News

ဇွန်လ(၁၅)ရက်နောက်ပိုင်းကစပြီး ချောင်းသာ၊ငွေဆောင်အပါအဝင် ကမ်းခြေတွေပြန်ဖွင့်မယ်

Written by Aung Lay

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေနဲ့ ကမ်းခြေက ဟိုတယ်တွေကို စစ်ဆေးမှုပြုလုပ်နေပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါပြီ။

လက်တလောမှာတော့ အစိုးရက ကိုဗစ် – ၁၉ ကာလ အမိန့် ညွှန်ကြားမှုအချို့ကို ဇွန်လ ၁၅ ရက်နေ့အထိ သက်တမ်းတိုးမြင့်ထားတာကြောင့် ဒီ ၁၅ ရက်အတွင်း တော့ ကမ်းခြေတွေနဲ့ ကမ်းခြေက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဖွင့်လှစ်ပေးဖို့မရှိဘူးလို့သိရပါတယ်။ ” ချောင်းသာ၊ ငွေဆောင် ဂေါ်ရန်ဂျီစတဲ့ ကမ်းခြေဒေသတွေက ဟိုတယ်နဲ့ တည်းခိုခန်းတွေကို စစ်ဆေးမှုတွေ မလုပ်ရသေးပါဘူး။တကယ်လို့ စစ်ဆေးမှုတွေပြီးစီးသွားရင်တော့ ကမ်းခြေတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အစီအမံတွေ ရေးဆွဲလုပ်ဆောင်နေပါတယ်။”လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာဆိုရင် အများပြည်သူ အပန်းဖြေရန် သွားလာမှုအများဆုံးဖြစ်တဲ့ချာင်းသာကမ်းခြေ၊ ငွေဆောင်၊ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံစသဖြင့် ကမ်းခြေတွေရှိနေပါတယ်။ကမ်းခြေတွေကို မတ်လ ၂၄ ရက်နေ့ကတည်းက စတင်ပိတ်ခဲ့တာဖြစ်ပြီး ပိတ်ထားစဉ်ကာလအတွင်း ဝန်ထမ်းတွေကို လစာတဝက်ပုံစံနဲ့ နားခွင့်ပေးထားကြောင်း၊ လတ်တလောမှာတော့ ကမ်းခြေပြန်ဖွင့်ဖို့ ၊ဟိုတယ်တွေပြန်ဖွင့်ဖို့ အစီအမံတွေရေးဆွဲထားတယ်လို့ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနိုင်ဝင်းကပြောပါတယ်။ “ပြန်ဖွင့်မယ့်အချိန်အတိအကျကတော့ မသိရသေးဘူး ။တိုင်းအစိုးရကလုပ်ငန်းစီမံချက်ပေါ့ ဖွင့်ဖို့အတွက် ကမ်းခြေ ဟိုတယ်နဲ့ပတ်သက်လို့တော့ စိမံချက်တွေတင်ထားတယ်။ပြန်ဖွင့်ရင် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ စည်းကမ်း ချက်တွေအတိုင်း လုပ်သွားမှာပါ။ ပြန်ဖွင့်နိုင်ပြီဆိုတဲ့အချိန် ထပ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ အပေါ်လိုက်နာသွားမှာပါ။ကမ်းခြေကို အချိန်အကန့်အသတ်နဲ့ ဖွင့်တာမျိုးလည်း ထုတ်ပြန်ချက်မှာ ပါနိုင်တယ်။ဟိုတယ်လုပ်ငန်းတွေထိခိုက်တာပေါ့”လို့ ဦးနိုင်ဝင်းကပြောပါတယ်။

