Cele News

ဆံပင်ညှပ်ဆိုင်ကပေးတဲ့ တစ်နေ့လုပ်အားခ ၅၀၀ နဲ့ ရုန်းကန်ခဲ့ရတဲ့ ဘဝအကြောင်းပြောပြလာတဲ့ ဇေရဲထက်

Written by Aung Lay

လက္ရွိအႏုပညာေလာကမွာ ပရိသတ္အာ႐ုံစူးစိုက္မႈကိုခံေနရသလို မၾကာခဏေကာလဟာလ သတင္းေတြနဲ႔ ႀကဳံေတြရတတ္သူ ေဇရဲထက္က ေတာ့ လုပ္အားခ ၅၀၀ နဲ႔ ႐ုန္းကန္ခဲ့ဖူးတဲ့ သူ႔ရဲ႕ဘဝအေၾကာင္းကိုရင္ဖြင့္ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ေဇရဲထက္က သူ႔အသက္ ၁၇ႏွစ္ေလာက္မွာ ဆံပင္ညႇပ္ဆိုင္မွာအလုပ္လုပ္ခဲ့တာျဖစ္ၿပီး ဆံပင္ညႇပ္ဆိုင္ကေပးတဲ့ တစ္ေန႔ လုပ္အားခေငြ ၅၀၀နဲ႔ ႐ုန္းကန္ျဖတ္သန္းခဲ့ရတဲ့ဘဝေတြကိုတစ္သက္လုံးမေမ့တာဘူးဆိုတဲ့အေၾကာင္းအရာ ကို သူလက္ရွိအသုံးျပဳေနတဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာေရးသားခဲ့တာျဖစ္ပါတယ္။

“အေပၚယံမၾကည့္ပါနဲ႔ ကိုယ့္ထက္ဘဝဆိုးတဲ့လူေတြတပုံႀကီးပါ ကြၽန္ေတာ္ကေတာ့ ကိုယ့္ဘဝကိုကိုယ္နားလည္တယ္ဟိုး တစ္ခ်ိန္က ၁၇ႏွစ္သားေလာက္က မနက္စာစားဖို႔ (ထမင္းေၾကာ္ေလးနဲ႔ဘယာေၾကာ္တခု ၁၅၀က်ပ္ )ကေလးကို တေန႔ဆံပင္ညႇပ္ဆိုင္ကေပးတဲ့ လုပ္အားခ ( ၅၀၀ ) ကို ညစာစားၿပီး မနက္စာခ်န္ခဲ့ရတဲ့ဘဝေတြတသက္လုံးမေမ့သလို ဘဝေတြ ပိုက္ဆံတစ္က်ပ္မွမရွိဘဲ ေက်ာက္ဆည္မွာစားေသာက္ဆိုင္တစ္ဆိုင္ဖြင့္ႏိုင္ေအာင္ႀကိဳးစားခဲ့တယ္။ မိဘေတြဆီက တစ္က်ပ္မွ အပူမယူခဲ့ဖူးဘူး။ဒါေပမယ့္ အေမ့လက္ေအာက္ခံမွာပဲ ကြၽန္ေတာ္ရွိတယ္ အေမနဲ႔အဘြားက ကြၽန္ေတာ္ရဲ႕သက္ရွိဘုရားတစ္ဆူပါ။ ” လို႔သ႐ုပ္ေဆာင္ေဇရဲထက္ကေျပာပါတယ္။

ငယ္စဥ္က တေန႔လုပ္အားခေငြ ၅၀၀ရဖို႔အတြက္ဘဝကိုခက္ခဲစြာျဖတ္သန္းခဲ့ရေပမယ့္ ခုလက္ရွိမွာေတာ့ သ႐ုပ္ေဆာင္ေဇရဲထက္က သ႐ုပ္ေဆာင္ပီျပင္မႈက်ရာဇာတ္႐ုပ္ကိုပီျပင္စြာသ႐ုပ္ေဆာင္ ႏိုင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕အားေပးလက္ခံမႈကိုအခိုင္အမာရရွိထားတဲ့မင္းသားတစ္ဦးလည္းျဖစ္သလို ခုလက္ရွိျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္ေရာဂါကပ္ဆိုးျဖစ္ပြားေနတာနဲ႔ပတ္သက္ၿပီး တတ္ႏိုင္တဲ့ဘက္ ကလႉဒါန္းေပးခဲ့တဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေဇရဲထက္ကေတာ့ ခုလက္ရွိျဖစ္ပြားေနတဲ့Covid -19 ေရာဂါကပ္ဆိုးေၾကာင့္ အႏုပညာအလုပ္ေတြရပ္နားထားရတဲ့အခ်ိန္ေလးမွာ အိမ္မွာေနရင္းမိသားစုနဲ႔အတူဘဝကိုေအးခ်မ္းေပ်ာ္႐ႊင္စြာျဖတ္သန္းေနတဲ့အျပင္ခ်စ္ရတဲ့ပရိသတ္ေတြအတြက္လည္းပိုၿပီးအခ်ိန္ေပးျဖစ္ေနေၾကာင္းသိရပါတယ္။

