၂၄ ပစ ္စည်း နေ့စဉ်ရွတ်ဖတ်ပူဇော်ခြင်းကြောင့် အသက်ဘေးမှ (၂)ကြိမ်လွတ်မြောက်ခဲ့သူ
ကျွန်တော်ေ န တဲ့ ရွာလေးကတော့…မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာ လေးပဲ ဖြစ်ပါတယ် ။ ယောဒေသက ပေါ့… ရွာ လေး သဘာဝအရ…အားလုံးဟာ တောင်သူလုပ်ငန်းကိုပဲ အမှီပြု လုပ်ကိုင်ကြတာပါ ။
သီတင်းကျွတ်လထဲမှာဆိုရင် ပဲသီးနှံကို စိုက်ပျိုးကြပါတယ် ။ တစ်နေ့တော့…ကျွန်တော့်အဖေနဲ့ အတူ ပဲခင်းထွန်ဖို့ တောတက် လာကြပါတယ် ။ ကျွန်တော်တို့ရဲ့ အခင်း ( ယာ) ဟာ…မြစ်သာမြစ်ရဲ့ အရှေ့ဘက် ကမ်း ခပ်ဝေးဝေး မှာ ရှိပါ တယ် ။ ကျွန်တော်တို့အခင်းကို ဘယ်ဘက် ညာဘက် ချောက်နှစ်ခု ဆုံပြီးနေ တာမို့ အခြားသော အခင်းများနဲ့ နဲနဲလှမ်းနေပါတယ် ။
အခင်းနဲ့ ရွာနဲ့ကဝေးတော့ ညအိပ်ရတာပေါ့…နေ့ဘက် ပဲခင်းထွန်ယက်ပြီး ညဘက်ရောက်ရင် အဖေက အမြဲတမ်း ဖယောင်းတိုင်ထွန်းပြီး ဘုရားရှိခိုး မေတ္တာပို့ အမျှဝေတယ် ။ တစ်ခါ တလေ သနပ်ခါး ရနံ့တွေ ချောက်ထဲကနေ လွင့်တက်လာ တတ်တယ် ။ အဖေကတော့… ဥစ္စာစောင့် ရှိမယ် ထင်တယ်လို့ ပြောတာပါပဲ ။ တစ်နေ့တော့… အဖေက ပြောတယ် ….သားရေ…ဆန်ကုန်တော့မှာမို့ အဖေ ရွာပြန်ပြီး ဆန်သွားယူလိုက်ဦးမယ်နော် ။ မင်းတစ်ယောက်ထဲ ညအိပ်ရဲတယ်မို့လား တဲ့။
ကျွန်တော်ကလည်း ကြောက်စိတ်မရှိတဲ့ အတွက်….ဟုတ် အိပ် ရဲ ပါ တယ်၊ အဖေလို့ ဖြေ လိုက်တာပေါ့… အမှန်တကယ်လည်း ကြောက်စိတ် မရှိပါ ။ အခြောက်မခံရဘူးတော့…ခြောက်တယ်ဆိုတာ စိတ်ထင်လို့ ဖြစ်တာပါလို့ ယူဆထားတယ် ။ အဲဒီညတော့ စောစော စားပြီး ဘုရားရှိခိုးလိုက်တယ်။ ဒါပေမဲ့… အမျှမဝေလိုက်မိဘူး။ အရင်နေ့ညက စောစောအိပ်ပျော်ပြီး ဒီနေ့ညကျမှ ဘယ်လိုဖြစ်မှန်း မသိဘူး။ ည( ၁ )နာရီအထိ အိပ်မပျော်ပဲ ကြောင်တောင်တောင် ဖြစ်နေတယ် ။ တစ်ယောက်ထဲ ဆိုတော့ စိတ်ထဲမှာ ဘာလိုလို ဖြစ်နေ တာပေါ့…တောင်ဘက် က လည်း ချောက် ၊ မြောက်ဘက် ကလည်း ချောက် ဆိုတော့ ရေစပ်စပ် စီးသံလေးတွေ အတိုင်းသား ကြားနေရတယ် ။