ချောင်းသာကမ်းခြေမှာဆိုရင် ဟိုတယ် ၃၉လုံး၊ တည်းခိုခန်း ၅၉လုံးနဲ့ ငွေဆောင်ကမ်းခြေမှာဆိုရင် ဟိုတယ် ၃၃လုံး၊ တည်းခိုခန်း ၄၆လုံးရှိပြီးဖြစ်ပါတယ်။ ဒီကမ်းခြေတွေဟာ ပြည်တွင်းခရီးသွားဧည့်သည်သွားလာမှု အများဆုံးဖြစ်ပါတယ်။ကိုဗစ်ဖြစ်တဲ့ကာလဟာ မြန်မာနိုင်ငံရဲ့ခရီးသွားရာသီကာလ ဖြစ်လို့ ဟိုတယ်တွေအားလုံး ပိတ်ထားရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လေကြောင်းလိုင်းတွေ ၊ပြည်ပဝင်ရောက်မှုတွေ ၊ပြည်တွင်းခရီးသွားလာမှုတွေ စသဖြင့် လူစုလူဝေးဖြစ်စေမယ့်ကိစ္စတွေကို အစိုးရက တားမြစ်ခဲ့ပါတယ်။ဒါကြောင့် ဟိုတယ်လုပ်ငန်းတွေ ၊ခရီးသွားလုပ်ငန်းတွေဟာ ကိုဗစ် သက်ရောက်မှု ဆိုးကျိုးကို တိုက်ရိုက် ခံစားခဲ့ရပါတယ်။ တိုင်းဒေသကြီးထဲကဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကနေ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးမှုပြုလုပ်ပြီးနောက် ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။

Credit

Zawgyi

ဧရာဝတီတိုင္းအတြင္းက ကမ္းေျခေတြနဲ႔ ကမ္းေျခက ဟိုတယ္ေတြကို စစ္ေဆးမႈျပဳလုပ္ေနၿပီး ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ ေဆာင္႐ြက္ေနပါၿပီ။

လက္တေလာမွာေတာ့ အစိုးရက ကိုဗစ္ – ၁၉ ကာလ အမိန႔္ ၫႊန္ၾကားမႈအခ်ိဳ႕ကို ဇြန္လ ၁၅ ရက္ေန႔အထိ သက္တမ္းတိုးျမင့္ထားတာေၾကာင့္ ဒီ ၁၅ ရက္အတြင္း ေတာ့ ကမ္းေျခေတြနဲ႔ ကမ္းေျခက ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းေတြကို ဖြင့္လွစ္ေပးဖို႔မရွိဘူးလို႔သိရပါတယ္။ ” ေခ်ာင္းသာ၊ ေငြေဆာင္ ေဂၚရန္ဂ်ီစတဲ့ ကမ္းေျခေဒသေတြက ဟိုတယ္နဲ႔ တည္းခိုခန္းေတြကို စစ္ေဆးမႈေတြ မလုပ္ရေသးပါဘူး။တကယ္လို႔ စစ္ေဆးမႈေတြၿပီးစီးသြားရင္ေတာ့ ကမ္းေျခေတြကို ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ အစီအမံေတြ ေရးဆြဲလုပ္ေဆာင္ေနပါတယ္။”လို႔ ဧရာဝတီတိုင္း အစိုးရအဖြဲ႕မွ စည္ပင္သာယာေရးဝန္ႀကီး ဦးေက်ာ္ျမင့္က ေျပာပါတယ္။