အကုန္သိ

Unicode

လက်ရှိအနုပညာလောကမှာ ပရိသတ်အာရုံစူးစိုက်မှုကိုခံနေရသလို မကြာခဏကောလဟာလ သတင်းတွေနဲ့ ကြုံတွေရတတ်သူ ဇေရဲထက်က တော့ လုပ်အားခ ၅၀၀ နဲ့ ရုန်းကန်ခဲ့ဖူးတဲ့ သူ့ရဲ့ဘဝအကြောင်းကိုရင်ဖွင့်ပြောပြလာပါတယ်။

သရုပ်ဆောင်ဇေရဲထက်က သူ့အသက် ၁၇နှစ်လောက်မှာ ဆံပင်ညှပ်ဆိုင်မှာအလုပ်လုပ်ခဲ့တာဖြစ်ပြီး ဆံပင်ညှပ်ဆိုင်ကပေးတဲ့ တစ်နေ့ လုပ်အားခငွေ ၅၀၀နဲ့ ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကိုတစ်သက်လုံးမမေ့တာဘူးဆိုတဲ့အကြောင်းအရာ ကို သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။

“အပေါ်ယံမကြည့်ပါနဲ့ ကိုယ့်ထက်ဘဝဆိုးတဲ့လူတွေတပုံကြီးပါ ကျွန်တော်ကတော့ ကိုယ့်ဘဝကိုကိုယ်နားလည်တယ်ဟိုး တစ်ချိန်က ၁၇နှစ်သားလောက်က မနက်စာစားဖို့ (ထမင်းကြော်လေးနဲ့ဘယာကြော်တခု ၁၅၀ကျပ် )ကလေးကို တနေ့ဆံပင်ညှပ်ဆိုင်ကပေးတဲ့ လုပ်အားခ ( ၅၀၀ ) ကို ညစာစားပြီး မနက်စာချန်ခဲ့ရတဲ့ဘဝတွေတသက်လုံးမမေ့သလို ဘဝတွေ ပိုက်ဆံတစ်ကျပ်မှမရှိဘဲ ကျောက်ဆည်မှာစားသောက်ဆိုင်တစ်ဆိုင်ဖွင့်နိုင်အောင်ကြိုးစားခဲ့တယ်။ မိဘတွေဆီက တစ်ကျပ်မှ အပူမယူခဲ့ဖူးဘူး။ဒါပေမယ့် အမေ့လက်အောက်ခံမှာပဲ ကျွန်တော်ရှိတယ် အမေနဲ့အဘွားက ကျွန်တော်ရဲ့သက်ရှိဘုရားတစ်ဆူပါ။ ” လို့သရုပ်ဆောင်ဇေရဲထက်ကပြောပါတယ်။

ငယ်စဉ်က တနေ့လုပ်အားခငွေ ၅၀၀ရဖို့အတွက်ဘဝကိုခက်ခဲစွာဖြတ်သန်းခဲ့ရပေမယ့် ခုလက်ရှိမှာတော့ သရုပ်ဆောင်ဇေရဲထက်က သရုပ်ဆောင်ပီပြင်မှုကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင် နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးလက်ခံမှုကိုအခိုင်အမာရရှိထားတဲ့မင်းသားတစ်ဦးလည်းဖြစ်သလို ခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကပ်ဆိုးဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တတ်နိုင်တဲ့ဘက် ကလှူဒါန်းပေးခဲ့တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။

သရုပ်ဆောင်ဇေရဲထက်ကတော့ ခုလက်ရှိဖြစ်ပွားနေတဲ့Covid -19 ရောဂါကပ်ဆိုးကြောင့် အနုပညာအလုပ်တွေရပ်နားထားရတဲ့အချိန်လေးမှာ အိမ်မှာနေရင်းမိသားစုနဲ့အတူဘဝကိုအေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတဲ့အပြင်ချစ်ရတဲ့ပရိသတ်တွေအတွက်လည်းပိုပြီးအချိန်ပေးဖြစ်နေကြောင်းသိရပါတယ်။

About the author

Aung Lay

Leave a Comment