လူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ တစ်ချိန်က ရုပ်ရှင်၊ သဘင်အဖက်ဖက်မှာ လျှမ်းလျှမ်းေ တာက် အောင်မြင်ခဲ့သလို အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးချို့ယွ င်းမှုတွေများစွာ ဖြစ်ပေါ်လာပါတယ်။ ဦးမန်းဝင်းက ကျောက်ကပ်မကောင်းတာေ ကြာင့် ကျောက်ကပ်မကြာခဏဆေးရသလို မျက်လုံးနှစ်ဖက်လုံးကလည်း ကောင်းစွာမမြ င်ရတာကြောင့် ခွဲစိတ်ကုသမှုခံယူထားတာ ဖြစ်ပါတယ်။ ဦးမန်းဝင်းက ပြီးခဲ့တဲ့ရက်ပို င်းကလည်း ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ကုသမှုခံယူထားရတာဖြစ်ပြီး လက်ရှိအခြေအနေကို သူ့ရဲ့သားသမီးတွေက အခုလိုပဲ ပြောပြထားပါတယ်။
“ဦးနှောက်ခွဲစိတ်မှုအပြီး (၂)ရက်ခန့်အကြာမှာ အိပ်ပျော်ရင်းမှ နိုးမလာတာကြောင့် ဦးနှောက်ကိုဓါတ်မှန်ရိုက်ပါတယ်။ ဓါတ်မှန်ရဲ့အဖြေအရ ဆရာဝန်ကြီးက ဦးနှောက်ထဲလေဝင်ေ နတာကြောင့် ပြန်နိုးမလာခြင်းဖြစ်ပြီး လေကလည်း တဖြည်းဖြည်းချင်း ထွက်သွားမှာပါတဲ့။ အချိန်အားဖြင့် ၂၁ ရက် (၃ ပတ် ) လောက်ကြာနိုင်ပါတယ်တဲ့။ အခြေအနေ တဖြည်းဖြည်းတိုးတက်လာပြီး သတိလည်းပြန်ရကာ စကားလည်းပြန်ပြောနို င်မှာပါတဲ့။ အိပ်ပျော်နေတာကြောင့် အစာနဲ့ဆေး မမြိုချနိုင်လို့ နှာခေါင်းမှ ပိုက်တပ်ထားရပါတယ်။ လက်ရှိမှာတော့ ပင်လုံဆေးရုံမှာပဲ ၂၁ ရက် စောင့်ကြည့်ရမယ့် အခြေ အနေဖြစ်ပါတယ်။” ဆိုပြီး ပရိသတ်ကို အသိပေးထားပါတယ်။
ဦးမန်းဝင်းကတော့ ဇွန်လ (၁)ရက်နေ့မှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး (၂)ရက်အကြာမှာ အိပ်ပျော်ရင်းနဲ့ နိုးမလာတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်ရတဲ့ ဦးမန်းဝင်း အမြန်ဆုံးနေကောင်းအောင် ဆုတောင်းပေးကြပါဦးနော်။
Source: Man Win – Joker’s fb
Zawgyi