Cele News Video

မီမီ၀င်းဖေရဲ့သီချင်းလေးတစ်ပုဒ်ကို ကိုယ်တိုင်ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ဗီဒီယိုလေး

Written by Aung Lay




 

Source-Eaindra Kyaw Zin’s Facebook page

Photo credit-Eaindra Kyaw Zin’s Facebook page

Zawgyi

ပရိတ်သတ်ကြီးရေ…..အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ချစ်စရာကောင်းတဲ့ သား သားမီးမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကို တည်ထောင်ထားတဲ့ နိုင်ငံ ကျော် အနုပညာရှင်တွေထဲမှာ အိန္ဒြာကျော်ဇင်လည်းအပါအ၀င်ဖြစ်ပါတယ်။ သူမဟာ မင်းသား ချောပြေတီဦးနဲ့အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာ ပါ။ ဒါ့ပြင်အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမရှိအောင်ကို ထူးချွန်တဲ့သူဖြစ်ပြီး အ ကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။

အိန္ဒြာကျော်ဇင်ဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့် တစ်သားမွေးတသွေးလှနေတာ ဖြစ်ပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါ့ပြင် အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံသာမက ပန်းချီဆွဲတာ၊ဂစ်တာတီးတာတွေမှာပါ ပါရမီပါပြီးထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မကြာသေးမီကလည်း အူဝဲဟာ သူမရဲ့Facebookစာမျက်နှာတွင် “ဟိုးအရင်ထဲက မမီမီဝ င်းဖေ ဆိုထားတာလေးကိုအရမ်းကြိုက်ခဲ့တာ… အခု အူဝဲရဲ့ဆိုတီးလေးကိုသည်း ခံပြီးကြည့် ပေးကြပါဦးနော်….အတီးကလဲ မကျွမ်းကျင် အဆိုကလဲ မတတ် သီချင်းလေး ပျက်သွားရ င်တော့တောင်းပန်ပါတယ်နော်…YouTube Channel လေးကို subscribe လုပ်ထားဖို့ရယ် Notification ခေါင်းလောင်းလေးကိုလဲ နှိပ်ထားဖို့ မမေ့ကြနဲ့ဦးနော်” ဆိုပြီးသူမရဲ့ ဗီဒီယို လေးကိုတင်ပေးလာပါတယ်။ ကဲ….အူဝဲရဲ့ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလို က်ပါတယ်နော်။

Source-Eaindra Kyaw Zin’s Facebook page

Photo credit-Eaindra Kyaw Zin’s Facebook page

About the author

Aung Lay

Leave a Comment