တစ်ချိန်က နာမည်ကြီးအဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ အဆိုတော် ဦးချစ်ကောင်းရဲ့ အနုပညာမျိုးဆက် အနုပညာအမွေကိုဆက်ခံထားသူလည်းဖြစ်တဲ့ အိမ့်ချစ်တို့ ချစ်သူနှစ်ဦးဟာ ဒီကနေ့ ဇွန်လ (၆)ရက်နေ့မှာပဲ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း အဆိုတော် အိမ့်ချစ်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် သူမချစ်တဲ့ပရိတ်သက်တွေအတွက် အသိပေးမျှဝေထားပါတယ်။
“မေတ္တာတရားတွေလွှမ်းခြုံပြီး
ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး
နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ”ဟု အိမ့်ချစ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး
လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်း ပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခု လိုချင်ခဲ့တာ… ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီလို့လည်း ရသားထားတာကို တွေ့မြင်ရပါတယ်။
“မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့်” ဟု အိမ့်ချစ်က ပြောပါတယ်။
အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ
ချစ်ပေးကြပါလို့လည်း ပြည်သူချစ် တေးသံရှင် အဆိုတော် အိမ့်ချစ်ဟာ သူမရဲ့ ပရိတ်သတ်ကြီးကို တောင်းဆိုထားပါသေးတယ်။
Photo by : Eint Chit Facebook
Zawgyi
အိမ့္ခ်စ္တို႔ခ်စ္သူႏွစ္ဦး မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုး
တစ္ခ်ိန္က နာမည္ႀကီးအဆိုေတာ္ႀကီး တစ္ဦးျဖစ္တဲ့ အဆိုေတာ္ ဦးခ်စ္ေကာင္းရဲ႕ အႏုပညာမ်ိဳးဆက္ အႏုပညာအေမြကိုဆက္ခံထားသူလည္းျဖစ္တဲ့ အိမ့္ခ်စ္တို႔ ခ်စ္သူႏွစ္ဦးဟာ ဒီကေန႕ ဇြန္လ (၆)ရက္ေန႕မွာပဲ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း အဆိုေတာ္ အိမ့္ခ်စ္က သူမရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွတစ္ဆင့္ သူမခ်စ္တဲ့ပရိတ္သက္ေတြအတြက္ အသိေပးမွ်ေဝထားပါတယ္။
“ေမတၱာတရားေတြလႊမ္းၿခဳံၿပီး
ဒီေန႕ ၆.၆.၂၀၂၀ မွာအိမ့္ခ်စ္တို႔ ခ်စ္သူႏွစ္ဦး
ႏွစ္ဖက္မိဘမ်ားနဲ႕ ရန္ကုန္ေျမာက္ပိုင္းခရိုင္တရားသူႀကီး ေရွ႕ေမွာက္မွာ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကပါၿပီ”ဟု အိမ့္ခ်စ္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
ဘဝကိုခက္ခက္ခဲခဲပင္ပင္ပန္းပန္းျဖတ္သန္းလာၿပီး
လွမ္းၾကည့္လိုက္တိုင္းမွာအေမပဲရွိခဲ့တာ မျပည့္စုံတဲ့မိန္းမတစ္ေယာက္ရဲ႕ေန႕ရက္ေတြက ခါးသီးလြန္းခဲ့တယ္ ခက္ခဲတဲ့အခ်ိန္ေတြျဖတ္ေက်ာ္ရတိုင္း ပင္ပန္းတဲ့ အခ်ိန္ေတြရင္ဆိုင္ရတိုင္းမွာ မွီစရာပခုံးေလးတစ္ခု နားခိုစရာရင္ခြင္ေလးတစ္ခု လိုခ်င္ခဲ့တာ… ဒီေန႕မွာေတာ့ လိုခ်င္ခဲ့တဲ့ပခုံးေလးတစ္ခု ကမ္းလင့္တဲ့လက္ေလးတစ္စုံကို ပိုင္ဆိုင္ခြင့္ရခဲ့ၿပီလို႔လည္း ရသားထားတာကို ေတြ႕ျမင္ရပါတယ္။
“ေမလတုန္းကေစ့စပ္ပြဲေလးကိုေတာ့ဖ်က္လိုက္ရေပမယ့္ ရည္႐ြယ္ထားစီစဥ္ထားတဲ့အတိုင္း ဒီေန႕မွာလက္မွတ္ေရးထိုးခဲ့ၾကပါၿပီ မဂၤလာဧည့္ခံပြဲကေတာ့ ကပ္ေရာဂါႀကီးၿပီးဆုံးသြားတဲ့အခ်ိန္အားလုံးေအးခ်မ္းသြားတဲ့အခ်ိန္မွပဲ က်င္းပပါမယ္ရွင့္” ဟု အိမ့္ခ်စ္က ေျပာပါတယ္။
အိမ့္ခ်စ္ကိုခ်စ္သလို အိမ့္ခ်စ္ရဲ႕လက္တြဲေဖာ္ကိုလဲ
ခ်စ္ေပးၾကပါလို႔လည္း ျပည္သူခ်စ္ ေတးသံရွင္ အဆိုေတာ္ အိမ့္ခ်စ္ဟာ သူမရဲ႕ ပရိတ္သတ္ႀကီးကို ေတာင္းဆိုထားပါေသးတယ္။
Photo by : Eint Chit Facebook
#Asia_Citizens