ကြၽန္မ ရင္ဖြင့္ပါရေစ က်မက နိုင္ငံျခား မွာ အိမ္ေဖာ္လုပ္ပါတယ္ တေနကုန္ အလုပ္လု ပ္ရ ပါ တယ္ ပင္ပန္းပါတယ္ တခါတေလႏွိ ပ္စက္ခံရ ပါတယ္ တခါတေလ အဆဲ အဆိုခံ ရ ပါ တယ္…
အခန့္ မသင့္ ရင္ အသက္ခံရနိုင္ ပါ တယ္ မုဒိန္းက်င့္ ခံရနိုင္တယ္… ဒါေပမယ့္ပိုက္ဆံရတယ္ရွင့္ က်မအိမ္ကိုေငြပို႔နိုင္တယ္ က်မပင္ပန္းလည္း က်မဆင္းရဲလည္း က်မငိုေႂကြးေန လည္း က်မ ညည္းၫူ ေနလည္း က်မအိမ္က လူေတြ ထမင္း ဝဝစား နိုင္တယ္
အိပ္ေရးဝဝအိပ္နိုင္ တယ္ ညဘက္ တီဗြီၾကည့္ရင္းပန္ကာေလး နဲ႕ ေအးေအး လူလူ ေကာ္ဖီေသာက္ေနနိုင္ တယ္ က်မေက်နပ္တယ္။ “သခင္မ်ိဳးေဟ့ တို႔ဗမာ ”ဆိုတဲ့ေဆာင္ပုဒ္ က်မၾကားဖူးတယ္ က်မၿပဳံးမိတယ္.. က်မတို႔ ဘဝေတြ အတြက္ေတာ့ ေခြးသခင္ျဖစ္ဖို႔ေတာင္ ေခြးစာမတတ္နိုင္ လို႔မေမြးနိုင္ ဘူးေလ ထားပါ.
ေဆာင္ပုဒ္ေတြေအာက္မွာ က်မအငတ္မခံနိုင္ဘူး က်မမိသားစု ကို လည္း အငတ္ မထားနိုင္ဘူး ဒါေပမယ့္ က်မဒီေဆာင္ ပုဒ္ေလး ကို အရမ္း ပင္ပန္းလာတဲ့ေန႕ေတြမွာ ႏႈတ္က တိုးတိုးေလး႐ြတ္ဆိုေန တုန္း ပဲ ။ “ထုတ္ကုန္ႏွစ္ဆတိုးျမႇင့္ၾက” တဲ့ သိပ္မွန္တယ္ရွင့္ က်မတို႔နိုင္ငံမွာအေပါဆုံးထုတ္ကုန္ကလူပဲ ကမာၻတလႊား ေရာက္ေနတဲ့က်မတို႔လူမ်ိဳးေတြ သန္းနဲ႕ခ်ီ ရွိတယ္ ႀကဳံရာက်ပန္းလုပ္ေနၾကရတာ တခ်ိဳ႕လည္းေငြစုမိတယ္ တခ်ိဳ႕လည္းအသတ္ခံရတယ္ တခ်ိဳ႕လည္းဘဝေတြပ်က္ၾကတယ္ တခ်ိဳ႕လည္းအဆင္ေျပၾက တယ္ ။ “သယံဇာတေပါတဲ့ဒို႔ ရဲ႕ တိုင္းျပည္ ” တဲ့ က်မၿပဳံး မိတယ္ က်မတို႔ေဒသ မွာ ေတာေတြေတာင္ေတြ တြင္းေတြ မွ အမ်ားႀကီး ဒါေတြက်မတို႔ မပိုင္ဘူး
က်မတို႔နဲ႕မဆိုင္ဘူး လူမ်ိဳးျခားေတြ နဲ႕ သာဆိုင္တယ္ “တို႔ေျမကိုတစ္လက္မအထိမခံ”ဆိုတဲ့ ေဆာင္ပုဒ္ေအာက္မွာ လက္မေလာက္ကိုလာမေျပာနဲ႕ မိုင္လိုက္ၿခံစည္းရိုးခတ္ၾကၿပီး လုံၿခဳံေရးပါခ်ေပးထားတာ က်မတို႔ေဒသမွာ ရွိတဲ့ အရာေတြ နဲ႕ က်မတို ႔ေအးေအးေဆးေဆး ထိုင္စားလို႔ရ ပါလ်က္ နဲ႕က်မ တို႔ ငတ္ေနရတယ္ မတတ္နိုင္ဘူးေလ “ျပည္ပ အားကိုးပုဆိန္ရိုး”ဆိုေပမယ့္ အားကိုးစရာ ေရာင္းစရာ ဆိုလို႔ ျပည္ပပဲရွိတာကိုး… ျပည္တြင္းမွာအားကိုးစရာဆိုတာလည္း သူတို႔တသိုက္ပဲရွိတာဆိုေတာ့….. ဆိုေတာ့ေပါ့ေလ… က်မတို႔ေဒသကေန အိမ္ေဖာ္ထြက္လုပ္ၾက တဲ့ အလုပ္ၾကမ္း ထြက္လုပ္ၾကတဲ့သူေတြ ေထာင္နဲ႕ခ်ီရွိတယ္ရွင့္
