မဟာမြတ်မုနိ ဘုရားရှိခိုး….
မင်္ဂလာအောင်စည် ၊ ဆော်ရွမ်းလည်သား ၊ ရွှေပြည်မဏ္ဍိုင် ၊ ကြံ့ကြံ့ခိုင်၍ ၊ ထုံကြိုင်ဆန်းတင့် ၊ ဖြိုးဖြိုးမြင့်လျက် ၊ ထွန်းလင်းရောင်ရှိန် ၊ ဝင်းဝင်းထိန်သား ၊ အာလိန်မြရိပ် ၊ မြင်းမိုရ်ထိပ်ဝယ် ၊ ဒိဗ္ဗဿရ ၊
ဝါသဝဟု ၊ သက္ကစံရာ ၊ ဝတိံသာသို့ ၊ သိင်္ဂါရစ်ခွေ ၊ လျှမ်းလျှမ်းဝေသည် ၊ ပြည်ရွှေအမတ ၊ နိဗ္ဗာနသို့ ၊ ပဋ္ဌမဘုန်းဟေ့ ၊ ဘူပတေ့၏ အိမ်ရှေ့ဥပရာဇ် ၊ စောရန်လှသည် ၊
သက္ကရာဇ်ထောင်ဝယ် ၊ တစ်ရာဆွယ်၍ ၊ လေးဆယ်နှင့်ခြောက် ၊ အခါမြောက်တွင် ၊ ထိန်တောက်ဝေဆာ ၊ ပြည်ဓညာမှ ၊ မဟာမုနိ ၊ မာရဇိကို ၊ ပင့်ချီကြွလာ ၊ ကိန်းအောင်းရှာ၏ ၊ မြတ်စွာဘုန်းကြွယ် ၊
အံ့ဩဘွယ်ကား ၊ ရှေ့ဝယ်ရေဖျန်း ၊ မဖြတ်သန်းတည်း ၊ မျက်ကန်းပမာ ၊ လူမိစ္ဆာတို့ ၊
ရှေ့မှာမှောက်ခို ၊ မျက်တော်ညို၏ ၊ ထိုလူအများ ၊ မရှိငြားမှ ၊ ဆင့်ပွားရောင်ဝါ ၊ ကွန့်မြူးလာခဲ့ ၊ သဒ္ဒါကြီးသူ ၊ ပူဇော်မူကား ၊ လျှံလူတန်ခိုး ၊ တက်၍တိုး၏ ၊ မိုဃ်းဝလာပြင် ၊ ထက်ကောင်းကင်သို့ ၊
လေတွင်ပျော်ပါး ၊ ငှက်အများတို့ ၊ ဘုရားထက်မွန့် ၊ မပျံဝံ့တည့် ၊ ပတ်လုံးတေဇော် ၊ ရှေ့မှောက်တော်၌ ၊ ပျက်ချော်မုသား ၊ ကျိန်တွယ်ငြားက ၊
ထင်ရှားအမှန် ၊ သွေးပွက်အန်ခဲ့ ၊ သဏ္ဌာန်တူအောင် ၊ သွန်းလုပ်ဆောင်အံ့ ၊ ရှည်ယောင်ပြုငြား ၊ ထိုဘုရားသည် ၊ ပျက်ပြားမုချ ၊ ဖြစ်လာရ၏ ၊ တေဇတက်ကြွား ၊ ဤဘုရားနှင့် ၊ မခြားလျှံလူ ၊ တန်ခိုးတူဟု ၊ ယှဉ်မှုမကြာ ၊ ကွဲအက်ရှာခဲ့ ၊ မြတ်စွာပရမေ့ ၊ ပူဇော်လေ့ဖြင့် ၊ နေ့ရှိသမျှ ၊
ရွှေမွမ်းချလည်း ၊ ဖူးရတင့်တယ် ၊ လွန်သပ္ပါယ်၏ ၊ အံ့ဘွယ်ကိုးအင် ၊ တန်ခိုးထင်၍ ၊ လူရှင်တတွေ ၊ ပန်းဝေေ၀နှင့် ၊ သပြေစိုက်ထိုး ၊ ညောင်ရေအိုးဝယ် ၊ မညှိုးယခင် ၊ လန်းလန်းဆင်လျက် ၊
ကြည်ရွှင်ဝမ်းသာ ၊ စေတနာဖြင့် ၊ သဒ္ဓါရဲရဲ ၊ ဆွမ်းတော်ပွဲကို ၊ အမြဲသန့်စင် ၊ ထိပ်ထက်တင်လျက် ၊ နေဝင်တချက် ၊ အရုဏ်တက်တွင် ၊ ဆော်နှက်စီညံ ၊
