ထီ ပေါက် သူ က မုန့်ဖိုး သိန်း (၂၀) သာ ပေးခဲ့ လို့ သူတောင်း စာ သာသာ ခံစားရတယ်ဆိုပြီး ပြောလာသူ
သူေ တာင်းစားလောက် အဆင့် အတန်းမရှိတော့ သော ကျွန်တော်”
ဘာရယ်မဟုတ်ပါဘူး မနေ့ကအတွေ့အကြုံလေးကြောင့် ခံစားမိတာလေးကို တင်ပြတာပါ ကျွန်တော်တို့ထီလောကသားတွေရဲ့ အိပ်မက်က ဘယ်လိုဆိုတာ ဘော်ဒါတွေအသိဆုံးပါ
ကိုယ့်ဆီက ဆုကြီးကံထူးသွားရင် မျှော်လင့်ချက်တွေ တော့ ရှိမှာပေါ့ဗျာ တခုပြောရအုံးမယ်ဗျ ကျွန်တော်ရဲ့ထီရောင်းသက်တမ်းက ၂၀၀၄ခုကစခဲ့တာဆိုတော့ ခုဖွင့်တဲ့ ပင်ရင်းအချို့တောင် မဖွင့်ရသေးဘူး
လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ကြုံခဲ့ဘူးတယ် ဆိုပါတော့ဗျာ ခုလက်ရှိ အချိန်ပဲပြောပါ့မယ် ခုအစိုးရလက်ထက်မှာ ဆုစနစ်တွေအရတော့ ကျွန်တော်တို့ အများဆုံး အကြောင်းကြားရတာ ငါးသောင်းဆုတွေပါ
ဆုကြီးပါဖို့ဆိုတာ အင်မတန်ခဲရင်းပါတယ် ငါးသောင်းဆုတွေ အကြောင်းကြားရင် အရမ်း ဝမ်းသာတဲ့သူတွေကတော့ မရှိတဲ့အခြေခံလူတန်းစားတွေပါပဲ
အလယ်အလတ်တွေက သွားအကြောင်းကြားရင် အများဆုံး ပြောတာက ငါးသောင်းဆုလောက် နဲ့ လာမပြောနဲ့တဲ့ ငါးထောင်လောက်မှပြောတဲ့။ ထားပါတော့ ဆုအကြောင်းကြားတဲ့အခါမှာသိတတ်မှုလေးတွေပြောပါရစေ
ငါးသောင်းပေါက်လို့သွားပြောရင် ညီလေး တစ်သောင်းယူသွား ငါးထောင် မင်းဖို့ဆိုပြီး ပြောတာ အခြေခံလူတန်းစားတွေပါဝန်းနဲ့ခြံနဲ့ တိုက်နဲ့တာနဲ့နေတဲ့သူတွေက မုန့်ဖိုးမပြောနဲ့
ကိုယ်ကပဲ တောင်းပန်ပီးပေးရမလိုကြုံတတ်ကြပါတယ် ဒါပေမဲ့ တခုတော့ ပြောတတ်ကြတယ် သိန်းတစ်သောင်းခွဲပေါက်ရင် မင်းကို ကားဝယ်ပေးမယ် ဆုကြီးဆိုဘာပေးမယ် ဆိုပြီးတော့ပေါ့
မနေ့က ကံထူးရှင် ကိုအစအဆုံး ကူညီပေးခဲ့ပါတယ် ထီတိုက်တာတောင် ကျွန်တော်က pauk ဆော့ဝဲသုံးတော့ အရင်ဆုံး အကြောင်းကြားခဲ့တာပါ
ထားပါတော့ မနေ့က အားလုံးပီးတော့ ကျွန်တော့်ကို ကျေးဇူးတင်တဲ့အတွက် သိန်း 20 ပေးပါတယ် ကျွန်တော် ဘယ်ကံထူးရှင်ကိုမှ မုန့်ဖိုးမတောင်းပါသူတို့ သဒ္ဒါ လို့ပေးတဲ့အခါ အနဲအများ မတောင်းဆိုပါဘူး
ဒါပေမဲ့ တွေးကြည့်ရင် နဲနေတယ်လို့ ဘော်ဒါတွေ တွက်မိမှာပါ ဟုတ်တယ်လေ ငါးသောင်းပေါက်တဲ့သူ တောင် အနဲဆုံးတော့ တစ်ထောင်ပေးတတ်ကြမှပါ
ခုက သိန်းငါးထောင်ဆိုတော့ ဘော်ဒါ တို့ ဒီကောင် သိန်း 100 လောက်ရမယ် ထင်မှာNo. No No ဘုရားစူးသိန်း 20 ပဲရပါတယ်ဗျာ
50000မွာ 1000
500000မွာ 10000
5000000မွာ 100000
50000000မွာ1000000
သိန်း ၅၀၀၀ မှာ သိန်း၁၀၀ရမယ်မထင်နဲ့ ဘော်ဒါ တို့ရေခုခေတ်မှာ သူတောင်းစားကို ၂၀တန်ပေးရင်မယူဘူး ကိုရင်လေးတွေဆိုလွင့်ပစ်မှာ
သိန်းငါးထောင်ပေါက်လို့ သိန်း၂၀ ပေးတယ် ဆိုတာ သာမာန် အချိန်မှာ သူတောင်းစားကို ၂၀ကျပ်တန်ပေးသလိုဖြစ်နေတာ
တွက်တတ်ရင်သိမှာပါ ဘော်ဒါတို့ရာလိုချင်လို့ ပြောပြတာမဟုတ်ဘူးနော်ဘဝက မျှော်လင့်ထားသလို အမြဲဖြစ်တတ်ပါတယ် ရဲရင့်အောင်သီချင်းပဲနားထောင်နေတယ် သီချင်း နာမည်က”ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်”
**စကားမစပ် ကျွန်တော် သူတောင်စား တယောက်လောက်တောင် သိက္ခာ မရှိဘူးဖြစ်သွားတယ်**
မည်သူကိုမှ မရည်ရွယ်ပါ လှူတန်း ပေးကမ်းတယ် ဆိုပေမဲ့ သူတောင်းစားတော့ ထမင်းဝအောင် ကျွေးကျပါမထိမရောက်ဆိုရင် မလှူတာကောင်းပါတယ် ဘေးလူတွေ အကုသိုလ်ဖြစ်နေမှာစိုးလို့ပါ
Kaung Lub Moe
naethitmyanmar
Zawgyi
50000မွာ 1000
500000မွာ 10000
5000000မွာ 100000
50000000မွာ1000000
Kaung Lub Moe
naethitmyanmar