ပရိသတ္ႀကီးေရ ေသာ့ေပါင္း ၁၃ ေခ်ာင္းကိုေက်ာ္ျဖတ္ၿပီးမွ ပူေဇာ္ကန္ေတာ့ခြင့္ရမဲ့ ေရွးေဟာင္းေ႐ႊဆင္းတုဘုရား အေၾကာင္းေလးကို ဖူးေျမာ္ရေအာင္ ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္…
မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္က မအူ႐ြာ (အလယ္)ရဲ႕ အေမြအႏွစ္ေတြထဲကတစ္ခု။ ေသာ့ေပါင္း ၁၃ ေခ်ာင္းကို
ေက်ာ္ျဖတ္ၿပီးမွ ေ႐ႊဆင္းတုဘုရားကို ပူေဇာ္ကန္ေတာ့ခြင့္ရမယ္။
ဘုရားကို ဖူးေျမာ္ဖို႔ဆိုရင္ ေဂါပက ၅ေယာက္ဆုံၿပီး ေသာ့ငါးေခ်ာင္းနဲ႔ပထမတဆင့္ကိုဖြင့္ၿပီးမွ ဒုတိယတံခါးက
ေသာ့သုံးေခ်ာင္း ကိုထပ္ဖြင့္ အဲ့လိုဖြင့္ၿပီးမွ ဘုရားရွင္ စံျမန္းတဲ့ မီးခံေသတၱာဆီေရာက္တယ္။
အႀကိဳက္ဆုံးကေတာ့ ပထမဆုံးပုံမွာ ျပထားတဲ့ မီးခံေသတၱာတံခါး။ ေရွးတံခါး ေသာ့ငါးေခ်ာင္းလုံး ထည့္ၿပီးမွ lock ေတြ တစ္ခုျခင္းလိုက္လွည့္ၿပီအားလုံးစုံမွပြင့္တာႏွစ္ေပါင္းမ်ားစြာၾကာၿပီ ခုထိမပ်က္မစီးက်န္တယ္။
သုံးလို႔လဲရတယ္။ တကယ့္စက္မႈအေမြအႏွစ္တစ္ခုပဲ။ က်ေနာ္တို႔ဖူးႏိုင္ဖို႔ အတြက္ ငါးေယာက္လုံးစုံေအာင္ စုေဝးရင္း အလုပ္ရႈပ္သြားခဲ့ရတဲ့ ေဂါပကလူႀကီးမင္းမ်ားကို ေက်းဇူးအထူးတင္ပါတယ္။
Source ; ေလာကသုတ
Unicode
ပရိသတ်ကြီးရေ သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရား အကြောင်းလေးကို ဖူးမြော်ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်…
မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရဲ့ အမွေအနှစ်တွေထဲကတစ်ခု။ သော့ပေါင်း ၁၃ ချောင်းကို
ကျော်ဖြတ်ပြီးမှ ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရမယ်။
ဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက ၅ယောက်ဆုံပြီး သော့ငါးချောင်းနဲ့ပထမတဆင့်ကိုဖွင့်ပြီးမှ ဒုတိယတံခါးက
သော့သုံးချောင်း ကိုထပ်ဖွင့် အဲ့လိုဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့ မီးခံသေတ္တာဆီရောက်တယ်။
အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့ မီးခံသေတ္တာတံခါး။ ရှေးတံခါး သော့ငါးချောင်းလုံး ထည့်ပြီးမှ lock တွေ တစ်ခုခြင်းလိုက်လှည့်ပြီအားလုံးစုံမှပွင့်တာနှစ်ပေါင်းများစွာကြာပြီ ခုထိမပျက်မစီးကျန်တယ်။
သုံးလို့လဲရတယ်။ တကယ့်စက်မှုအမွေအနှစ်တစ်ခုပဲ။ ကျနော်တို့ဖူးနိုင်ဖို့ အတွက် ငါးယောက်လုံးစုံအောင် စုဝေးရင်း အလုပ်ရှုပ်သွားခဲ့ရတဲ့ ဂေါပကလူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ်။
Source ; လောကသုတ