ရန်ကုန် က လူတွေ YBS မစီး ဘဲ ပိုက်ဆံ အကုန်ခံပြီး တက္က စီ စီးရတဲ့ အကြောင်းအရင်း
ပြည် သူ့ သွားလာရေး လမ်းကြောင်းတွေ (public Transports) တွေမှာ ရည်ရွယ်ချက် ၄ရပ် ရှိတတ်တယ်။
(၁) လုံခြုံဖို့၊ (၂) တွက်ချေကိုက်ဖို့၊ (၃) သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ဖို့၊ (၄) (ကျန်တဲ့ အရေးတွေနဲ့) သဟဇာတ ဖြစ်ဖို့
(၁) လုံခြုံဖို့ ဆိုရာမှာ မတော်တဆ ထိခိုက်မှုတွေ accidents လျော့ချဖို့နဲ့၊ ဘေးအန္တရာယ်ကင်းဖို့ ပါဝင်ပါတယ်။ (၂) တွက်ချေကိုက်ဖို့ ဆိုတာမှာ ပြည်သူ့ဘဏ္ဍာတွေ သက်သာဖို့၊ ယာဉ်ပိုင်ရှင် service provider ရော၊ စီးနင်းသူ ပြည်သူရော စီးပွားရေး တွက်ချေကိုက်ဖို့၊ ခရီးသွားလာမှု စွမ်းဆောင်ရည်အရတွက်ချေကိုက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။
(၃) သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ဖို့ ဆိုတာက ဆူညံမှု လျော့ချတာ၊ လေထု ညစ်ညမ်းမှု လျော့ချတာ၊ ဖန်လုံအိမ် ဓာတ်ငွေ့လျော့ချတာ၊ စတာတွေ အများကြီးပါပါတယ်။ (၄) သဟဇာတ ဖြစ်ဖို့ ဆိုတာ တခြား လူထု သွားလာရေး လမ်းကြောင်းတွေအပြင် မူဝါဒတွေနဲ့ပါ သဟဇာတ ဖြစ်ဖို့ပါ။
ရန်ကုန် YBS ဟာ မထသရဲ့ ရိုင်းစိုင်းမှု၊ ပြည်သူအဆင်မပြေ ဖြစ်မှုတွေကို ပြောင်းလဲဖို့ လုပ်ခဲ့တာ ဆိုပေမယ့် အလောတကြီးပြောင်းခဲ့တာ၊ အဆင်သင့် မဖြစ်ခဲ့တာတွေ အပြင် လူဟောင်းတွေကနေ မခွာနိုင်တာ၊ ကိုယ်ရကိုယ်ယူ စနစ်ကို မတိုက်ဖျက်နိုင်တာကြောင့် ထင်သလောက် မအောင်မြင်ဘူးပြောရင် တချို့လော်ဘီတွေက လာဆဲကြပါတယ်။ မတတ်နိုင်ပါ။
YBS စပြောင်းတုန်းက ပြည်သူ ကူညီတဲ့အင်အားဟာ ကြောက်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် သုံးလအတွင်းလို့ ပြောခဲ့တဲ့ ကတ်စနစ် ဖြစ်မဖြစ်၊ အခု ပြည်သူ ကတ်တွေနဲ့ စီးနေရ မနေရ၊ စီးရပြီဆိုရင် ကားစီးသူ ဆယ်ယောက်မှာ ဘယ်နှစ်ယောက် ကတ်သုံးနေပြီလဲ ဆိုတဲ့ အင်ဒီကေတာနဲ့ ချိန်ကြည့်ပါ။ YBS ကားကြီး အဲကွန်းအေးလိုက်တာ ဆိုတာ ပြောမယ့်အစား သွားလိုရာကို အချိန်ဘယ်လောက်အတွင်း ရောက်သလဲ၊ လူတယောက် ပျမ်းမျှ ကားစောင့်ချိန် ဘယ်လောက်လဲနဲ့ ချိန်ကြည့်ပါ။
ရန်ကုန်မှာ ကားနဲ့ ခရီးသွားသူ ပျမ်းမျှ ၄ သိန်း ၇ သောင်းရှိတယ်။ လေးသိန်းပဲထားပါ။ လူတယောက်ကို တနေ့ တနာရီ နောက်ကျရင် နာရီလေးသိန်း ရှိတယ်။ နှစ်ပေါင်း ၄၅ နှစ် ရှိတယ်။ တရက် ပျမ်းမျှ လုပ်ခ ၄၈၀၀ နဲ့ တွက်ရင် သိန်းပေါင်း ၇၉၀ ဆုံးရှုံးနေရတယ်။ ဒါ လူတယောက် တနာရီ နောက်ကျတာနဲ့ တွက်ကြည့်တာပါ။ အများပြည်သူ လုံခြုံမှု၊ စီးပွားရေး တွက်ချေကိုက်မှုတွေနဲ့ တွက်ကြည့်ပါ။
ဘတ်စကားမစီးပဲ ဘာလို့ တက်စ်စီ စီးကြသလဲ။ ငွေ ၂၀၀ နဲ့ သုံးလေးထောင် ဘာလို့ လဲကြသလဲ။ အဖြေက ဘာ့ကြောင့်လဲ?
