Knowledge

facebook ပေါ်မှ လိမ်နည်းအသစ်အကြောင်းလေး

Written by Aung Lay

လိမ်နည်းအသစ်အကြောင်းပြောပြမလို့

သူက အွန်းလိုင်းရှော့ပင်းသမားတွေကို အဓိကပစ်မှတ်ထားတယ်ဗျာ။ ပထမဆုံး OS group ထဲဝင်ရမယ် အော်ဒါတင်ပေးရမယ်သုံးသောင်းသွင်းရမယ်နေ့တိုင်းပို့စ်တင်ပေးရမယ် အော်ဒါရရ မရရပို့စ်တစ်ခုကို နှစ်ရာရမယ် ပို့စ်ငါးခုကို တစ်ထောင်ရမယ် ။ဆိုတော့အနည်းဆုံး တစ်လသုံးသောင်းရမယ်အရင်းကြေပြီ ထပ်သွင်းစရာမလိုတော့ဘူး

လတိုင်းဒီလိုပဲဆက်တိုက်ရနေမယ် အဲဒီလို လုပ်ရင်း တစ်ရက်ကိုတစ်ထောင် နှစ်ထောင် သူကပေးနေမယ်

ငွေကပြန်ပေးနေတယ်ဆိုတော့ အလုပ်ဖြစ်တယ်ပေါ့ သူ့ရဲ့ ဝေါပေါ်မှာလည်း သုံးသောင်းဂရုအတွက် ငွေလွှဲပေးလိုက်ပြီနော် ရကြရဲ့လားဆိုပြီး wave money ရဲ့ ငွေလွှဲပြေစာတွေ ပုံတင်ပြမယ်သုံးသောင်းဂရုက ဒီလောက်လွှဲတယ်ပေါ့ ငါးသောင်းဂရုက ဒီလောက်လွှဲလိုက်ပြီ ရှစ်သောင်းဂရုက ဒီလောက်လွှဲလိုက်တယ် ပုံတွေရိုက်ပြမယ်

ဒါ ကိုယ့်ပိုက်ဆံကိုယ်ပြန်ပေးနေတယ်ဆိုတာ ပထမဆုံးနားလည်ထားရမယ် ပြီးတော့ ကြေးများတဲ့ဂရုတွေကရကြရဲ့လား ဘာညာပေါ့

အောက်က comment ထဲမှာရကြတယ် ကျေးဇူးပါမင်မင်တို့ ရေးကြတယ် ကြည့်လိုက်ရင် ဟာ သူတကယ်အလုပ်လုပ်နေတာပဲ လိမ်တာမဟုတ်ပါဘူး ဆိုပြီးလူတွေယုံကြည်လာမယ်

Wave money က ကိုယ့်ငွေကိုကိုယ့်ဟာကိုယ်လျွှဲပြီး ကိုယ့်ဟာကိုယ်ပြန်ထုတ်ပြ ဓါတ်ပုံရိုက်ပြတာ ကော်မင့်မှာရေးကြတာက အကောင့်တုတွေ အလံရှူးတွေနဲ့ ရှိုးပြထားတာတွေ

လူတွေကတော့ ငွေပဲမျက်စိထဲမြင်ပြီး သံသယတွေမရှိတော့ဘူး ယုံလာကြပြီ အဲတော့မှ ဇတ်လမ်းအသစ်ထထွင်မယ်တစ်သိန်းခွဲသွင်းရမယ် တပါတ်မှာ နှစ်သောင်းသုံး‌သောင်းရမယ် တစ်လဆိုတစ်သိန်းနီးနီးပဲ တစ်သိန်းထားလိုက်ရင် ‌ခြောက်လဆို ခြောက်သိန်းရမယ်

ခြောက်လပြည့်ရင် ဂရုကိုပြန်စမယ် အဲလို ဆိုတော့ လူတွေက ရမယ့်ငွေပမာဏပဲမြင်ကြတော့တယ်

တစ်သိန်းခွဲလောက်ရင်းပြီး ဘာမှမလုပ်ရပဲ ခြောက်လနေရင် လေးသိန်းလောက်မြတ်နေမှာဆိုတော့ သုံးသောင်းတုန်းကမလိမ်ပဲ ခုလည်းလိမ်မှာမဟုတ်ဘူးဆိုပြီးထည့်ကြပြန်မယ်

တချို့ထည့်မယ် တချို့ကမထည့်ဘူး အဲ သူကလည်းမပြေးဘူး တပါတ်တခါ ငွေရှင်းပေးမယ် ကိုယ့်ပိုက်ဆံကိုယ်ပြန်ပေးနေတာကိုတော့မသိဘူး ဂရုထဲမှာလည်းပြောထားတယ်

ဂဂျိုးဂဂျောင်တွေမလုပ်ကြနဲ့ ကောလဟာလတွေမယုံနဲ့ ဂရုကထုတ်ပစ်မယ် အူကြောင်ကြောင်လုပ်တာတို့ ဖန်တွေစိတ်ထဲ မသက်ာအောင်လုပ်ရင် ထုတ်ပစ်မယ်ပဲ