ဧရာဝတီတိုင္းထဲမွာဆိုရင္ အမ်ားျပည္သူ အပန္းေျဖရန္ သြားလာမႈအမ်ားဆုံးျဖစ္တဲ့ခ်ာင္းသာကမ္းေျခ၊ ေငြေဆာင္၊ေဂၚရန္ဂ်ီ၊ ေ႐ႊေသာင္ယံစသျဖင့္ ကမ္းေျခေတြရွိေနပါတယ္။ကမ္းေျခေတြကို မတ္လ ၂၄ ရက္ေန႔ကတည္းက စတင္ပိတ္ခဲ့တာျဖစ္ၿပီး ပိတ္ထားစဥ္ကာလအတြင္း ဝန္ထမ္းေတြကို လစာတဝက္ပုံစံနဲ႔ နားခြင့္ေပးထားေၾကာင္း၊ လတ္တေလာမွာေတာ့ ကမ္းေျချပန္ဖြင့္ဖို႔ ၊ဟိုတယ္ေတြျပန္ဖြင့္ဖို႔ အစီအမံေတြေရးဆြဲထားတယ္လို႔ ေခ်ာင္းသာဟိုတယ္ဇုန္လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ဦးႏိုင္ဝင္းကေျပာပါတယ္။ “ျပန္ဖြင့္မယ့္အခ်ိန္အတိအက်ကေတာ့ မသိရေသးဘူး ။တိုင္းအစိုးရကလုပ္ငန္းစီမံခ်က္ေပါ့ ဖြင့္ဖို႔အတြက္ ကမ္းေျခ ဟိုတယ္နဲ႔ပတ္သက္လို႔ေတာ့ စိမံခ်က္ေတြတင္ထားတယ္။ျပန္ဖြင့္ရင္ က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ထားတဲ့ စည္းကမ္း ခ်က္ေတြအတိုင္း လုပ္သြားမွာပါ။ ျပန္ဖြင့္ႏိုင္ၿပီဆိုတဲ့အခ်ိန္ ထပ္ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ေတြ အေပၚလိုက္နာသြားမွာပါ။ကမ္းေျခကို အခ်ိန္အကန႔္အသတ္နဲ႔ ဖြင့္တာမ်ိဳးလည္း ထုတ္ျပန္ခ်က္မွာ ပါႏိုင္တယ္။ဟိုတယ္လုပ္ငန္းေတြထိခိုက္တာေပါ့”လို႔ ဦးႏိုင္ဝင္းကေျပာပါတယ္။

ေခ်ာင္းသာကမ္းေျခမွာဆိုရင္ ဟိုတယ္ ၃၉လုံး၊ တည္းခိုခန္း ၅၉လုံးနဲ႔ ေငြေဆာင္ကမ္းေျခမွာဆိုရင္ ဟိုတယ္ ၃၃လုံး၊ တည္းခိုခန္း ၄၆လုံးရွိၿပီးျဖစ္ပါတယ္။ ဒီကမ္းေျခေတြဟာ ျပည္တြင္းခရီးသြားဧည့္သည္သြားလာမႈ အမ်ားဆုံးျဖစ္ပါတယ္။ကိုဗစ္ျဖစ္တဲ့ကာလဟာ ျမန္မာႏိုင္ငံရဲ႕ခရီးသြားရာသီကာလ ျဖစ္လို႔ ဟိုတယ္ေတြအားလုံး ပိတ္ထားရပါတယ္။ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ ေလေၾကာင္းလိုင္းေတြ ၊ျပည္ပဝင္ေရာက္မႈေတြ ၊ျပည္တြင္းခရီးသြားလာမႈေတြ စသျဖင့္ လူစုလူေဝးျဖစ္ေစမယ့္ကိစၥေတြကို အစိုးရက တားျမစ္ခဲ့ပါတယ္။ဒါေၾကာင့္ ဟိုတယ္လုပ္ငန္းေတြ ၊ခရီးသြားလုပ္ငန္းေတြဟာ ကိုဗစ္ သက္ေရာက္မႈ ဆိုးက်ိဳးကို တိုက္႐ိုက္ ခံစားခဲ့ရပါတယ္။ တိုင္းေဒသႀကီးထဲကဟိုတယ္နဲ႔ တည္းခိုခန္းေတြကို ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ကေန က်န္းမာေရးဌာနရဲ႕ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ျခင္းရွိမရွိ စစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ ျပန္လည္ ဖြင့္လွစ္ခြင့္ ျပဳထားၿပီးျဖစ္တယ္လို႔သိရပါတယ္။

Credit

About the author

Aung Lay

Leave a Comment