CID (မူခ င်းရဲတပ်ဖွဲ့)အား မအပ်ဘဲ သမ္မတ ကိုယ်တိုင် စစ်ေ ဆးမည့် အခွန်ဦးစီးအရာရှိ (၉)ဦး လာဘ်စားမှု
လ က်ထောက်ညွန်ကြားရေးမှုး (၉)ဦးအပါအဝင် ဦးစီးအရာရှိ အခွန်အရာရှိများပါဝင်ပြည်တွင်း အခွန်အရာရှိ ၂၈ ဦး လာဘ်စားမှုဖြင့် အရေးယူခံရ
ပြည်တွ င်းအခွန်များ ဦးစီးဌာနမှ အရာရှိ ၁၄ ဦးကို လာဘ်စားမှုဖြင့် ဝန်ထမ်းအဖြစ်မှ ချက်ချင်း ထုတ်ပစ် လိုက်ပြီး ကျန်အရာရှိ ၁၄ ဦးကိုလည်း ဆက်လက် အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိ ရသည်။ ဝန်ထမ်းအဖြစ်မှ အထုတ်ခံရသည့် ယင်းအရာရှိများ မှာရန်ကုန်တိုင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ၅ဦးနှင့်ဦးစီးအရာရှိ ၅ ဦး, မန္တလေးတိုင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ၃ ဦးနှင့် မော်လမြိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦးတို့ ဖြစ်ကြောင်း၊ ဌာနအပြောင်းခံရသူ အခွန်အရာရှိ ၇ ဦး၊ နုတ်ထွက်ခွင့်ပြုသူ အရာရှိ ၂ဦးအပါအဝင် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်နှ င့်အထက် တာဝန်ရှိသူ အရာရှိများကိုလည်း ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဝန် ထမ်းရေးရာဌာနမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီတခါ Case ကိုတော့ CID (မှုခင်းရဲတပ်ဖွဲ့) ကို မလွှဲဘူး။နေပြည်တော်က တိုက်ရိုက်ဆင်းပြီး စုံစမ်းသွားတာ။ အခု နောက်ပိုင်း အခွန်ကိစ္စတွေကို ဘယ်အဖွဲ့အစည်းက စုံစမ်းရမယ်ဆိုတာ တိတိကျကျ မရှိသေးဘူး” ဟု ရန်ကုန်မြို့ အင်းစိန် CIDမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ စီးပွားရေး လုပ်ငန်းရှင်များသည် လုပ်ငန်းနှင့်ပတ်သက်သော အခွန်အခများကို အပြည့်အဝမထမ်းဆောင် လိုသောကြောင့် အခွန်ဝန်ထမ်းများနှင့် ညှိနှိုင်းကာ နားလည်မှုဖြင့် ထမ်းဆောင်ရမည့် အခွန်နှုန်းထား အပြည့် မပေးတော့ဘဲတဝက် သို့မဟုတ် နှုန်းထားတခုသာ ပေးဆောင်ပြီးအခွန်ဝန်ထမ်းကို ငွေကြေး လာဘ်ထိုးခြင်းဖြင့်အခွန်ရှောင်လေ့ရှိကြောင်း ၎င်းက ပြောသည်။ အခွန်အရာရှိများသည် အခွန်စည်းကြပ် ကောက်ခံရာတွင်အပြည့်အ၀ ကောက်ယူခြင်းမရှိဘဲ နားလည်မြူ့ဖင့် အခွန်လျှော့ ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်တွင်း အခွန်ဦးစီးဌာန အောက်ခြေဝန်ထမ်းများက နေပြည်တော်သို့ တိုင်ကြားခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ယခုကဲ့သို့နိုင်ငံတော် အခွန်ဘဏ္ဍာ ဆုံးရှုံးစေမှုဖြင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အထုတ်ခံရတဲ့ သူတွေကတော့ ဘယ်ဌာန ဘယ်ကုမ္ပဏီမှာမှ အလုပ်ဝင်လို့ ရမှာ မဟုတ်ပါဘူး။ သူတို့က ဝန်ထမ်းအဖြစ်က အထုတ်ခံရတာပေါ့။ ရာထူးကနေ အထုတ်ခံရရင်တော့ တခြားဌာန တခုခုမှာ အလုပ်ပြန်ဝင်လို့ ရပါတယ်။ အခုက ဝန်ထမ်းအဖြစ်က ထုတ်ပစ်လိုက်တာဆိုတော့ အမြင့်ဆုံး ပြစ်ဒဏ်ပဲ” ဟု နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန ဝန်ထမ်းရေးရာဌာနမှ အကြီးတန်းအရာရှိက ပြောသည်။ အခွန်ဌာနမှ ဝန်ထမ်းတချို့ လာဘ်ယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ အရေးယူမှုကို ကြိုဆိုကြောင်း၊ လာဘ်ပေးလာဘ်ယူဟု ဆိုရာတွင် လာဘ်ယူသူကိုသာမက လာဘ်ပေးသူကိုပါ အရေးယူသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေး ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
“အခွန်က လူတွေက လုပ်ငန်းတခုကို အခွန်ဆောင်ခိုင်းတဲ့အခါ သတ်မှတ်နှုန်းထက် ပိုတောင်းတယ်။ ဥပမာ သိန်း ၁၀၀ ကျရင်၂၀၀ တောင်းတယ်။ ဆောင်ရမယ့်လူကလည်း သူဆောင်ရမယ့်နှုန်းထက် ပိုများနေတော့ မဆောင်ချင်ဘူး။ မဆောင်ချင်ရင် ညှိခိုင်းတယ်။ ပိုက်ဆံယူတာပေါ့။ အခုလို လုပ်ကြတော့ နိုင်ငံတော်က သန်း ၁ ထောင်ရမယ့်ဟာ သန်း ၁၀၀ လောက်ပဲ ရတော့မှာ။ အဓိကကတော့ ခေါင်လုံဖို့လိုတယ်။ ခေါင်လုံရင် အောက်ခြေကို ရှင်းလို့ရပြီ။ အခု ဝန်ကြီးဌာနကလည်း ပညာရှင်တွေစကား နားထောင်လာတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာမျိုးတွေလည်း နားထောင်လာတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း တရားမဝင် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမဝင် ထုတ်ယူခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ၊ ဌာနပြောင်း စသည့် အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း ရန်ကုန်ဆိပ်ကမ်းတွင် ရောက်ရှိသော မော်တော်ကားများကို ထုတ်ယူရာတွင် လာဘ်ပေးလာဘဘ်ယူမှုများ ပါဝင်ပတ်သက်ခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးကို ဘဏ္ဍာရေး ဝန်ကြီးဌာနက မယူမနေရ အငြိမ်းစားပေး အရေးယူခဲ့သည်။
ဧရာဝတီ
အထွေထွေအွန်လိုင်းသတင်းများ
Zawgyi