( ၂ )နာရီထိုးပြီးတဲ့ အချိန်မှာတော့… အိပ်မက်လိုလို တကယ်လိုလိုနဲ့ ခြေရင်းက တဲတိုင်လုံးထဲမှ မဲမဲသတ္တဝါကြီး တစ်ကောင် ထွက်လာပြီး ကျွန်တော့်လည်ပင်းကို ညှစ်တော့ တာပဲ ။ ရုန်းလို့မရ အော်လို့မရဖြစ်နေတော့… ကျွန်တော်လည်း သမ္ဗုဒ္ဓေရွတ်တယ် ။ ဒါပေမဲ့ မလွှတ် ဘူး ။ ဘုရားဂုဏ်တော် ထပ်ရွတ်တယ်။ ဒါလည်း သူက ဆက်ညှစ်တုန်းပဲ။ နောက်ဆုံးကြံရာမရတော့…( ၂၄ )ပစ္စည်းကို အာရုံ စူးစိုက်ပြီး ဖြေးဖြေး ချင်း ရွတ် လိုက် တယ်။ အဲဒီ အခါ ကြမှ အဲဒီ အကောင်ကြီးက အဲဒါကို မရွတ်နဲ့ လို့ အော် ပြီး တား တယ်။ ကျွန်တော် လည်း သူ ကြောက်မှန်း သိတော့ မနားပဲ ဆက်ရွတ်တာပေါ့… နောက်တော့ အဲဒီအကောင်ကြီးဟာ သူလာရာ တဲတိုင်ကြီးထဲ ပြန်ဝင်သွားတယ်။
ကျွန်တော်လည်း ဖယောင်းတိုင်ထွန်းပြီး မအိပ်တော့ပဲ မိုးလင်းသည်အထိ နေလိုက်တော့တယ်။ ကျွန်တော့်စိတ်ထဲမှာ ( ၂၄ )ပစ္စည်းဟာ…ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်လို့ပဲ ယူဆလိုက်တယ်။ ( ၂၄ )ပစ္စည်းသာ မကယ်ခဲ့ရင်… အဲဒီညက ကျွန်တော့်အသက်ပါသွားမှာ သေချာတယ်။ လည်ပင်းညှစ်ထားတာ တကယ်ခံရခက်တာဗျ။ အဲဒီအချိန်ကစပြီး ယခုအချိန်ထိ ( ၂၄ )ပစ္စည်းကို အမြဲရွတ်ပါတော့တယ်။ နောက်တစ်ကြိမ်ကတော့…မန္တလေးမှာနေတဲ့ အချိန်ပါ။ ၁၃၇၆-ခုနှစ် သင်္ကြန်တုန်း ကပေါ့… မေမြို့အတက်မှာ ကားမှောက်တယ်။ ( ၃ )ယောက်တောင် ဆုံးသွားတယ်လေ။ ကျွန်တော်နဲ့ အတူ ယှဉ်ပြီးစီးတဲ့ ကောင်လေးက ပွဲချင်းပြီး ဆုံးသွားတယ်။
