှာပါ။ ချင်းတွင်း ဧရာဝတီ စတဲ့ မြစ်ကြောင်းအဆင့်ဆင့်ကနေ ရောက်လာမှာပါ။ ကျမ အခုပြောတာကို ရီစရာကြီးလို့ မထင်ပါနဲ့။ အဲဒီ REE နဲ့ပတ်သက်ပြီး ကျမ နှစ်နဲ့ချီ လေ့လာထားပါတယ်။

ပို့စ်တစ်ပုဒ်ထဲမှာ လိုရင်းရောက်အောင် ရေးရတာမို့ မပြည့်စုံတာကို သည်းခံပေးပါ။ ဘယ်ကုမ္ပဏီကိုမှ ခေါင်းစဉ် တခြား လုပ်မှာက တခြားလို့ ကျမ မစွပ်စွဲပါဘူး။ သဘောတရားအရပဲ ပြောတာပါ။ ဘယ်ကုမ္ပဏီ ကိုမှလည်း ကျမ မသိပါဘူး။ တက်လာတဲ့ သတင်းအရပဲ ပြောတာပါ။

ဘာပဲ ပြောပြော အခုလို ကိုဗစ်ကပ်ဆိုက်တုန်း ဒီလောက်ကြီးတဲ့ လုပ်ငန်းကြီးကို လုပ်ပိုင်ခွင့် အရယူသွားနိုင်တာ အင်မတန်တော်ပါတယ်ရှင်။ လက်ပံတောင်းတောင် ဧက နည်းနည်းပဲရှိပါတယ်။ အခုက အဲဒါရဲ့ ဆယ်ဆ။ ဖြစ်နိုင်ရင် ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံမှာပဲ နေပြီး ဟိုဟာပဲ ခံစားချင်ပါတယ်။ ရှိသမျှ လွယ်လွယ် ရောင်းစားတဲ့ တိုင်းပြည်အတွက် တော့ ဘာဂုဏ်မှကို မယူနိုင်တာပါ။ ရှက်လည်း ရှက်တယ်။

ဝင့်ပြုံးမြင့်
(၂၀၂၀၊ ဇွန် ၄ရက်)

Zawgyi

စစ္ကုိင္း မွာ ဧကတသိန္းေ က်ာ္ သတၱဳတူးမယ့္တရုတ္ ကုမၸဏီ တင္ဒါေအာင္ျခင္းရဲ႕ ေနာက္ကြယ္

ဧက တသိန္းေက်ာ္ သတၱဳတူးမယ့္ တရုတ္ကုမၸဏီနဲ႔ မၾကာမီ ျမင္ရမယ့္ တုိင္းျပည္ရဲ႕ စ်ာပနပြဲ

ဒီေန႔မနက္ ဖုန္းဖြင့္ၿပီး တက္လာတဲ့သတင္းကို ဖတ္လိုက္ေတာ့ က်မ ပစ္လဲသြားတယ္။ ရင္ထဲမွာ ဗေလာင္ဆူေန တာ မခံႏိုင္ဘူး။ မ်က္လုံးထဲမွာ ျမင္လိုက္ရတာက ဈာပနပြဲ။ ဘာဈာပနလဲ ဆိုေတာ့ တိုင္းျပည္ဈာပန။

တ႐ုတ္ႏိုင္ငံပိုင္ ဩစေၾတးလ် အေျခစိုက္ ကုမၸဏီဟာ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္း ဝန္းသိုနယ္မွာ ေ႐ႊနဲ႔ ေၾကးနီသတၱဳ တူးေဖာ္ေရးအတြက္ စင္ကာပူႏိုင္ငံ ပမာဏ အ႐ြယ္အစားရွိတဲ့ လုပ္ကြက္ကို လုပ္ပိုင္ခြင့္ လိုင္စင္ရခဲ့ပါတယ္။ အဲဒီစစ္ကိုင္းတိုင္းထဲမွာ အျငင္းပြားဖြယ္ရာ သတၱဳတူးေဖာ္ေရး တ႐ုတ္ကုမၸဏီေတြ နဂိုကတည္းက မ်ားစြာရွိၿပီးျဖစ္ပါတယ္။

Panaust လို႔ေခၚတဲ့ ကုမၸဏီဟာ Myanmar’s Ministry for Natural Resources and Environmental Conservation (MONREC) in Naypyitaw ကေန အဲဒီလိုင္စင္ကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ရရွိခဲ့ပါတယ္။ (ဒီေန႔က ဇြန္လ ၄ ရက္ ၾကာသပေတးေန႔ ဆိုေတာ့ သူေျပာတာ ေမလ ၂၇ ရက္ေန႔ျဖစ္မယ္။ ဒါမွမဟုတ္ မေန႔ကလား မသိဘူး) အဲဒီ ေျမကြက္ဟာ ဧကေပါင္း တစ္သိန္းရွစ္ေသာင္းေက်ာ္ ျဖစ္ပါတယ္။