အခ်ိန္တန္အိမ္ကိုေငြပို႔ၾကတယ္ အဲဒီေငြ နဲ႕က်မတို႔ေဒသ အဆင္ေျပၾကတယ္ ဘာတဲ့ “ျပည့္အင္အားသည္ျပည္တြင္းမွာသာရွိသည္”တဲ့ က်မတို႔႐ြာမွာကေလးငယ္ေတြနဲ႕ အဖိုးအဖြားေတြပဲက်န္ခဲ့တယ္ “လူ႕စြမ္းအားအရင္းအျမစ္”တဲ့ၾကားဖူး တယ္ လုပ္နိုင္ကိုင္နိုင္ ေတြးနိုင္ေခၚနိုင္တဲ့ အ႐ြယ္ေကာင္းေတြအကုန္အျပင္မွာ က်န္ခဲ့တဲ့လူေတြကလည္း သင္ထားတဲ့ပညာရပ္ေတြကို ထပ္မံေလ့လာၿပီး အျပင္ထြက္ဖို႔ျပင္ေနၾကတာဒုနဲ႕ေဒး “ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာနိုင္ငံေတာ္သစ္ႀကီး” ကိုဘယ္လိုတည္ေဆာက္ၾကမလဲရွင့္
ဒီ အဖိုးအဖြားေတြ လူမမည္ကေလးေတြနဲ႕။ ႐ြာလုံးကြၽတ္ထိုင္းမွာအလုပ္သြားလုပ္ၾကတယ္ ႐ြာကိုပိုက္ဆံျပန္ပို႔ၿပီး ႐ြာလုံးကြၽတ္ပဲ ထိုင္းကပစၥည္းေတြ ျပန္ဝယ္သုံးၾကတယ္ “ဝင္ေငြလည္ပတ္စီးဆင္းမႈ”တဲ့ သင္ဖူးတယ္ ဘယ္ကရၿပီး ဘယ္ကို ျပန္လည္ပတ္မွာလဲရွင့္.. က္မလား .. က်မ ဘြဲ႕ရတယ္ရွင့္ “ပညာေရးေဝးသည္မရွိ”ဆိုတဲ့ ေဆာင္ပုဒ္ေအာက္မွာအေဝးသင္ဘြဲ႕ရခဲ့ပါတယ္
က်မတို႔လူမ်ိဳးေတြ ရဲ႕ ထုံးစံအတိုင္းဘြဲ႕ယူၿပီး မိဘေက်းဇူးက်မဆပ္ခဲ့ပါတယ္ ဘြဲ႕ဓာတ္ပုံလား ရွိတယ္ရွင့္ အိမ္မွာခ်ိတ္ထားတယ္ က်မလား မရွက္ဖူးရွင့္ ဆရာဝန္ဘြဲ႕ အင္ဂ်င္နီယာဘြဲ႕ရေတြေတာင္ ဒီမွာ အလုပ္မ်ိဳးစုံ လုပ္ေနၾကတာ ပါ “ ပညာေရး ဆိုတာျပန္မရတဲ့ရင္းႏွီးျမႇ ုပ္ႏွံမႈ”ေပါ့ သင္ေပးလိုက္ၿပီး အကုန္အျပင္ထြက္ၾကတာ သူေျပာတာလည္းမွန္ပါတယ္။
က်မလား အမ်ိဳးခ်စ္တာေပါ့ရွင္ က်မလူမ်ိဳး က်မဘာသာကိုခ်စ္တာေပါ့ က်မခံယူထားတဲ့မ်ိဳးခ်စ္စိတ္က က်မလူမ်ိဳးေတြငတ္ေနတာကိုေကြၽးခ်င္တယ္ က်မလူမ်ိဳးေတြ ပညာမတတ္ၾကတာကို ပညာသင္ေပးခ်င္တယ္ မတရားမႈေပါင္းစုံကိုခါးစည္းခံေနရတာကို ကယ္တင္ေပးခ်င္တယ္ အဲ့အတြက္က်မအလုပ္လုပ္တယ္ မ်ိဳးခ်စ္ဘာသာခ်စ္ဆိုၿပီး သူမ်ားလူမ်ိဳး သူမ်ားဘာသာကို အလကားေနေအာ္ဆဲေနမယ့္အစား က်မ ကြၽန္သြားခံလိုက္တယ္ ပိုက္ဆံရမွက်မမိသားစုအဆင္ေျပမယ္ေလ
