News

ရုရှားတွင် ဒီဇယ် ဆီ ဂါလံ ၂၀၀၀၀ ကျော် ယိုဖိ တ်မှုကြောင့် သမ္မ တ ပူတင်က အရေးပေါ် အခြေအနေ ကြေငြာလိုက်ရပြီ

Written by Aung Lay

ရုရှားတွင် ဒီဇယ် ဆီ ဂါလံ ၂၀၀၀၀ ကျော် ယိုဖိ တ်မှုကြောင့် သမ္မ တ ပူတင်က အရေးပေါ် အခြေအနေ ကြေငြာလိုက်ရပြီ

ရု ရှားသမ္မတပူတင်က အာတိတ်စက်ဝိုင်းအတွင်းရှိ မြစ်တစ်စင်းအတွင်းသို့ ဒီဇယ်တန် ၂၀၀၀၀ စီးဝင်မှု ဖြစ်ပွားခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပီဖြစ်သည်။ ရုရှာနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Norilsk မြို့အနီး ဓာတ်အားပေးစက်ရုံတစ်ခုရှိ အနီးမှာရှိတဲ့ Thermal Power Plant က ဆီကန် ပေါက်ထွက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က လောင်စာကန် ပြိုကျမှု ဖြစ်ခဲ့၍ အဆိုပါ ဆီယိုဖိတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် နှစ်ရက်အကြာမှယင်းကိစ္စကို တာဝန်ရှိသူများ သိရှိခဲ့၍ ဒေါသထွက်မိကြောင်း သမ္မတ ပူတင်က ထုတ်ဖော်သွားခဲ့သည်။

အဆိုပါ မတော်တဆမှုဖြစ်ခဲ့သည့် စက်ရုံသည် ကမ္ဘာ့ ဦးဆောင် နီကယ် ထုတ်လုပ်သူ လုပ်ငန်းကြီးဖြစ်သည့် Norilsk Nickel ၏ ကုမ္ပဏီလုပ်ငန်းခွဲတစ်ခုက ပိုင်ဆိုင်သော စက်ရုံဖြစ်သည်။

ယခုကိစ္စ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ ကုမ္ပဏီအကြီးအကဲကို ပူတင်က ပြစ်တင်သွားခဲ့သည်။

ဆီယိုဖိတ်မှုကြောင့် စတုရန်းကီလိုမီတာ ၃၅၀ ခန့်ရှိ ဧရိယာတစ်ခုကို ညစ်ညမ်းစေခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ ငါးတွေသေ၊ ငှက်တွေနဲ့ တိရစ္ဆာန်တွေ အဆိပ်သင့်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ရာသီဥတုကို အကြီးအကျယ်ထပ်မံ ထိခိုက်နိုင်ပါတယ်။ လူသားတို့ သဘာဝကို ဖျက်ဆီးလို့ မဝသေးပုံပါပဲ။

Zawgyi







About the author

Aung Lay

Leave a Comment