ၾကားသိရသမ်ွ

စည်းကမ်း မလိုက်နာဘဲ ပုဂံညောင်ဦး ဘုရားဖူး ထွက်လာကြသူများကို စစ်ဆေးမေးမြန်းရာ…

Written by Aung Lay





ဓါတ်ပုံ – ကိုဆော် ‘(ပုဂံ)

Unicode

၂၅.၄.၂၀၂၀ ဆင်ဖြုကျွန်းမြို့မှ ပုဂံညောင်ဦးမြို့သို့ထွက်ခွာလာ သော ယာဉ်တစ်စီးအား ကျန်းမာရေးစစ်ဆေးရန် အတွက်ရပ်တန့်ပေးရန် စစ်ဆေးရေးအဖွဲ့မှတားမြစ် ခဲ့၍ ရပ်တန့်ပေးပါသည်။

သို့သော်ထိုယာဉ်ပေါ်ပါခရီးသွားအဖွဲ့အားအောက် သို့ခေတ္တခဏဆင်းခိုင်းခဲ့ရာထိုခရီးသွားအဖွဲ့အား လူဦးရေး စစ်ကြည့်ရာ လူဦးရေး (၁၆)ယောက်တင် ဆောင်လာသည်ကိုစစ်ဆေးတွေ့ရှိ၍ ထိုအဖွဲ့အား ဘယ်ကိုသွားမှလဲဟုမေးမြန်ရာ

ပုဂံညောင်ဦးမြို့ ဘုရားစေတီပုထိုးများလာရောက်ဖူးမျော်ရခြင်း ဖြစ်ပါသည်ဟုပြောဆိုရာ ကျန်းမာရေးစစ်ဆေးရေး အဖွဲ့မှ ယခုလို လူဦးရေးများသဖြင့် မြို့အတွင်းသို့ ဝင်ခွင့်မရကြောင်း မြို့အတွင်းသို့ဝင်ရောက်ဘုရား များဖူးမျော်လိုပါက တစ်ခြားယာဉ်များဌားပြီး လူဦးရေး (၄)ဦးသားခွဲသွားရမှာဖြစ်ပြီး ယခုကဲ့သို့ အစုလိုက်သွား၍မရကြောင်းပြောဆိုသည်နှင့် ခရီးသွားမိသားစုအဖွဲ့ မှဤသို့ဆိုလည် နောက်ပြန်လှည့်ပြီး ပြန်တော့မည်ဟုပြောပြီး ပြန်လှည့်သွားကြ ပါသည်။

သို့ပါ၍ ပုဂံညောင်ဦးမြို့အတွင်းသို့ မည်သည့်ကိစွ နှင့်မဆိုလာရောက်မည်ဆိုပါက မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ထားသည့်စည်းကမ်း ချက်များနှင့်အညီ ယာဉ်မောင်းအပါ လူဦးရေး(၄)ဦး သာခွင့်ပြုထားသည်ဖြစ်သည့်အတွက်ကြောင့် မိဘပြည်သူများသိရှိနိုင်ပါရန်စေတနာမေတ္တာဖြင့်အသိပေးတင်ပြလိုက်ရပါသည်။

Credit : ကိုဆော် ‘(ပုဂံ)

About the author

Aung Lay

Leave a Comment