ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ
၁။ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း။
ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်် ညအချိန်အမှောင်ထဲမှာ ဘေးမီးဖွင့်မထားဘဲ လမ်းမပေါ်ရပ်ထားခဲ့မယ်။
အန္တရာယ်မဖြစ်နိုင်အောင် သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။
၂။ရှေ့ယာဉ်အားနောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း။
နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ ဒီနေရာမှာတချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လို့တိုက်ရတာပါလို့ ပြောကြပါတယ်။
ဒါပေမယ့် ယာဉ်သွားလာမှုစည်းကမ်း နည်းဥပဒေပုဒ်မ ၁၄၅မှာ ရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သောအကွာအဝေးမှ လိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေး ဆိုတာကတော့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန်များရင် များသလို အရှိန်နည်းရင်နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့်အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။
ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော တည့်ကြောမှာတိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကို လိုက်နာခြင်းမရှိတဲ့ အတွက်ပါ။
၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။
မိန်းလမ်းမကြီးနဲ့ လမ်းသွယ်ဆိုရင်တော့ လမ်းသွယ်ယာဉ်ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရ လမ်းမကြီးမှ ယာဉ်သည် ဦးစားပေးရတဲ့အတွက်ပါ။
တကယ်လို့ တူညီလမ်းဆုံမှာဆိုရင်တော့ နည်းဥပဒေပုဒ်မ ၁၄၉(က)အရ လက်ယာဘက်ယာဉ်သည် ဦးစားပေးရပါတယ်။
တူညီလမ်းဆုံသို့ ယာဉ်(၂)စီးတပြိုင်တည်း ရောက်ရှိလျှင် ဦးစွာရောက်ရှိသောယာဉ်ကို ဦးစားပေးရမည်ဖြစ်ပြီး တချိန်တည်းရောက်ရှိလျှင် လက်ယာဘက်ယာဉ်ကို ဦးစားပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။
၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း။
ဒါကတော့ယာဉ်(၂)စီးလုံးမှာ တာဝန်ရှိပါတယ်။ လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ ဒီနိုင်ငံမှာ သာမန်အားဖြင့် မည်သည့်ယာဉ်မဆို လက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။
နည်းဥပဒေပုဒ်မ ၁၄၁မှာလည်း ဖော်ပြထားပါတယ်။ အမြန်လမ်းတွေလို ယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆို လက်ဝဲဘက်အစွန်းကြောသည် ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာအသုံးပြုရမှာဖြစ်ပါတယ်။
၅။T ပုံသဏ္ဍန်လမ်းဆုံတွင် တိုက်မိခြင်း။
Tလမ်းဆုံမှာတိုက်ရင်လည်း လမ်းမပေါ်ကွေ့ထွက်တဲ့ဲယာဉ်က အမှားပဲ ဖြစ်ပါတယ်။
၆။တည့်ယာဉ်နှင့်ဝဲဘက်သို့ ‘ဂ’ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း။
နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့ ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်က အမှားပဲဖြစ်ပါတယ်။”လွတ်မယ်ထင်လို့ ကွေ့တာပါ” တို့ “ရှေ့ကတည့်တည့်လာတဲ့ယာဉ်က အရှိန်များတာ” တို့ ပြောတက်ကြပါတယ်။ ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။
၇။လမ်းပြောင်းပြန်ကျော်တက်၍ မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း။
နည်းဥပဒေပုဒ်မ ၁၄၆အရ ရှေ့မှမျက်နှာခြင်းဆိုင်လာသော ယာဉ်မရှင်းဘဲလမ်းပြောင်းပြန် ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။
၈။ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်ခြင်း။
လက်ဝဲဘက်မှကျော်တက် ပွတ်တိုက်မိသည့်ယာဉ်သာ အမှားဖြစ်ပါတယ်။
၉။အဝိုင်းတွင်ယာဉ်(၂)စီး တိုက်မိခြင်း။
နည်းဥပဒေပုဒ်မ၁၄၉အရ အဝိုင်းပတ်နေတဲ့ယာဉ်သာအမှန် ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ ဖြစ်ပေမယ့် မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲ ရပ်ပေးနေတာကိုမြင်နေရပါတယ်။
၁၀။ယာဉ်မှလူကိုတိုက်ခြင်း
စက်တပ်ယာဉ်နဲ့လူ တိုက်မိပြီဆိုရင်တော့ စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။ ပြောစရာတောင်မလိုလောက်ပါဘူး။
ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်အရင်းတွေကတော့ယာဉ်မောင်းနှင်သူများရဲ့ပေါ့လျော့မှု/ရာသီဥတု/ ယာဉ်ရဲ့စက်ပစ္စည်းချို့ယွင်းမှု/လမ်းအသုံးပြုသူများရဲ့ပေါ့လျော့မှုတွေကြောင့်အဖြစ်များပါတယ်။
လမ်းအသုံးပြုသူများအားလုံးယာဉ်/လမ်းစည်းကမ်းလိုက်နာကြပါစို့
ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ
bozay
Zawgyi
ယာဥ္တိုိက္မွု(၁၀)မ်ိဳးႏွင့္ ၂၀၂၀ ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမွုဥပေဒ
၁။ရပ္ထားေသာယာဥ္ကို ဝင္ေရာက္တိုက္မိျခင္း။
ရပ္ထားေသာယာဥ္ကို အျခားယာဥ္တစ္စီးမွ ဝင္ေရာက္မိတဲ့အခါမွာ တိုက္တဲ့ယာဥ္အမွားပဲျဖစ္ပါတယ္။ဒါေပမယ့္္ ညအခ်ိန္အေမွာင္ထဲမွာ ေဘးမီးဖြင့္မထားဘဲ လမ္းမေပၚရပ္ထားခဲ့မယ္။
အႏၲရာယ္မျဖစ္နိုင္ေအာင္ သတိိေပးမယ့္သူရွိမေနခဲ့ရင္ေတာ့ ရပ္ထားတဲ့ယာဥ္မွာလည္း တာဝန္ရွိနိုင္ပါတယ္။
၂။ေရွ႕ယာဥ္အားေနာက္ယာဥ္မွ ဝင္ေရာက္တိုက္မိျခင္း။
ေနာက္ကယာဥ္မွာတာဝန္ရွိပါတယ္။ ဒီေနရာမွာတခ်ိဳ႕ကေျပာၾကပါတယ္။ေရွ႕ယာဥ္က ႐ုတ္တရက္ ဘရိတ္အုပ္လို႔တိုက္ရတာပါလို႔ ေျပာၾကပါတယ္။
ဒါေပမယ့္ ယာဥ္သြားလာမွုစည္းကမ္း နည္းဥပေဒပုဒ္မ ၁၄၅မွာ ေရွ႕ယာဥ္႐ုတ္တရက္ရပ္တန္႔လၽွင္ ေနာက္မွယာဥ္သည္ ထိခိုက္မွုမျဖစ္ေစရန္ သင့္ေလ်ာ္ေသာအကြာအေဝးမွ လိုက္ရမည္လို႔ေဖာ္ျပထားပါတယ္။
သင့္ေလ်ာ္ေသာအကြာအေဝး ဆိုိတာကေတာ့ ပုံေသမရွိနိုင္ပါဘူး။ ေရွ႕ယာဥ္အရွိန္မ်ားရင္ မ်ားသလို အရွိန္နည္းရင္နည္းသလို ထိခိုက္မွုမရွိပဲ ရပ္တန္႔နိုင္မယ့္အကြာအေဝးကို ခ်ိန္ဆေမာင္းႏွင္ရမွာပါ။
အဲ့ဒီအတြက္္ ေရွ႕ယာဥ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္ လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္ အေၾကာင္းတစုံရာေၾကာင့္ ရပ္တန္႔ခ်ိန္မွာ ေနာက္ယာဥ္သည္လည္း ထိခိုက္မွုမရွိေအာင္ ရပ္တန္႔နိုင္ရပါမယ္။
