ပရိတ်သတ်ကြီးရေ…..ချစ်စရာကောင်းပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘ၀လေးကို တည်ထောင်ထားကြတဲ့ အနုပညာရှင်ဆယ်လီမိသားစုများထဲတွင် ဆုပန်ထွာတို့လည်းအပါအ ၀င်ဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ဟာလည်း ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းတစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး Roar Roar Kyawကိုလည်းပိုင် ဆိုင်နေ ပြီဖြစ်ပါတယ်။
ဥက္ကာကျော်ဟာ ဆုပန်ထွာရဲ့အနုပညာလှုပ်ရှားမှုတွေအတွက်လည်း နောက်ကွယ်ကနေကူညီ အားဖြည့်ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာ မျက် နှာမှာ “အုပ်ထိန်းသူတွေ ခွင့်ပြုမယ်ဆိုရင်… နိုင်ငံတော်အတွက် မေတ္တာဖြင့် အခကျေးငွေမယူပဲ ကူညီရိုက်ကူးပေးချင်ပါတယ်။ အရိုးသားဆုံးပြောရရင် အကယ်ဒမီတော့ ဇတ်ပို့နေရာကမှန်း ပါတယ်….။
“အရွေးချယ်လည်း ခံခဲ့ရရင်ပေါ့ဗျာ။ အတည်ရေးတဲ့ Post ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့ရဲ့ အသက်က ၄၆ ဦးစော အဲ့အချိန် ၄၆နှစ်ချင်းလည်း တိုက်ဆိုင်တယ်လို့ကြားသိရပါတယ်….” ဆိုပြီးရေးသားထားပါတယ်။ ကောမန့်တွေမှာလည်း ကိုဥက္ကာနဲ့သင့်တော်တယ်လို့ ပရိတ်သတ် အများစုကရော၊အနုပညာရှင်အချင်းချင်းကပါ ထောက်ခံပေးနေကြတာပါနော်။ ကဲ….ပရိတ် သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Okkar Kyaw’s Facebook acc
Photo credit-Okkar Kyaw’s Facebook acc
Zawgyi
ပရိတ္သတ္ႀကီးေရ…..ခ်စ္စရာေကာင္းၿပီး သာယာခ်မ္းေျမ့ဖြယ္ေကာင္းတဲ့မိသားစုဘ၀ေလးကို တည္ေထာင္ထားၾကတဲ့ အႏုပညာရွင္ဆယ္လီမိသားစုမ်ားထဲတြင္ ဆုပန္ထြာတို႔လည္းအပါအ ၀င္ျဖစ္ပါတယ္။ ဆုပန္ထြာရဲ႕ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္ဟာလည္း ဂ႐ုစိုက္ၾကင္နာတတ္တဲ့ ခင္ပြန္းေကာင္းတစ္ဦးျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ သားေလး Roar Roar Kyawကိုလည္းပိုင္ ဆိုင္ေန ၿပီျဖစ္ပါတယ္။
ဥကၠာေက်ာ္ဟာ ဆုပန္ထြာရဲ႕အႏုပညာလႈပ္ရွားမႈေတြအတြက္လည္း ေနာက္ကြယ္ကေနကူညီ အားျဖည့္ေပးတတ္တဲ့သူလည္းျဖစ္ပါတယ္။ မၾကာေသးမီကလည္း သူ႔ရဲ႕Facebookစာ မ်က္ ႏွာမွာ “အုပ္ထိန္းသူေတြ ခြင့္ျပဳမယ္ဆိုရင္… ႏိုင္ငံေတာ္အတြက္ ေမတၱာျဖင့္ အခေက်းေငြမယူပဲ ကူညီ႐ိုက္ကူးေပးခ်င္ပါတယ္။ အ႐ိုးသားဆုံးေျပာရရင္ အကယ္ဒမီေတာ့ ဇတ္ပို႔ေနရာကမွန္း ပါတယ္….။
“အေ႐ြးခ်ယ္လည္း ခံခဲ့ရရင္ေပါ့ဗ်ာ။ အတည္ေရးတဲ့ Post ပါ။ တိုက္တိုက္ဆိုင္ဆိုင္ ကြၽန္ေတာ့ရဲ႕ အသက္က ၄၆ ဦးေစာ အဲ့အခ်ိန္ ၄၆ႏွစ္ခ်င္းလည္း တိုက္ဆိုင္တယ္လို႔ၾကားသိရပါတယ္….” ဆိုၿပီးေရးသားထားပါတယ္။ ေကာမန႔္ေတြမွာလည္း ကိုဥကၠာနဲ႔သင့္ေတာ္တယ္လို႔ ပရိတ္သတ္ အမ်ားစုကေရာ၊အႏုပညာရွင္အခ်င္းခ်င္းကပါ ေထာက္ခံေပးေနၾကတာပါေနာ္။ ကဲ….ပရိတ္ သတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source-Okkar Kyaw’s Facebook acc
Photo credit-Okkar Kyaw’s Facebook acc