သူက ပက်လက်ကျတာဆိုတော့… ခေါင်းက အောက်ကကျောက်တုံးနဲ့ ဆောင့်မိပြီး ဆုံးသွားတာ။ ကျွန်တော်က မှောက်ရက် ကျတာ ဆိုတော့… အောက်က ကျောက်တုံး နဲ့ ထိ ပြီး မျက်နှာ စုတ်ပြတ် သတ် သွား တယ် ။ ရုတ်တရက် တော့ သတိမေ့ သွားတာပေါ့…ကိုယ့်ကိုယ်ကို ဘယ်သူမှန်း ဘယ်ကလာမှန်း ကိုယ့်နာမည်ကိုယ်တောင် မမှတ်မိဘူး။ ဒါပေမဲ့… အံ့သြစရာကောင်းတာက (၂၄ )ပစ္စည်းကျတော့ မမေ့ဘူးဗျာ။
ကျွန်တော်လည်း အာရုံစုစည်းပြီး ရွတ်လိုက်တော့ ချက်ချင်း ကိုယ့်ကိုယ်ကို သတိရလာတယ်။ ( ၂၄ )ပစ္စည်းကို ယုံကြည်တော့ မျက်နှာစုတ်ပြတ် သွားပေမဲ့ ဆရာဝန်နဲ့ချုပ်ပြီး မကြာမီ အမာရွတ်တောင် မကျန်အောင် ပျောက်ကင်းသွားပါတယ်။ ( ၂၄ )ပစ္စည်းဟာ ဒုတိယအကြိမ် ကျွန်တော့်အသက်နဲ့ ရုပ်အဆင်းကို ကယ်လိုက်တာပါပဲ။ ကျွန်တော်ကတော့…( ၂၄ )ပစ္စည်းကို အကြွင်းမဲ့ ယုံကြည်ထားလိုက်ပါပြီ။
Credit : အရှင်ပုည( ဝကုန်း )
Zawgyi
၂၄ ပစ ၥည္း ေန႔စဥ္ရြတ္ဖတ္ပူေဇာ္ျခင္းေၾကာင့္ အသက္ေဘးမွ (၂)ႀကိမ္လြတ္ေျမာက္ခဲ့သူ
ကြၽန္ေတာ္ေ န တဲ့ ႐ြာေလးကေတာ့…မေကြးတိုင္း ေဒသႀကီး ဂန႔္ေဂါၿမိဳ႕နယ္ ေ႐ႊဘိုေက်း႐ြာ ေလးပဲ ျဖစ္ပါတယ္ ။ ေယာေဒသက ေပါ့… ႐ြာ ေလး သဘာဝအရ…အားလုံးဟာ ေတာင္သူလုပ္ငန္းကိုပဲ အမွီျပဳ လုပ္ကိုင္ၾကတာပါ ။
သီတင္းကြၽတ္လထဲမွာဆိုရင္ ပဲသီးႏွံကို စိုက္ပ်ိဳးၾကပါတယ္ ။ တစ္ေန႔ေတာ့…ကြၽန္ေတာ့္အေဖနဲ႔ အတူ ပဲခင္းထြန္ဖို႔ ေတာတက္ လာၾကပါတယ္ ။ ကြၽန္ေတာ္တို႔ရဲ႕ အခင္း ( ယာ) ဟာ…ျမစ္သာျမစ္ရဲ႕ အေရွ႕ဘက္ ကမ္း ခပ္ေဝးေဝး မွာ ရွိပါ တယ္ ။ ကြၽန္ေတာ္တို႔အခင္းကို ဘယ္ဘက္ ညာဘက္ ေခ်ာက္ႏွစ္ခု ဆုံၿပီးေန တာမို႔ အျခားေသာ အခင္းမ်ားနဲ႔ နဲနဲလွမ္းေနပါတယ္ ။