ဖရီးေၾကာလို႔ေခၚတဲ့ ရပ္မ်ဥ္းမရွိတဲ့ ေကြ႕ေၾကာ တည့္ေၾကာမွာတိုက္ရင္ေတာ့ ေရွ႕ယာဥ္အမွားျဖစ္ပါတယ္။ လမ္းညႊန္အမွတ္အသားကို လိုက္နာျခင္းမရွိတဲ့ အတြက္ပါ။
၃။လမ္းဆုံတြင္ယာဥ္(၂)စီးတိုိက္ျခင္း။
မိိန္းလမ္းမႀကီးနဲ႔ လမ္းသြယ္ဆိုရင္ေတာ့ လမ္းသြယ္ယာဥ္ရဲ့တာဝန္ပဲ ျဖစ္ပါတယ္။နည္းဥပေဒပုဒ္မ ၁၄၉(ခ)အရ လမ္းမႀကီးမွ ယာဥ္သည္ ဦးစားေပးရတဲ့အတြက္ပါ။
တကယ္လို႔ တူညီလမ္းဆုံမွာဆိုရင္ေတာ့ နည္းဥပေဒပုဒ္မ ၁၄၉(က)အရ လက္ယာဘက္ယာဥ္သည္ ဦးစားေပးရပါတယ္။
တူညီလမ္းဆုံသို႔ ယာဥ္(၂)စီးတၿပိဳင္တည္း ေရာက္ရွိလၽွင္ ဦးစြာေရာက္ရွိေသာယာဥ္ကို ဦးစားေပးရမည္ျဖစ္ၿပီး တခ်ိန္တည္းေရာက္ရွိလၽွင္ လက္ယာဘက္ယာဥ္ကို ဦးစားေပးရမည္လို႔သက္မွတ္ထားတဲ့အတြက္ပါ။
၄။လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္း။
ဒါကေတာ့ယာဥ္္(၂)စီးလုံးမွာ တာဝန္ရွိပါတယ္။ လက္ယာကပ္ေမာင္းစနစ္ျဖစ္တဲ့ ဒီနိုင္ငံမွာ သာမန္အားျဖင့္ မည္သည့္ယာဥ္မဆို လက္ယာကပ္ေမာင္းရမွာျဖစ္တဲ့အတြက္ပါ။
နည္းဥပေဒပုုဒ္မ ၁၄၁မွာလည္း ေဖာ္ျပထားပါတယ္။ အျမန္လမ္းေတြလို ယာဥ္ေၾကာ(၃)ေၾကာရွိတဲ့လမ္းဆို လက္ဝဲဘက္အစြန္းေၾကာသည္ ေက်ာ္တက္ရန္ႏွင့္အျမန္ေမာင္းႏွင္ရန္မွာသာအသုံးျပဳရမွာျဖစ္ပါတယ္။
၅။T ပုံသ႑န္လမ္းဆုံတြင္ တိုက္မိျခင္း။
Tလမ္းဆုံမွာတိုက္ရင္လည္း လမ္းမေပၚေကြ႕ထြက္တဲ့ဲယာဥ္က အမွားပဲ ျဖစ္ပါတယ္။
၆။တည့္ယာဥ္ႏွင့္ဝဲဘက္သို႔ ‘ဂ’ေကြ႕ေကြ႕ေသာယာဥ္တိုိက္မိျခင္း။
နည္းဥပေဒပုဒ္မ ၁၄၈ နဲ႔ ၁၅၀ အရတည့္တည့္္လာေနတဲ့ ယာဥ္မရွင္းပဲဲ ေကြ႕တဲ့ယာဥ္က အမွားပဲျဖစ္ပါတယ္။”လြတ္မယ္ထင္လို႔ ေကြ႕တာပါ” တို႔ “ေရွ႕ကတည့္တည့္လာတဲ့ယာဥ္က အရွိန္မ်ားတာ” တို႔ ေျပာတက္ၾကပါတယ္။ ဘယ္လိုပဲေျပာေျပာရွင္းရမွာပါပဲ။
၇။လမ္းေျပာင္းျပန္ေက်ာ္တက္၍ မ်က္ႏွာခ်င္းဆိုင္ယာဥ္ႏွင့္တိုက္မိျခင္း။
နည္းဥပေဒပုဒ္မ ၁၄၆အရ ေရွ႕မွမ်က္ႏွာျခင္းဆိုင္လာေသာ ယာဥ္မရွင္းဘဲလမ္းေျပာင္းျပန္ ေက်ာ္တက္တက္တဲ့ယာဥ္မွာတာဝန္ရွိပါတယ္။
၈။ေဘးခ်င္းယွဥ္ေက်ာ္တက္၍ ပြတ္တိုက္ျခင္း။
လက္ဝဲဘက္မွေက်ာ္တက္ ပြတ္တိုက္မိသည့္ယာဥ္သာ အမွားျဖစ္ပါတယ္။
၉။အဝိုင္းတြင္ယာဥ္(၂)စီး တိုက္မိျခင္း။
နည္းဥပေဒပုဒ္မ၁၄၉အရ အဝိုင္းပတ္ေနတဲ့ယာဥ္သာအမွန္ ျဖစ္ပါတယ္။ အဝိုင္းပတ္ယာဥ္ဦးစားေပးရမွာ ျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အဝိုင္းပတ္ေနတဲ့ယာဥ္ေတြကပဲ ရပ္ေပးေနတာကိုျမင္ေနရပါတယ္။
၁၀။ယာဥ္မွလူကိုတိုက္ျခင္း
စက္တပ္ယာဥ္နဲ႔လူ တိုက္မိၿပီဆိုရင္ေတာ့ စက္တပ္ယာဥ္သာအမွားျဖစ္ပါတယ္။ ေျပာစရာေတာင္မလိုေလာက္ပါဘူး။
ယာဥ္တိုက္မွုျဖစ္ပြားရတဲ့အေၾကာင္အရင္းေတြကေတာ့ယာဥ္ေမာင္းႏွင္သူမ်ားရဲ့ေပါ့ေလ်ာ့မွု/ရာသီဥတု/ ယာဥ္ရဲ့စက္ပစၥည္းခ်ိဳ႕ယြင္းမွု/လမ္းအသုံးျပဳသူမ်ားရဲ့ေပါ့ေလ်ာ့မွုေတြေၾကာင့္အျဖစ္မ်ားပါတယ္။
လမ္းအသုံးျပဳသူမ်ားအားလုံးယာဥ္/လမ္းစည္းကမ္းလိုက္နာၾကပါစို႔
ေဘးအႏၲရာယ္အေပါင္းမွကင္းေဝးၾကပါေစ
bozay