Panaust ကုမၸဏီဟာ ကြမ္တုံအေျခစိုက္ တ႐ုတ္ႏိုင္ငံပိုင္ ကုမၸဏီျဖစ္ပါတယ္။ သူအဓိက လုပ္တာက သတၱဳတူး ေဖာ္မႈ၊ လွ်ပ္စစ္ပစၥည္း၊ အိမ္ေျမနဲ႔ေငြေၾကး၊ စက္မႈစြန႔္ပစ္ပစၥည္း စီမံခန႔္ခြဲမႈ။ (က်မ အထူးျပဳသိေစလိုတာ လွ်ပ္စစ္ပစၥည္း သူတို႔လုပ္တယ္)

သတင္းနဲ႔ပတ္သက္ၿပီး က်မ ေျပာျပခ်င္ပါတယ္ရွင္။ ဒီေခတ္မွာ ဘယ္တိုင္းျပည္မွာမွ ေၾကးနီနဲ႔ေ႐ႊကို အဖက္လုပ္ၿပီး မတူးေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သတၱဳ တူးေဖာ္ရတဲ့ ကုန္က်စားရိတ္နဲ႔ စာရင္ ေ႐ႊနဲ႔ ေၾကးနီ ျပန္ရတာက ဘာမွမဟုတ္လို႔ပါ။

သူတို႔အမွန္တကယ္ တူးမွာကေတာ့ ေျမရွားသတၱဳ ျဖစ္ႏိုင္ပါတယ္။ ကခ်င္မွာ အဓိက လုပ္ေနတာက ရွီထူ လို႔ေခၚတဲ့ ေျမရွားသတၱဳ တူးပါတယ္။ ဒါေပမယ့္ လုပ္ငန္းလိုင္စင္က်ေတာ့ နာမည္က သံတို႔ နီကယ္တို႔ ေၾကးနီ တို႔ ၊ အဲဒီလို ေခါင္းစဥ္ေအာက္မွာ လုပ္ငန္းလိုင္စင္ ယူၿပီး တကယ္တူးေတာ့ ေျမရွား ကိုသာတူးတာပါ။

ဘာေၾကာင့္လဲ ဆိုေတာ့ ဒီကေန႔ ကမာၻကို ျခယ္လွယ္တဲ့ စြမ္းအင္ရင္းျမစ္ဟာ ေရနံ၊ လွ်ပ္စစ္ စတာေတြထက္ ေျမရွား လို႔ေခၚတဲ့ သတၱဳ သာလွ်င္ ျဖစ္ပါတယ္။ ဟုတ္ၿပီ၊ ေျမရွား ဆိုတာဘာပါလဲ။

အဂၤလိပ္လို REE လို႔အတိုေကာက္ေခၚပါတယ္။ Rare earth element ပါ။ ဘယ္မွာသုံးလဲ။ ေနရာတိုင္းမွာ သုံးပါတယ္။ အခု က်မတို႔ ကိုင္ေနတဲ့ ဖုန္းနဲ႔ ကြန္ပ်ဴတာကစလို႔ မကပ္တဲ့ ဒယ္အိုးကအစ၊ ႏွလုံးအတု ကအစ၊ ေနရာတိုင္းမွာ REE ကိုသုံးပါတယ္။ ဟုတ္ၿပီ ။ ဒါဆို ဒီေလာက္တန္ဖိုးရွိတဲ့ REE ကို ဘာျဖစ္လို႔ မထုတ္ရမွာလဲ။ ဒါသိပ္ေကာင္းတဲ့ ေမးခြန္း ျဖစ္ပါလိမ့္မယ္။

ျမန္မာျပည္က ထြက္သမွ် REE ကို တ႐ုတ္ျပည္ကိုသယ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ခြဲထုတ္ေပးတဲ့ စက္မရွိ လို႔ပါ။ အဲဒီလို အဆင့္ဆင့္သန႔္စင္ခြဲထုတ္ေပးဖို႔ စက္က တ႐ုတ္မွာပဲရွိတယ္။ ဒါေၾကာင့္ နယ္စပ္လမ္းေၾကာင္း ကေန တ႐ုတ္ျပည္ဘက္ကို အကုန္ သယ္ပါတယ္။ ေဈးေကာင္းရလား ဆိုေတာ့ မရႏိုင္ဘူး။ မထုတ္သင့္တာ ေဈးႏွိမ္ခံရလို႔လား။ မဟုတ္ပါဘူး။