အခင္းနဲ႔ ႐ြာနဲ႔ကေဝးေတာ့ ညအိပ္ရတာေပါ့…ေန႔ဘက္ ပဲခင္းထြန္ယက္ၿပီး ညဘက္ေရာက္ရင္ အေဖက အၿမဲတမ္း ဖေယာင္းတိုင္ထြန္းၿပီး ဘုရားရွိခိုး ေမတၱာပို႔ အမွ်ေဝတယ္ ။ တစ္ခါ တေလ သနပ္ခါး ရနံ႔ေတြ ေခ်ာက္ထဲကေန လြင့္တက္လာ တတ္တယ္ ။ အေဖကေတာ့… ဥစၥာေစာင့္ ရွိမယ္ ထင္တယ္လို႔ ေျပာတာပါပဲ ။ တစ္ေန႔ေတာ့… အေဖက ေျပာတယ္ ….သားေရ…ဆန္ကုန္ေတာ့မွာမို႔ အေဖ ႐ြာျပန္ၿပီး ဆန္သြားယူလိုက္ဦးမယ္ေနာ္ ။ မင္းတစ္ေယာက္ထဲ ညအိပ္ရဲတယ္မို႔လား တဲ့။
ကြၽန္ေတာ္ကလည္း ေၾကာက္စိတ္မရွိတဲ့ အတြက္….ဟုတ္ အိပ္ ရဲ ပါ တယ္၊ အေဖလို႔ ေျဖ လိုက္တာေပါ့… အမွန္တကယ္လည္း ေၾကာက္စိတ္ မရွိပါ ။ အေျခာက္မခံရဘူးေတာ့…ေျခာက္တယ္ဆိုတာ စိတ္ထင္လို႔ ျဖစ္တာပါလို႔ ယူဆထားတယ္ ။ အဲဒီညေတာ့ ေစာေစာ စားၿပီး ဘုရားရွိခိုးလိုက္တယ္။ ဒါေပမဲ့… အမွ်မေဝလိုက္မိဘူး။ အရင္ေန႔ညက ေစာေစာအိပ္ေပ်ာ္ၿပီး ဒီေန႔ညက်မွ ဘယ္လိုျဖစ္မွန္း မသိဘူး။ ည( ၁ )နာရီအထိ အိပ္မေပ်ာ္ပဲ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတယ္ ။ တစ္ေယာက္ထဲ ဆိုေတာ့ စိတ္ထဲမွာ ဘာလိုလို ျဖစ္ေန တာေပါ့…ေတာင္ဘက္ က လည္း ေခ်ာက္ ၊ ေျမာက္ဘက္ ကလည္း ေခ်ာက္ ဆိုေတာ့ ေရစပ္စပ္ စီးသံေလးေတြ အတိုင္းသား ၾကားေနရတယ္ ။
( ၂ )နာရီထိုးၿပီးတဲ့ အခ်ိန္မွာေတာ့… အိပ္မက္လိုလို တကယ္လိုလိုနဲ႔ ေျခရင္းက တဲတိုင္လုံးထဲမွ မဲမဲသတၱဝါႀကီး တစ္ေကာင္ ထြက္လာၿပီး ကြၽန္ေတာ့္လည္ပင္းကို ညႇစ္ေတာ့ တာပဲ ။ ႐ုန္းလို႔မရ ေအာ္လို႔မရျဖစ္ေနေတာ့… ကြၽန္ေတာ္လည္း သမၺဳေဒၶ႐ြတ္တယ္ ။ ဒါေပမဲ့ မလႊတ္ ဘူး ။ ဘုရားဂုဏ္ေတာ္ ထပ္႐ြတ္တယ္။ ဒါလည္း သူက ဆက္ညႇစ္တုန္းပဲ။ ေနာက္ဆုံးႀကံရာမရေတာ့…( ၂၄ )ပစၥည္းကို အာ႐ုံ စူးစိုက္ၿပီး ေျဖးေျဖး ခ်င္း ႐ြတ္ လိုက္ တယ္။ အဲဒီ အခါ ၾကမွ အဲဒီ အေကာင္ႀကီးက အဲဒါကို မ႐ြတ္နဲ႔ လို႔ ေအာ္ ၿပီး တား တယ္။ ကြၽန္ေတာ္ လည္း သူ ေၾကာက္မွန္း သိေတာ့ မနားပဲ ဆက္႐ြတ္တာေပါ့… ေနာက္ေတာ့ အဲဒီအေကာင္ႀကီးဟာ သူလာရာ တဲတိုင္ႀကီးထဲ ျပန္ဝင္သြားတယ္။
