ကျပ် ၁၃၇.၄၃၅ သန်း တန် သံစုံတီး ဝိုင်းဝယ်ယူ ရန် စီစဉ်ေ နသည့် ရန်ကုန်စည်ပင်
ရန် ကုန် အစိုးရလက်အောက်ခံ ရန်ကုန်စည်ပင်က သံစုံတီးဝိုင်းဝယ်ရန် ကျပ် ၁၃၇.၄၃၅ သန်းတောင်းခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဌာနက သံစုံတီးဝိုင်းဝယ်ရန်အတွက် ကျပ် သိန်း ၁၃၇၀ ကျော်(၁၃၇.၄၃၅သန်း) တောင်းခံထားကြောင်း
ယနေ့ဇွန် ၄ ရက်ကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းထားသည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် အတွက် ဌာနဆိုင်ရာအလိုက် တောင်းခံထားသည့်
လျာထားချက်ငွေစာရင်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဌာနမှတောင်းခံထား ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း
” ပြည်သူတွေ လိုအပ်ချက်အများကြီးရှိနေတဲ့အချိန်မှာ ဒီလို သံစုံတီးဝိုင်းသုံးသင့် မသုံးသင့် စဉ်းစားဖို့လိုပါတယ်။ ဒီလိုကိစ္စမျိုးတွေအတွက် ဌာနက တာဝန်ရှိသူအဆင့်ဆင့်သေချာစီစစ်ပြီးမှ လွှတ်တော်ကို တင်သင့် ကြောင်း အကြံပြုလိုပါတယ်။” ဟုပြောကြားခဲ့သည်။
ထို့အတူ သတ်မှတ်ဈေးနှုန်းများ, များပြားနေသည်ကိုလည်း တာဝန်ရှိသူများ ပြန်လည်သုံးသပ်ရန် အကြံပြုလိုကြောင်းပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းထားသည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက်
ဌာနဆိုင်ရာအလိုက် တောင်းခံထားသည့် လျာထားချက်ငွေစာရင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့သည်။
The Ladies News
Zawgyi
က်ပ္ ၁၃၇.၄၃၅ သန္း တန္ သံစုံတီး ဝုိင္းဝယ္ယူ ရန္ စီစဥ္ေ နသည့္ ရန္ကုန္စည္ပင္
ရန္ ကုန္ အစိုးရလက္ေအာက္ခံ ရန္ကုန္စည္ပင္က သံစုံတီးဝိုင္းဝယ္ရန္ က်ပ္ ၁၃၇.၄၃၅ သန္းေတာင္းခံ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ျပန္ၾကားေရးဌာနက သံစုံတီးဝိုင္းဝယ္ရန္အတြက္ က်ပ္ သိန္း ၁၃၇၀ ေက်ာ္(၁၃၇.၄၃၅သန္း) ေတာင္းခံထားေၾကာင္း
ယေန႔ဇြန္ ၄ ရက္ကျပဳလုပ္ခဲ့သည့္ ဒုတိယအႀကိမ္ေျမာက္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးမွ သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က လႊတ္ေတာ္သို႔တင္သြင္းထားသည့္ ၂၀၂၀ -၂၀၂၁ ဘ႑ာႏွစ္ အတြက္ ဌာနဆိုင္ရာအလိုက္ ေတာင္းခံထားသည့္
လ်ာထားခ်က္ေငြစာရင္း၌ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ျပန္ၾကားေရးဌာနမွေတာင္းခံထား ျခင္းျဖစ္သည္။ အဆိုပါကိစၥရပ္ႏွင့္ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ကန္႔ကြက္ခဲ့ၾကသည္။ ေက်ာက္တံတားၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၾကည္ျပာကလည္း
” ျပည္သူေတြ လိုအပ္ခ်က္အမ်ားႀကီးရွိေနတဲ့အခ်ိန္မွာ ဒီလို သံစုံတီးဝိုင္းသုံးသင့္ မသုံးသင့္ စဥ္းစားဖို႔လိုပါတယ္။ ဒီလိုကိစၥမ်ိဳးေတြအတြက္ ဌာနက တာဝန္ရွိသူအဆင့္ဆင့္ေသခ်ာစီစစ္ၿပီးမွ လႊတ္ေတာ္ကို တင္သင့္ ေၾကာင္း အႀကံျပဳလိုပါတယ္။” ဟုေျပာၾကားခဲ့သည္။
ထို႔အတူ သတ္မွတ္ေဈးႏႈန္းမ်ား, မ်ားျပားေနသည္ကိုလည္း တာဝန္ရွိသူမ်ား ျပန္လည္သုံးသပ္ရန္ အႀကံျပဳလိုေၾကာင္းေျပာၾကားခဲ့သည္။ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က လႊတ္ေတာ္သို႔တင္သြင္းထားသည့္ ၂၀၂၀ -၂၀၂၁ ဘ႑ာႏွစ္အတြက္
ဌာနဆိုင္ရာအလိုက္ ေတာင္းခံထားသည့္ လ်ာထားခ်က္ေငြစာရင္းႏွင့္ပတ္သက္၍ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ၉ ဦးက ေဆြးေႏြးခဲ့သည္။
The Ladies News