ခေါင်းလောင်းသံလည်း ၊ မိုဃ်းယံငြိမ့်ငြိမ့် ၊ တိုင်းလုံးစိမ့်မျှ ၊ နှစ်သိမ့်လှစွာ ၊ ဘုန်းတေဇာနှင့် ၊ မဟာမုနိ ၊ တုမရှိကို ၊ ဦးထိပဒုံ ၊ ဆယ်ပန်းငုံဖြင့် ၊ ကြည်ယုံထိပ်ပန် ၊ အဓိဋ္ဌာန်သည် ၊
နိဗ္ဗာန်ရောက်ရပါလိုသော ၊ မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။
###အောင်ချမ်းသာ
မော်လမြိုင်မြို့ ဦးဇိန ဘုရားစေတီတော် ထီးတော်အောက်နားတွင် မဟာမြတ်မုနိ ရုပ်ပွားတော် မျက်နှာတော်ပုံစံ ဖူးတွေ့ရသည့် (ရုပ်သံ)
ညနေ (၄)နာရီနှင့် (၅)နာရီကြားတွင်သာ ဖူးတွေ့ရတယ်လို့ ဒေသခံများက ဆိုပါတယ်…
အများပြည်သူအားလုံး ဖူတွေ့ရခဲတဲ့အတွက် ဝေမျှခြင်းဖြင့် ကုသိုလ်ပွားများ ဆုမွန်ကောင်းဆန္ဒပြုလိုက်ကြပါ…
ကမ္ဘာသူ/သား အားလုံး ဘေးရန်ရောဂါ ကင်းစင်ကွာကြပါစေ…
လေးစားစွာဖြင့် ကိုရွှေသူရ
ရုပ်သံဖူးမြှော်ရန်…..
Zawgyi
မဟာျမတ္မုနိ ဘုရားရွိခုိး….
မဂၤလာေအာင္စည္ ၊ ေဆာ္ရြမ္းလည္သား ၊ ေရႊျပည္မ႑ဳိင္ ၊ ႀကံ့ႀကံ့ခိုင္၍ ၊ ထံုႀကိဳင္ဆန္းတင့္ ၊ ၿဖိဳးၿဖိဳးျမင့္လ်က္ ၊ ထြန္းလင္းေရာင္ရွိန္ ၊ ၀င္း၀င္းထိန္သား ၊ အာလိန္ျမရိပ္ ၊ ျမင္းမိုရ္ထိပ္၀ယ္ ၊ ဒိဗၺႆရ ၊
၀ါသ၀ဟု ၊ သကၠစံရာ ၊ ၀တႎသာသို႔ ၊ သိဂၤါရစ္ေခြ ၊ လွ်မ္းလွ်မ္းေ၀သည္ ၊ ျပည္ေရႊအမတ ၊ နိဗၺာနသို႔ ၊ ပ႒မဘုန္းေဟ့ ၊ ဘူပေတ့၏ အိမ္ေရွ႕ဥပရာဇ္ ၊ ေစာရန္လွသည္ ၊
သကၠရာဇ္ေထာင္၀ယ္ ၊ တစ္ရာဆြယ္၍ ၊ ေလးဆယ္ႏွင့္ေျခာက္ ၊ အခါေျမာက္တြင္ ၊ ထိန္ေတာက္ေ၀ဆာ ၊ ျပည္ဓညာမွ ၊ မဟာမုနိ ၊ မာရဇိကုိ ၊ ပင့္ခ်ီႂကြလာ ၊ ကိန္းေအာင္းရွာ၏ ၊ ျမတ္စြာဘုန္းႂကြယ္ ၊
အံ့ဩဘြယ္ကား ၊ ေရွ႕၀ယ္ေရဖ်န္း ၊ မျဖတ္သန္းတည္း ၊ မ်က္ကန္းပမာ ၊ လူမိစၧာတို႔ ၊
ေရွ႕မွာေမွာက္ခုိ ၊ မ်က္ေတာ္ညိဳ၏ ၊ ထိုလူအမ်ား ၊ မရွိျငားမွ ၊ ဆင့္ပြားေရာင္၀ါ ၊ ကြန္႔ျမဴးလာခဲ့ ၊ သဒၵါႀကီးသူ ၊ ပူေဇာ္မူကား ၊ လွ်ံလူတန္ခိုး ၊ တက္၍တိုး၏ ၊ မိုဃ္း၀လာျပင္ ၊ ထက္ေကာင္းကင္သို႔ ၊