သက္ကမိုးညို
Zawgyi
ရန္ကုန္ က လူေတြ YBS မစီး ဘဲ ပုိက္ဆံ အကုန္ခံၿပီး တကၠ စီ စီးရတဲ့ အေၾကာင္းအရင္း
ျပည္ သူ႔ သြားလာေရး လမ္းေၾကာင္းေတြ (public Transports) ေတြမွာ ရည္႐ြယ္ခ်က္ ၄ရပ္ ရွိတတ္တယ္။
(၁) လုံၿခဳံဖို႔၊ (၂) တြက္ေခ်ကိုက္ဖို႔၊ (၃) သဘာ၀ ပတ္ဝန္းက်င္ မထိခိုက္ဖို႔၊ (၄) (က်န္တဲ့ အေရးေတြနဲ႔) သဟဇာတ ျဖစ္ဖို႔
(၁) လုံၿခဳံဖို႔ ဆိုရာမွာ မေတာ္တဆ ထိခိုက္မႈေတြ accidents ေလ်ာ့ခ်ဖို႔နဲ႔၊ ေဘးအႏၲရာယ္ကင္းဖို႔ ပါဝင္ပါတယ္။ (၂) တြက္ေခ်ကိုက္ဖို႔ ဆိုတာမွာ ျပည္သူ႔ဘ႑ာေတြ သက္သာဖို႔၊ ယာဥ္ပိုင္ရွင္ service provider ေရာ၊ စီးနင္းသူ ျပည္သူေရာ စီးပြားေရး တြက္ေခ်ကိုက္ဖို႔၊ ခရီးသြားလာမႈ စြမ္းေဆာင္ရည္အရတြက္ေခ်ကိုက္ဖို႔ ဆိုတာေတြ ပါဝင္ပါတယ္။
(၃) သဘာ၀ ပတ္ဝန္းက်င္ မထိခိုက္ဖို႔ ဆိုတာက ဆူညံမႈ ေလ်ာ့ခ်တာ၊ ေလထု ညစ္ညမ္းမႈ ေလ်ာ့ခ်တာ၊ ဖန္လုံအိမ္ ဓာတ္ေငြ႕ေလ်ာ့ခ်တာ၊ စတာေတြ အမ်ားႀကီးပါပါတယ္။ (၄) သဟဇာတ ျဖစ္ဖို႔ ဆိုတာ တျခား လူထု သြားလာေရး လမ္းေၾကာင္းေတြအျပင္ မူဝါဒေတြနဲ႔ပါ သဟဇာတ ျဖစ္ဖို႔ပါ။
ရန္ကုန္ YBS ဟာ မထသရဲ႕ ႐ိုင္းစိုင္းမႈ၊ ျပည္သူအဆင္မေျပ ျဖစ္မႈေတြကို ေျပာင္းလဲဖို႔ လုပ္ခဲ့တာ ဆိုေပမယ့္ အေလာတႀကီးေျပာင္းခဲ့တာ၊ အဆင္သင့္ မျဖစ္ခဲ့တာေတြ အျပင္ လူေဟာင္းေတြကေန မခြာႏိုင္တာ၊ ကိုယ္ရကိုယ္ယူ စနစ္ကို မတိုက္ဖ်က္ႏိုင္တာေၾကာင့္ ထင္သေလာက္ မေအာင္ျမင္ဘူးေျပာရင္ တခ်ိဳ႕ေလာ္ဘီေတြက လာဆဲၾကပါတယ္။ မတတ္ႏိုင္ပါ။
YBS စေျပာင္းတုန္းက ျပည္သူ ကူညီတဲ့အင္အားဟာ ေၾကာက္ဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ သုံးလအတြင္းလို႔ ေျပာခဲ့တဲ့ ကတ္စနစ္ ျဖစ္မျဖစ္၊ အခု ျပည္သူ ကတ္ေတြနဲ႔ စီးေနရ မေနရ၊ စီးရၿပီဆိုရင္ ကားစီးသူ ဆယ္ေယာက္မွာ ဘယ္ႏွစ္ေယာက္ ကတ္သုံးေနၿပီလဲ ဆိုတဲ့ အင္ဒီေကတာနဲ႔ ခ်ိန္ၾကည့္ပါ။ YBS ကားႀကီး အဲကြန္းေအးလိုက္တာ ဆိုတာ ေျပာမယ့္အစား သြားလိုရာကို အခ်ိန္ဘယ္ေလာက္အတြင္း ေရာက္သလဲ၊ လူတေယာက္ ပ်မ္းမွ် ကားေစာင့္ခ်ိန္ ဘယ္ေလာက္လဲနဲ႔ ခ်ိန္ၾကည့္ပါ။
ရန္ကုန္မွာ ကားနဲ႔ ခရီးသြားသူ ပ်မ္းမွ် ၄ သိန္း ၇ ေသာင္းရွိတယ္။ ေလးသိန္းပဲထားပါ။ လူတေယာက္ကို တေန႔ တနာရီ ေနာက္က်ရင္ နာရီေလးသိန္း ရွိတယ္။ ႏွစ္ေပါင္း ၄၅ ႏွစ္ ရွိတယ္။ တရက္ ပ်မ္းမွ် လုပ္ခ ၄၈၀၀ နဲ႔ တြက္ရင္ သိန္းေပါင္း ၇၉၀ ဆုံးရႈံးေနရတယ္။ ဒါ လူတေယာက္ တနာရီ ေနာက္က်တာနဲ႔ တြက္ၾကည့္တာပါ။ အမ်ားျပည္သူ လုံၿခဳံမႈ၊ စီးပြားေရး တြက္ေခ်ကိုက္မႈေတြနဲ႔ တြက္ၾကည့္ပါ။
ဘတ္စကားမစီးပဲ ဘာလို႔ တက္စ္စီ စီးၾကသလဲ။ ေငြ ၂၀၀ နဲ႔ သုံးေလးေထာင္ ဘာလို႔ လဲၾကသလဲ။ အေျဖက ဘာ့ေၾကာင့္လဲ?
သကၠမုိးညဳိ