CID (မူခ င္းရဲတပ္ဖြဲ႕)အား မအပ္ဘဲ သမၼတ ကိုယ္တုိင္ စစ္ေ ဆးမည့္ အခြန္ဦးစီးအရာရွိ (၉)ဦး လာဘ္စားမႈ
လ က္ေထာက္ညြန္ၾကားေရးမွုး (၉)ဦးအပါအဝင္ ဦးစီးအရာရွိ အခြန္အရာရွိမ်ားပါဝင္ျပည္တြင္း အခြန္အရာရွိ ၂၈ ဦး လာဘ္စားမွုျဖင့္ အေရးယူခံရ
ျပည္တြ င္းအခြန္မ်ား ဦးစီးဌာနမွ အရာရွိ ၁၄ ဦးကို လာဘ္စားမွုျဖင့္ ၀န္ထမ္းအျဖစ္မွ ခ်က္ခ်င္း ထုတ္ပစ္ လိုက္ၿပီး က်န္အရာရွိ ၁၄ ဦးကိုလည္း ဆက္လက္ အေရးယူသြားရန္ စီစဥ္လ်က္ရွိေၾကာင္း စုံစမ္းသိရွိ ရသည္။ ၀န္ထမ္းအျဖစ္မွ အထုတ္ခံရသည့္ ယင္းအရာရွိမ်ား မွာရန္ကုန္တိုင္းမွ လက္ေထာက္ညႊန္ၾကားေရးမွူး ၅ဦးႏွင့္ဦးစီးအရာရွိ ၅ ဦး, မႏၲေလးတိုင္းမွ လက္ေထာက္ ညႊန္ၾကားေရးမွူး ၃ ဦးႏွင့္ ေမာ္လၿမိဳင္မွ လက္ေထာက္ညႊန္ၾကားေရးမွူး ၁ ဦးတို့ ျဖစ္ေၾကာင္း၊ ဌာနအေျပာင္းခံရသူ အခြန္အရာရွိ ၇ ဦး၊ ႏုတ္ထြက္ခြင့္ျပဳသူ အရာရွိ ၂ဦးအပါအ၀င္ လက္ေထာက္ ညႊန္ၾကားေရးမွူးအဆင့္ႏွ င့္အထက္ တာ၀န္ရွိသူ အရာရွိမ်ားကိုလည္း ဆက္တိုက္ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ၀န္ ထမ္းေရးရာဌာနမွ အႀကီးတန္း အရာရွိတဦးက ဧရာ၀တီသို့ ေျပာသည္။
“ဒီတခါ Case ကိုေတာ့ CID (မွုခင္းရဲတပ္ဖြဲ႕) ကို မလႊဲဘူး။ေနျပည္ေတာ္က တိုက္ရိုက္ဆင္းၿပီး စုံစမ္းသြားတာ။ အခု ေနာက္ပိုင္း အခြန္ကိစၥေတြကို ဘယ္အဖြဲ႕အစည္းက စုံစမ္းရမယ္ဆိုတာ တိတိက်က် မရွိေသးဘူး” ဟု ရန္ကုန္ၿမိဳ့ အင္းစိန္ CIDမွ ရဲအရာရွိတစ္ဦးက ဆိုသည္။ စီးပြားေရး လုပ္ငန္းရွင္မ်ားသည္ လုပ္ငန္းႏွင့္ပတ္သက္ေသာ အခြန္အခမ်ားကို အျပည့္အ၀မထမ္းေဆာင္ လိုေသာေၾကာင့္ အခြန္၀န္ထမ္းမ်ားႏွင့္ ညႇိႏွိုင္းကာ နားလည္မွုျဖင့္ ထမ္းေဆာင္ရမည့္ အခြန္ႏွုန္းထား အျပည့္ မေပးေတာ့ဘဲတ၀က္ သို့မဟုတ္ ႏွုန္းထားတခုသာ ေပးေဆာင္ၿပီးအခြန္၀န္ထမ္းကို ေငြေၾကး လာဘ္ထိုးျခင္းျဖင့္အခြန္ေရွာင္ေလ့ရွိေၾကာင္း ၎က ေျပာသည္။ အခြန္အရာရွိမ်ားသည္ အခြန္စည္းၾကပ္ ေကာက္ခံရာတြင္အျပည့္အ၀ ေကာက္ယူျခင္းမရွိဘဲ နားလည္ျမဴ႕ဖင့္ အခြန္ေလၽွာ့ ေကာက္ခံျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း၊ ျပည္တြင္း အခြန္ဦးစီးဌာန ေအာက္ေျခ၀န္ထမ္းမ်ားက ေနျပည္ေတာ္သို့ တိုင္ၾကားခဲ့ေသာေၾကာင့္ စုံစမ္းစစ္ေဆးမွုမ်ား ျပဳလုပ္ၿပီး ယခုကဲ့သို့နိုင္ငံေတာ္ အခြန္ဘ႑ာ ဆုံးရွုံးေစမွုျဖင့္ အေရးယူလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