က်မမိသားစုအဆင္ေျပမွ က်မလူမ်ိဳးကိုေထာက္ပံ့လို႔ရမယ္ ဒါက်မခံယူခ်က္ပဲ “မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ထက္ျမက္ေရး” ေဆာင္ပုဒ္ေအာက္မွာ အမ်ိဳးေတြအကုန္လုံးဘီလီယံနဲ႕ခ်ီ ခ်မ္းသာသြားၾကတာဘယ္သူေတြလဲ က်မလား နိုင္ငံေရးေတြဘာေတြသိပ္မသိဘူးရွင့္ သယံဇာတေတြကာကြယ္ေပးေနတယ္ေျပာၿပီး ေရာင္းေရာင္းစားသြားတာဘယ္သူေတြလည္း သိခ်င္တာ ေရာင္းရတဲ့ဟာေတြဘယ္သူေတြရၿပီး ဘာေတြလုပ္ၾကလည္းသိခ်င္တာ အမ်ိဳးဘာသာသာသနာလို႔ ဖင္ကုန္းေအာ္ေနၾကၿပီး တျပည္လုံးကတရားဝင္ခြင့္ျပဳခ်က္နဲ႕ေဆာက္ထားတဲ့ဘာသာျခားအေဆာက္အအုံေတြကို ဘယ္သူခြင့္ျပဳခဲ့တာလဲ လူမ်ိဳးျခားဘာသာျခား ထိပ္ပိုင္းအခ်င္းခ်င္းေတြနဲ႕ေတာ့ သူတို႔ခ်င္း လက္ဝါးရိုက္ေပါင္းစားေနၿပီး ေအာက္ေျခမွာသတ္ျဖတ္ေနၾကတာ ဘာ့ေၾကာင့္လဲ ၿငိမ္းခ်မ္းေရးဆိုတဲ့ ေဆာင္ပုဒ္အမ်ိဳးမ်ိဳးေတြေအာက္မွာ က်မတသက္မက တိုက္လို႔ခိုက္လို႔မၿပီးနိုင္ၾကတာ ဘာ့ေၾကာင့္လဲ ေၾကာက္စရာေကာင္းေလာက္ေအာင္ မတရားခ်မ္းသာေနတဲ့လူတစ္စုက ဘယ္လိုခ်မ္းသာလာတာလဲ
အေပၚမွာက်မေျပာထားတဲ့ သုံးစားလို႔မရတဲ့ေဆာင္ပုဒ္ေတြကို ဘယ္သူေရးခဲ့တာလဲ ဒါေလးပါဘဲ ေျပာရရင္ေတာ့အမ်ားႀကီးေပါ့ရွင္……. ေလာေလာဆယ္ေတာ့ က်မအေမေနမေကာင္းဘူးတဲ့ “စားရိတ္မွ်ေပးက်န္းမာေရး”ဆိုတဲ့ေဆး႐ုံမွာ ေဆးထိုးအပ္မရွိ ဂြမ္းမရွိလို႔ ၿမိဳ႕ေပၚထိတက္ကုရမွာ က်မပိုက္ဆံပို႔ရဦးမယ္ ဒါေၾကာင့္ က်မ အလုပ္လုပ္လိုက္ဦးမယ္…..။
Credit: ပုံ-ဧရာဝတီ အဂၤလိပ္ပိုင္း ေမတၱာျဖင့္
Unicode
ကျွန်မ ရင်ဖွင့်ပါရစေ ကျမက နိုင်ငံခြား မှာ အိမ်ဖော်လုပ်ပါတယ် တနေကုန် အလုပ်လု ပ်ရ ပါ တယ် ပင်ပန်းပါတယ် တခါတလေနှိ ပ်စက်ခံရ ပါတယ် တခါတလေ အဆဲ အဆိုခံ ရ ပါ တယ်…
အခန့် မသင့် ရင် အသက်ခံရနိုင် ပါ တယ် မုဒိန်းကျင့် ခံရနိုင်တယ်… ဒါပေမယ့်ပိုက်ဆံရတယ်ရှင့် ကျမအိမ်ကိုငွေပို့နိုင်တယ် ကျမပင်ပန်းလည်း ကျမဆင်းရဲလည်း ကျမငိုကြွေးနေ လည်း ကျမ ညည်းညူ နေလည်း ကျမအိမ်က လူတွေ ထမင်း ဝဝစား နိုင်တယ်
အိပ်ရေးဝဝအိပ်နိုင် တယ် ညဘက် တီဗွီကြည့်ရင်းပန်ကာလေး နဲ့ အေးအေး လူလူ ကော်ဖီသောက်နေနိုင် တယ် ကျမကျေနပ်တယ်။ “သခင်မျိုးဟေ့ တို့ဗမာ ”ဆိုတဲ့ဆောင်ပုဒ် ကျမကြားဖူးတယ် ကျမပြုံးမိတယ်.. ကျမတို့ ဘဝတွေ အတွက်တော့ ခွေးသခင်ဖြစ်ဖို့တောင် ခွေးစာမတတ်နိုင် လို့မမွေးနိုင် ဘူးလေ ထားပါ.