အဲဒီ REE ကို ထုတ္လိုက္တဲ့အခါ (ေ႐ႊျဖစ္ျဖစ္၊ ေၾကးနီျဖစ္ျဖစ္ ဘာထုတ္ထုတ္) ေျမထု ေလထု ေရထု သုံးခုစလုံးဟာ အဆိပ္သင့္သြားတယ္။ ေနာင္ ႏွစ္ ၃၀ ဆို မ်ိဳးကန္းသြားမွာပါ။ ေျမသားထဲ ဝင္သြားတဲ့ အဆိပ္ဟာ ပ်က္ျပယ္မသြားဘူး။ တစိမ့္စိမ့္နဲ႔ ေရထဲေရာက္လာၿပီး အကုန္မ်ိဳးကန္းကုန္မွာ။

အေမရိကန္လို ႏိုင္ငံေတာင္ ေျမရွားသတၱဳထုတ္တာ တစ္ေနရာပဲရွိပါတယ္။ တမင္ကို မထုတ္ဘဲ တ႐ုတ္ကေနပဲ ဝယ္ပါတယ္။ ဒါေပမယ့္ တ႐ုတ္ႀကီးက ကုန္သြယ္စစ္ပြဲမွာ ေျမရွားကို ကိုင္လိုက္ေတာ့ ခုဆို အေမရိကန္ေတြလည္း ေျမရွားကို စြန႔္ပစ္မိုင္းတြင္းေတြကေန ျပန္ထုတ္ဖို႔ လုပ္ေနၾကပါၿပီ။

ေျမရွား ဆိုတာ သိပ္ကို ရွားပါးေနတဲ့သတၱဳမို႔လို႔ ျမန္မာျပည္က ထူးထူးျခားျခား သယံဇာတေတြ ေပါႂကြယ္ဝေန တာလား။ လုံးဝမဟုတ္ပါဘူး။ တစ္ကမာၻလုံးမွာ ေျမရွားသတၱဳကို ေနရာအစုံမွာ ထုတ္လို႔ရပါတယ္။ ေပါသမွ သိပ္ေပါ။ ကုန္ကုန္ေျပာရင္ အိႏၵိယလို တိုင္းျပည္မွာေတာင္ ေျမရွားေကာင္းေကာင္း ထြက္တဲ့ နယ္ေျမ စတုရန္းမိုင္ေပါင္း သိန္းခ်ီရွိပါတယ္။ အဲဒီလို တိုင္းျပည္ေတြကေတာင္ ေျမရွားကို ထုတ္ခြင့္မေပးပါဘူး။ အင္မတန္ ေပါတဲ့ ဓာတ္သတၱဳပါ။

ဘာျဖစ္လို႔ အခရာ က်သလဲဆိုေတာ့ ထုတ္ေဖာ္တဲ့အခါ အက္စစ္အျပင္းစားသုံးရတယ္။ အဲဒါ ထုတ္ၿပီးသြားတဲ့ ေျမကို ဘာဆို ဘာမွ ဆက္လုပ္လို႔ မရေတာ့ဘူး။ လုံးဝဥႆုံ ပ်က္စီးသြားတယ္ ဆိုတာထက္ ေတာင္ ပိုေသးတယ္။ အဆိပ္သင့္သြားလို႔ပါ။ ေျမရွားစိမ္ကန္ႀကီးေတြေပၚ ငွက္ျဖတ္ပ်ံရင္ေတာင္ ပ်ံရင္း က်ေသပါ တယ္။ အဲဒီ ဓာတ္ေတြဟာ ေျမေပၚေရာက္လာတာနဲ႔ ေရဒီယိုသတၱိႂကြတာမို႔ ကင္ဆာ အျဖစ္အမ်ားဆုံးပါ။ အဲဒါ ေျမႀကီးထဲက ထြက္လာတဲ့ သတၱဳကေပးတာ။ သုံးစြဲရတဲ့ အက္ဆစ္က ေပးတာ မပါေသးဘူး။

ျမန္မာ ဝမ္ေပါင္ ကုမၸဏီက တူးတဲ့ လက္ပံေတာင္း ေၾကးနီသတၱဳတြင္းေၾကာင့္ အဲဒီေဒသမွာ ျပႆနာေပါင္းစုံ တက္ခဲ့ၿပီး ပတ္ဝန္းက်င္ပ်က္စီးမႈ၊ ေရအရင္းအျမစ္ပ်က္စီးမႈ စတာေတြကို အႀကီးအက်ယ္ခံခဲ့ရ၊ ခံေနဆဲ၊ ေနာင္လည္း ႏွစ္ေပါင္းမ်ားစြာ ခံရဉီးမယ္။ လက္ပံေတာင္း၊ စပါယ္ေတာင္၊ ေၾကးစင္ေတာင္ စတဲ့ ေၾကးနီ စီမံကိန္း နယ္ေျမေတြေတာင္ ဧကေပါင္း ေသာင္းဂဏန္းပဲ ရွိပါတယ္။ ခုက လုပ္ထည့္လိုက္တာ ဧက တစ္သိန္းေက်ာ္။