ဆိုတော့ ငွေထည့်ထားတဲ့လူတွေက ကိုယ့်ငွေအဆုံးမခံနိုင်ဘူး စိတ်ထဲမယုံသက်ာဖြစ်လာလည်း ဘယ်သူမှမပြောရဲဘူး ဂရုကအထုတ်ခံရရင်ကိုယ့်ငွေဘယ်ရတော့မလဲ

ဂရုထဲသာငွေထည့်ပြီးဝင်ထားတာ ဘယ်သူမှန်းလဲမသိရပြန်ဘူး ဒါပေမယ့် ငွေကအပတ်တိုင်းချပေးနေတယ် အယ့်လယ် ဟုတ်နေတာပဲပေါ့ သူကမလိမ်လောက်ပါဘူး မပြေးလောက်ပါဘူးဆိုပြီးတော့ပေါ့

လူတွေက ကိုယ့်ပိုက်ဆံကိုယ့်ပြန်ပေးနေတာကို ဟုတ်လှပြီထင်နေကြတာ

ဒီတော့ လူထပ်ခေါ်ရင် ဘောနပ်ရမယ်ဆိုပြီးလုပ်ပြန်ရော ငွေလည်းရ မန်ဘာလည်းတိုးတော့ ကိုယ့်အသိတွေသူငယ်ချင်းတွေခေါ်ပြီးတော့ ဂရုထဲထည့်ကြပြန်ရော အာမခံကြပါတယ်

သူမပြေးဘူးပေါ့ ပြေးရင်လည်းပြေးတာကြာပြီပေါ့ ခုငွေလည်းချပေးနေတာပဲ တချို့ဆိုအရင်းတောင်ကြေပြီပေါ့ ဟုတ်ပါတယ် တချို့ကအရင်းကြေတယ် အရင်းကြေတင်မက အမြတ်ပါရလာတယ်

ဆိုတော့ကာ ယုံပြီးတော့ ငွေပိုထည့်တယ် သူငယ်ချင်းတွေခေါ်ပြီးထည့်ခိုင်းတယ် အဲတော့မှ ပြေးတာဗျလူတစ်ယောက်တစ်သိန်းပဲထား လူတစ်ရာ သိန်းတစ်ရာ လူတစ်ထောင်ဆိုသိန်းတစ်ထောင်ပဲ

အနည်းဆုံးလူနှစ်ထောင်လောက်ရှိတယ် အဲ သူကပြန်ပေးတဲ့ငွေပြန်နှုတ်ရင်တော့ သိန်းငါးရာ ဒီထက်များရင်တစ်ထောင်ပေါ့ဗျာအနည်းဆုံးသူ သိန်းတစ်ထောင်လောက်ရသွားတယ်

တစ်သိန်းခွဲထည့်ကြတော့ သူများတွေက သံသယဖြစ်လာရောဗျ အွန်လိုင်းရှော့ပင်လေးလုပ်နေတာ ဘာလို့ဒီလောက်ငွေပြန်ပေးနိုင်လဲပေါ့

အော်ဒါတွေတက်လာလည်း အော်ဒါတွေပြန်လည်းမချပေးဘူး ဒါတောင်မှ လူတွေကဒါလည်းလိမ်နေပြီဆိုတာသဘောမပေါက်ကြဘူး

ဆိုတော့ သူက ကားပွဲစားလိုလို ဒေါ်လာကစားသလိုလို Bitcoins ပဲကစားသလိုလိုလုပ်ပြတယ်ဗျကျနော်စဉ်းစားကြည့်တယ် ကားအရောင်းအဝယ်လုပ်တယ်ဆိုရင် သူကကားအကြောင်းဘယ်လောက်နားလည်လို့လဲပေါ့

ဒေါ်လာကစားတာကျတော့ရော သူအဲလောက်ငွေပေါရင် ကိုယ့်ငွေနဲ့ကိုယ်လုပ်ပြီး ကိုယ့်ဟာကိုယ်ပဲအမြတ်ယူမှာပေါ့Stock exchange မှာရှယ်ယာကစားရင်လည်းဒီလို လူပေါင်များစွာနဲ့ အရှုပ်အရှင်းနဲ့ မဖြစ်နိုင်ဘူးဆိုပြီးတော့ပေါ့

သူ့ရဲ့ဝေါထဲကည့်လိုက်တော့လည်း ဘယ်ကမှန်းမသိတဲ့ကောင်မတစ်ယောက်ရဲ့ ဓါတ်ပုံလေးနှစ်ပုံပဲတင်ထားတာ ကျန်တဲ့အင်ဖော်မေးရှင်းတွေဘာဆို ဘာမှမရှိဘူးဘာလုပ်ငန်းမှလဲ တိတိပပ မပြနိုင်ဘူး