ကြၽန္ေတာ္လည္း ဖေယာင္းတိုင္ထြန္းၿပီး မအိပ္ေတာ့ပဲ မိုးလင္းသည္အထိ ေနလိုက္ေတာ့တယ္။ ကြၽန္ေတာ့္စိတ္ထဲမွာ ( ၂၄ )ပစၥည္းဟာ…ကြၽန္ေတာ့္ရဲ႕ အသက္သခင္ေက်းဇူးရွင္လို႔ပဲ ယူဆလိုက္တယ္။ ( ၂၄ )ပစၥည္းသာ မကယ္ခဲ့ရင္… အဲဒီညက ကြၽန္ေတာ့္အသက္ပါသြားမွာ ေသခ်ာတယ္။ လည္ပင္းညႇစ္ထားတာ တကယ္ခံရခက္တာဗ်။ အဲဒီအခ်ိန္ကစၿပီး ယခုအခ်ိန္ထိ ( ၂၄ )ပစၥည္းကို အၿမဲ႐ြတ္ပါေတာ့တယ္။ ေနာက္တစ္ႀကိမ္ကေတာ့…မႏၲေလးမွာေနတဲ့ အခ်ိန္ပါ။ ၁၃၇၆-ခုႏွစ္ သႀကၤန္တုန္း ကေပါ့… ေမၿမိဳ႕အတက္မွာ ကားေမွာက္တယ္။ ( ၃ )ေယာက္ေတာင္ ဆုံးသြားတယ္ေလ။ ကြၽန္ေတာ္နဲ႔ အတူ ယွဥ္ၿပီးစီးတဲ့ ေကာင္ေလးက ပြဲခ်င္းၿပီး ဆုံးသြားတယ္။
သူက ပက္လက္က်တာဆိုေတာ့… ေခါင္းက ေအာက္ကေက်ာက္တုံးနဲ႔ ေဆာင့္မိၿပီး ဆုံးသြားတာ။ ကြၽန္ေတာ္က ေမွာက္ရက္ က်တာ ဆိုေတာ့… ေအာက္က ေက်ာက္တုံး နဲ႔ ထိ ၿပီး မ်က္ႏွာ စုတ္ျပတ္ သတ္ သြား တယ္ ။ ႐ုတ္တရက္ ေတာ့ သတိေမ့ သြားတာေပါ့…ကိုယ့္ကိုယ္ကို ဘယ္သူမွန္း ဘယ္ကလာမွန္း ကိုယ့္နာမည္ကိုယ္ေတာင္ မမွတ္မိဘူး။ ဒါေပမဲ့… အံ့ၾသစရာေကာင္းတာက (၂၄ )ပစၥည္းက်ေတာ့ မေမ့ဘူးဗ်ာ။
ကြၽန္ေတာ္လည္း အာ႐ုံစုစည္းၿပီး ႐ြတ္လိုက္ေတာ့ ခ်က္ခ်င္း ကိုယ့္ကိုယ္ကို သတိရလာတယ္။ ( ၂၄ )ပစၥည္းကို ယုံၾကည္ေတာ့ မ်က္ႏွာစုတ္ျပတ္ သြားေပမဲ့ ဆရာဝန္နဲ႔ခ်ဳပ္ၿပီး မၾကာမီ အမာ႐ြတ္ေတာင္ မက်န္ေအာင္ ေပ်ာက္ကင္းသြားပါတယ္။ ( ၂၄ )ပစၥည္းဟာ ဒုတိယအႀကိမ္ ကြၽန္ေတာ့္အသက္နဲ႔ ႐ုပ္အဆင္းကို ကယ္လိုက္တာပါပဲ။ ကြၽန္ေတာ္ကေတာ့…( ၂၄ )ပစၥည္းကို အႂကြင္းမဲ့ ယုံၾကည္ထားလိုက္ပါၿပီ။
Credit : အရွင္ပုည( ဝကုန္း )