ဘုရားနဲ့ သံဃာတော်တွေကို သောက်တော်ရေကပ်လှူချင်ပါတယ်”ဆိုပြီး ဘုန်းဘုန်း
ညွှန်ပြတဲ့နေရာကို တူးလိုက်တဲ့အခါ(ရုပ်သံ)
ခရမ်း သုံးခွမြို့နယ်များအတွင်း နွေရာသီရေကန်များခနိးခြောက်ပျက်စီးလာသဖြင့် ဦးထွန်းထွန်းဦး(ရှင်သန်)အဖွဲ့ မှ
နာယက ဘုန်းဘုန်းကြီးကို လျှောက်ထားသဖြင့် လှူဒါန်းထားသောရေကန်တူးဖော်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသောပင်လယ်နှင့် ၃ဖာလုံသာဝေးသည့်ဘိုကလေးကျေးရွာရေကန်သို့ ကြွရောက်တော်မူသည်။
ဘုန်းဘုန်းကြီးက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးနေသော ရန်ကုန်တောင်ပိုင်းခရိုင်မှူး ကိုခေါ် ၍ ရေထွက်ချင်လားဟုမေးသောအခါ
ခရိုင်မှူးက ရေထွက်ချင်ပါတယ်ဟု ပြန်ပြီး လျှောက်ထားသဖြင့် ဘုန်းဘုန်း ကဘုရား နှင့် သံဃာတော်များကို သောက်တော်ရေကပ်လှူချင်ပါတယ်ဟု “မြေဖုတ်ဘီလူး” ကိုပြောလိုက် ပြီး ဘုန်းဘုန်းညွှန်ပြတယ့်နေရာကိုတူးလိုက်ပါလို့မိန့်ပါတယ်။
မြေတူးသမားက ညွှန်ပြတယ့်နေရာကို ၁၀မိနစ်နီးပါးခန့်တူးဖော်ပြီး အနက်၁၇ပေလောက်အရောက်မှာစမ်းရေများထွက်ပါတယ် စမ်းရေကို ဘုန်းဘုန်းကြီး အား ကပ်သောအခါ၌ ရေကချိုပြီး မြေနံ့ဆိုးမရှိတာကိုသိရပါတယ် နောက် ၁၀/၁၅မိနစ်အကြာမှာ ရေများတဖြည်းဖြည်းထွက်လာပါတော့တယ်ဗျာကုသိုလ်များ၏ သဒ္ဓါတရားအစွမ်း၊ ဘုရားနှင့် သံဃာတော်များကို ကပ်လှူပူဇော်ပေးခြင်း စသောကုသိုလ်စိတ်များကြောင့် ယနေ့အတွက် အလွန်ပင်ဝမ်းသာပိတီဖြစ်မိပါတယ်။
ကုသိုလ် အားလုံးကိုလည်း အမျှပေးဝေပါတယ် အားလုံးလည်း ထပ်တူရကြပါစေ။
ကန် တူးဖော်ဖို့အတွက် မြေအလှူပေးလှူသော ကုသိုလ်ရှင်များ နှင့် ရွာသူရွာသားအပေါင်းကလည်း အမျှပေး၍ ဝမ်းမြောက် သာဓု ခေါ်ဆိုပါသည်။
သာဓု သာဓု သာဓု ##Okkar Thein
Zawgyi