ငွေသွင်းငွေလွှဲ အတွက် တရားဝင်အသုံးပြုနေတဲ့ ဘဏ်အကောင့်တို့ ဘာအချက်လက်မှမပေးဘူးသူကလည်တယ်ဗျ

Kpay တို့ mobile banking ကငွေသွင်းမယ်တိုတာလက်မခံဘူး သူကအလုပ်ရှုပ်ပါတယ်တဲ့ ဘဏ်ကိုသွားရင် အကြာကြီးစောင့်ရတာ အဲလိုသူမအားပါဘူးတဲ့ဗျစဉ်းစားကြည့်လေ

အွန်လိုင်းနဲ့အကြီးအကျယ် စီးပွါးရေးလုပ်နေတဲ့လူတစ်ယောက်က ဖုန်းပိတ်ထားတာတို့ ‌လိုင်းပိတ်ထားတာတို့ရှိသတဲ့

မနက်တကြိမ် ညတစ်ကြိမ် ဂရုထဲလာပြီး မိန့်ခွန်းချွေသဗျ ကျန်တဲ့အချိန်ဆို လိုင်းပိတ်ထားပါသတဲ့ဂရုထဲကလူတွေမှာလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် အငေါက်အငမ်းလည်းခံရသေးတယ်

တခါလုပ်လိုက်သေးတယ်သူ အလုပ်များလို့ စားရင်းကိုင်ဖို့ ဂရုထဲကလူတွေကိုတောင် စားရင်ကိုင်ဖို့ နှစ်ယောက်ကို လစာပေးမယ်ဆိုပြီး ခေါ်ခိုင်းလိုက်သေးတာကိုး

ဒီလိုလုပ်ပြလေ မန်ဘာတွေက ပိုယုံလေပေါ့ဗျာ‌ငွေတွေပိုထည့်ကြပေါ့လေအံမယ် ကြီး‌တော်နွားလိုက်‌ကျောင်း‌‌ပေးတဲ့ စာရင်းကိုင် လက်ထောက်နှစ်‌ယောက်ကလည်း ဝင်ဝင်ငေါက်သေးဆိုပဲဗျာ

သူလုပ်သွားတဲ့ပုံတွေက အကုန်လုံးက အကွက်စေ့တယ်ဗျ ပထမဆုံး အွန်လိုင်းရှော့ပင်းလုပ်နေတဲ့ ဖရင်းငါးထောင်လောက်ကို သူလိုက်အက်မယ် ခုခေတ်အွန်လိုင်းသုံးတဲ့မိန်းကလေးအများစုက အွန်လိုင်းရှော့ပင်းလုပ်ကြတယ်

ကျောင်းသူ ဝန်ထမ်း ဈေးသည် အိမ်ထောင်ရှင် ဗိုက်ကြီးသည် စသဖြင့် အပိုဝင်ငွေလေးရအောင် အွန်လိုင်းရှော့ပင်လုပ်ကြတာ

ဒါပေမယ့် ခုခေတ်မှာ အွန်လိုင်းရှော့ပင်းသမားတွဟာ သိပ်အလုပ်မဖြစ်ကြဘူး မိန်းကလေးအများစုဟာ ငွေနဲ့မျှားရင် ရှစ်ဆယ်ရာခိုင်နှုန်းလောက် လောဘဖုံးသွားကြတယ်

ဒါကိုသူက နိုင်ကွက်နင်းတာ Friends 5000 လောက်အက်ပြီးတော့ စည်းရုံးတာ တဝက်လောက်အောင်မြင်တယ် ရှင်းရှင်းပြောရင် နောက်ဆုံးမှာလိမ်သွားမယ်ဒါပဲ အဲတော့ စဉ်းစားကြည့်ပေါ့

ခုခေတ်မှာ ရှေ့နေတွေဘာတွေနဲ့ စာချုပ်စာတမ်းအခိုင်မာနဲ့တရားဝင် အလုပ်လုပ်နေတဲ့လူတွေတောင်မှ လိမ်သွားကြတာလေ

ဖေ့စ်ဘုတ်ပေါ်မှာ ဘာအင်ဖေါ်မေးရှင်းမှပေးမထားပဲ ဓါတ်ပုံကလေးနှစ်ပုံနဲ့ လူတစ်ယောက်ကိုယုံပြီး တစ်ယောက်တစ်သိန်းခွဲနဲ့လူပေါင်းထောင်ချီပြီး သိန်းထောင်ချီအပ်နိုင်ကြတာ ပြေးပြီပေါ့

သူတော်လွန်းတယ်လို့ိပြောရမယ် ခင်ဗျားတို့လည်း သတိထားကြပေါ့နော

ခရစ်ဒစ်

Zawgyi








































သူတော်လွန်းတယ်လို့ပြောရမယ် ခင်ဗျားတို့လည်း သတိထားကြပေါ့နော

ခရစ်ဒစ်

About the author

Aung Lay

Leave a Comment