ေလတြင္ေပ်ာ္ပါး ၊ ငွက္အမ်ားတုိ႔ ၊ ဘုရားထက္မြန္႔ ၊ မပ်ံ၀ံ့တည့္ ၊ ပတ္လံုးေတေဇာ္ ၊ ေရွ႕ေမွာက္ေတာ္၌ ၊ ပ်က္္ေခ်ာ္မုသား ၊ က်ိန္တြယ္ျငားက ၊
ထင္ရွားအမွန္ ၊ ေသြးပြက္အန္ခဲ့ ၊ သဏၭာန္တူေအာင္ ၊ သြန္းလုပ္ေဆာင္အံ့ ၊ ရွည္ေယာင္ျပဳျငား ၊ ထိုဘုရားသည္ ၊ ပ်က္ျပားမုခ် ၊ ျဖစ္လာရ၏ ၊ ေတဇတက္ႂကြား ၊ ဤဘုရားႏွင့္ ၊ မျခားလွ်ံလူ ၊ တန္ခုိးတူဟု ၊ ယွဥ္မႈမၾကာ ၊ ကြဲအက္ရွာခဲ့ ၊ ျမတ္စြာပရေမ့ ၊ ပူေဇာ္ေလ့ျဖင့္ ၊ ေန႔ရွိသမွ် ၊
ေရႊမြမ္းခ်လည္း ၊ ဖူးရတင့္တယ္ ၊ လြန္သပၸါယ္၏ ၊ အံ့ဘြယ္ကိုးအင္ ၊ တန္ခုိးထင္၍ ၊ လူရွင္တေတြ ၊ ပန္းေ၀ေ၀ႏွင့္ ၊ သေျပစိုက္ထိုး ၊ ေညာင္ေရအိုး၀ယ္ ၊ မညွဳိးယခင္ ၊ လန္းလန္းဆင္လ်က္ ၊
ၾကည္ရႊင္၀မ္းသာ ၊ ေစတနာျဖင့္ ၊ သဒၶါရဲရဲ ၊ ဆြမ္းေတာ္ပြဲကို ၊ အၿမဲသန္႔စင္ ၊ ထိပ္ထက္တင္လ်က္ ၊ ေန၀င္တခ်က္ ၊ အ႐ုဏ္တက္တြင္ ၊ ေဆာ္ႏွက္စီညံ ၊
ေခါင္းေလာင္းသံလည္း ၊ မိုဃ္းယံၿငိမ့္ၿငိမ့္ ၊ တုိင္းလံုးစိမ့္မွ် ၊ ႏွစ္သိမ့္လွစြာ ၊ ဘုန္းေတဇာႏွင့္ ၊ မဟာမုနိ ၊ တုမရွိကို ၊ ဦးထိပဒံု ၊ ဆယ္ပန္းငံုျဖင့္ ၊ ၾကည္ယံုထိပ္ပန္ ၊ အဓိ႒ာန္သည္ ၊
နိဗၺာန္ေရာက္ရပါလိုေသာ ၊ ျမတ္ရွင္ေစာ ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။
###ေအာင္ခ်မ္းသာ
ေမာ္လျမဳိင္ျမဳိ႕ ဦးဇိန ဘုရားေစတီေတာ္ ထီးေတာ္ေအာက္နားတြင္ မဟာျမတ္မုနိ ရုပ္ပြားေတာ္ မ်က္ႏွာေတာ္ပုံစံ ဖူးေတြ႕ရသည့္ (ရုပ္သံ)
ညေန (၄)နာရီႏွင့္ (၅)နာရီၾကားတြင္သာ ဖူးေတြ႕ရတယ္လုိ႔ ေဒသခံမ်ားက ဆုိပါတယ္…
အမ်ားျပည္သူအားလုံး ဖူေတြ႕ရခဲတဲ့အတြက္ ေ၀မွ်ျခင္းျဖင့္ ကုသုိလ္ပြားမ်ား ဆုမြန္ေကာင္းဆႏၵျပဳလုုိက္ၾကပါ…
ကမၻာသူ/သား အားလုံး ေဘးရန္ေရာဂါ ကင္းစင္ကြာၾကပါေစ…
ေလးစားစြာျဖင့္ ကုိေရႊသူရ
ရုပ္သံဖူးေျမွာ္ရန္…..