“အထုတ္ခံရတဲ့ သူေတြကေတာ့ ဘယ္ဌာန ဘယ္ကုမၸဏီမွာမွ အလုပ္၀င္လို့ ရမွာ မဟုတ္ပါဘူး။ သူတို့က ၀န္ထမ္းအျဖစ္က အထုတ္ခံရတာေပါ့။ ရာထူးကေန အထုတ္ခံရရင္ေတာ့ တျခားဌာန တခုခုမွာ အလုပ္ျပန္၀င္လို့ ရပါတယ္။ အခုက ၀န္ထမ္းအျဖစ္က ထုတ္ပစ္လိုက္တာဆိုေတာ့ အျမင့္ဆုံး ျပစ္ဒဏ္ပဲ” ဟု ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန ၀န္ထမ္းေရးရာဌာနမွ အႀကီးတန္းအရာရွိက ေျပာသည္။ အခြန္ဌာနမွ ၀န္ထမ္းတခ်ိဳ့ လာဘ္ယူေနသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီ ျဖစ္ေသာေၾကာင့္ ယခုကဲ့သို့ အေရးယူမွုကို ႀကိဳဆိုေၾကာင္း၊ လာဘ္ေပးလာဘ္ယူဟု ဆိုရာတြင္ လာဘ္ယူသူကိုသာမက လာဘ္ေပးသူကိုပါ အေရးယူသင့္ေၾကာင္း ဘ႑ာေရး၀န္ႀကီးဌာန အႀကံေပး ကေမၻာဇဘဏ္ ဒု ဥကၠ႒ ဦးသန္းလြင္က ေျပာသည္။
“အခြန္က လူေတြက လုပ္ငန္းတခုကို အခြန္ေဆာင္ခိုင္းတဲ့အခါ သတ္မွတ္ႏွုန္းထက္ ပိုေတာင္းတယ္။ ဥပမာ သိန္း ၁၀၀ က်ရင္၂၀၀ ေတာင္းတယ္။ ေဆာင္ရမယ့္လူကလည္း သူေဆာင္ရမယ့္ႏွုန္းထက္ ပိုမ်ားေနေတာ့ မေဆာင္ခ်င္ဘူး။ မေဆာင္ခ်င္ရင္ ညႇိခိုင္းတယ္။ ပိုက္ဆံယူတာေပါ့။ အခုလို လုပ္ၾကေတာ့ နိုင္ငံေတာ္က သန္း ၁ ေထာင္ရမယ့္ဟာ သန္း ၁၀၀ ေလာက္ပဲ ရေတာ့မွာ။ အဓိကကေတာ့ ေခါင္လုံဖို့လိုတယ္။ ေခါင္လုံရင္ ေအာက္ေျခကို ရွင္းလို့ရၿပီ။ အခု ၀န္ႀကီးဌာနကလည္း ပညာရွင္ေတြစကား နားေထာင္လာတယ္။ ဘယ္လို လုပ္သင့္တယ္ ဆိုတာမ်ိဳးေတြလည္း နားေထာင္လာတယ္” ဟု ၎က ဆိုသည္။
၂၀၁၂ ခုႏွစ္၊ ဇြန္လအတြင္းကလည္း တရားမ၀င္ လိုင္စင္မဲ့ကားမ်ားကို ဆိပ္ကမ္းမ်ားမွ တရားမ၀င္ ထုတ္ယူခြင့္ျပဳျခင္းႏွင့္ ပတ္သက္ၿပီး စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ ၀န္ထမ္း ၅ ဦး၊ အေကာက္ခြန္ ဦးစီးဌာနမွ ၃၃ ဦး၊ ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္အဖြဲ႕မွ ၀န္ထမ္း ၅ ဦး စုစုေပါင္း ၄၃ ဦးကို အလုပ္မွ ထုတ္ပယ္ျခင္း၊ ရာထူးခ်၊ ဌာနေျပာင္း စသည့္ အေရးယူျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီ လဆန္းပိုင္းကလည္း ရန္ကုန္ဆိပ္ကမ္းတြင္ ေရာက္ရွိေသာ ေမာ္ေတာ္ကားမ်ားကို ထုတ္ယူရာတြင္ လာဘ္ေပးလာဘဘ္ယူမွုမ်ား ပါ၀င္ပတ္သက္ခဲ့ေသာ အေကာက္ခြန္ ဦးစီးဌာနမွ ဝန္ထမ္း ၁၆ ဦးကို ဘ႑ာေရး ၀န္ႀကီးဌာနက မယူမေနရ အၿငိမ္းစားေပး အေရးယူခဲ့သည္။
ဧရာဝတီ
အေထြေထြအြန္လိုင္းသတင္းမ်ား