ဝါးစိမ္းေတာင္ ကိုလည္း တ႐ုတ္ကုမၸဏီေတြက တူးခ်င္လွခ်ည္ရဲ႕ဆိုလို႔ ဝါးစိမ္းေတာင္ ေဒသခံေတြ အႀကီးအက်ယ္ ကန႔္ကြက္လို႔ လုပ္ပိုင္ခြင့္လိုင္စင္ က်မသြားခဲ့ဘူး။ ဝါးစိမ္းေတာင္အတြက္ ေတာင္းတဲ့ ေျမကလည္း ဧကေပါင္း တစ္သိန္းေက်ာ္ပဲ။ ဝါးစိမ္းေတာင္ ပါေတာ့မလား ဆိုၿပီး တထင့္ထင့္နဲ႔ ေနခဲ့ရတာ အခု မထင္ဘဲ ဝန္းသို ပါသြားတယ္။ လုပ္ရက္လိုက္ၾကတာ။ ဧကေပါင္း တစ္သိန္းရွစ္ေသာင္းေက်ာ္တဲ့။

အဲဒီ နယ္ခံေတြ အဲဒီနယ္ေျမကို အသက္နဲ႔လဲ ကာကြယ္ၾကႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။ ျမန္မာျပည္ အလယ္ပိုင္းက ေ႐ႊစတဲ့ ရွားပါးသတၱဳေတြ တအားထြက္တာက သက္ရင့္ေျမသားမို႔ထင္ပါတယ္။ ဘာပဲေျပာေျပာ အဲဒီ အထက္က ေျမသားထဲ စိမ့္ဝင္သြားတဲ့ အက္စစ္ဟာ ေနာင္ ႏွစ္ေပါင္း ၃၀ ေလာက္ၾကာရင္ ေအာက္ဘက္ ကို ေရာက္လာမွာပါ။ ခ်င္းတြင္း ဧရာဝတီ စတဲ့ ျမစ္ေၾကာင္းအဆင့္ဆင့္ကေန ေရာက္လာမွာပါ။ က်မ အခုေျပာတာကို ရီစရာႀကီးလို႔ မထင္ပါနဲ႔။ အဲဒီ REE နဲ႔ပတ္သက္ၿပီး က်မ ႏွစ္နဲ႔ခ်ီ ေလ့လာထားပါတယ္။

ပို႔စ္တစ္ပုဒ္ထဲမွာ လိုရင္းေရာက္ေအာင္ ေရးရတာမို႔ မျပည့္စုံတာကို သည္းခံေပးပါ။ ဘယ္ကုမၸဏီကိုမွ ေခါင္းစဥ္ တျခား လုပ္မွာက တျခားလို႔ က်မ မစြပ္စြဲပါဘူး။ သေဘာတရားအရပဲ ေျပာတာပါ။ ဘယ္ကုမၸဏီ ကိုမွလည္း က်မ မသိပါဘူး။ တက္လာတဲ့ သတင္းအရပဲ ေျပာတာပါ။

ဘာပဲ ေျပာေျပာ အခုလို ကိုဗစ္ကပ္ဆိုက္တုန္း ဒီေလာက္ႀကီးတဲ့ လုပ္ငန္းႀကီးကို လုပ္ပိုင္ခြင့္ အရယူသြားႏိုင္တာ အင္မတန္ေတာ္ပါတယ္ရွင္။ လက္ပံေတာင္းေတာင္ ဧက နည္းနည္းပဲရွိပါတယ္။ အခုက အဲဒါရဲ႕ ဆယ္ဆ။ ျဖစ္ႏိုင္ရင္ ဗိုလ္ခ်ဳပ္ေျပာတဲ့ ဟုိႏိုင္ငံမွာပဲ ေနၿပီး ဟုိဟာပဲ ခံစားခ်င္ပါတယ္။ ရွိသမွ် လြယ္လြယ္ ေရာင္းစားတဲ့ တိုင္းျပည္အတြက္ ေတာ့ ဘာဂုဏ္မွကို မယူႏိုင္တာပါ။ ရွက္လည္း ရွက္တယ္။

ဝင့္ၿပဳံးျမင့္
(၂၀၂၀၊ ဇြန္ ၄ရက္)

About the author

Aung Lay

Leave a Comment