ဆောင်ပုဒ်တွေအောက်မှာ ကျမအငတ်မခံနိုင်ဘူး ကျမမိသားစု ကို လည်း အငတ် မထားနိုင်ဘူး ဒါပေမယ့် ကျမဒီဆောင် ပုဒ်လေး ကို အရမ်း ပင်ပန်းလာတဲ့နေ့တွေမှာ နှုတ်က တိုးတိုးလေးရွတ်ဆိုနေ တုန်း ပဲ ။ “ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ” တဲ့ သိပ်မှန်တယ်ရှင့် ကျမတို့နိုင်ငံမှာအပေါဆုံးထုတ်ကုန်ကလူပဲ ကမ္ဘာတလွှား ရောက်နေတဲ့ကျမတို့လူမျိုးတွေ သန်းနဲ့ချီ ရှိတယ် ကြုံရာကျပန်းလုပ်နေကြရတာ တချို့လည်းငွေစုမိတယ် တချို့လည်းအသတ်ခံရတယ် တချို့လည်းဘဝတွေပျက်ကြတယ် တချို့လည်းအဆင်ပြေကြ တယ် ။ “သယံဇာတပေါတဲ့ဒို့ ရဲ့ တိုင်းပြည် ” တဲ့ ကျမပြုံး မိတယ် ကျမတို့ဒေသ မှာ တောတွေတောင်တွေ တွင်းတွေ မှ အများကြီး ဒါတွေကျမတို့ မပိုင်ဘူး
ကျမတို့နဲ့မဆိုင်ဘူး လူမျိုးခြားတွေ နဲ့ သာဆိုင်တယ် “တို့မြေကိုတစ်လက်မအထိမခံ”ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ လက်မလောက်ကိုလာမပြောနဲ့ မိုင်လိုက်ခြံစည်းရိုးခတ်ကြပြီး လုံခြုံရေးပါချပေးထားတာ ကျမတို့ဒေသမှာ ရှိတဲ့ အရာတွေ နဲ့ ကျမတို့အေးအေးဆေးဆေး ထိုင်စားလို့ရ ပါလျက် နဲ့ကျမ တို့ ငတ်နေရတယ် မတတ်နိုင်ဘူးလေ “ပြည်ပ အားကိုးပုဆိန်ရိုး”ဆိုပေမယ့် အားကိုးစရာ ရောင်းစရာ ဆိုလို့ ပြည်ပပဲရှိတာကိုး… ပြည်တွင်းမှာအားကိုးစရာဆိုတာလည်း သူတို့တသိုက်ပဲရှိတာဆိုတော့….. ဆိုတော့ပေါ့လေ… ကျမတို့ဒေသကနေ အိမ်ဖော်ထွက်လုပ်ကြ တဲ့ အလုပ်ကြမ်း ထွက်လုပ်ကြတဲ့သူတွေ ထောင်နဲ့ချီရှိတယ်ရှင့်
အချိန်တန်အိမ်ကိုငွေပို့ကြတယ် အဲဒီငွေ နဲ့ကျမတို့ဒေသ အဆင်ပြေကြတယ် ဘာတဲ့ “ပြည့်အင်အားသည်ပြည်တွင်းမှာသာရှိသည်”တဲ့ ကျမတို့ရွာမှာကလေးငယ်တွေနဲ့ အဖိုးအဖွားတွေပဲကျန်ခဲ့တယ် “လူ့စွမ်းအားအရင်းအမြစ်”တဲ့ကြားဖူး တယ် လုပ်နိုင်ကိုင်နိုင် တွေးနိုင်ခေါ်နိုင်တဲ့ အရွယ်ကောင်းတွေအကုန်အပြင်မှာ ကျန်ခဲ့တဲ့လူတွေကလည်း သင်ထားတဲ့ပညာရပ်တွေကို ထပ်မံလေ့လာပြီး အပြင်ထွက်ဖို့ပြင်နေကြတာဒုနဲ့ဒေး “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး” ကိုဘယ်လိုတည်ဆောက်ကြမလဲရှင့်
ဒီ အဖိုးအဖွားတွေ လူမမည်ကလေးတွေနဲ့။ ရွာလုံးကျွတ်ထိုင်းမှာအလုပ်သွားလုပ်ကြတယ် ရွာကိုပိုက်ဆံပြန်ပို့ပြီး ရွာလုံးကျွတ်ပဲ ထိုင်းကပစ္စည်းတွေ ပြန်ဝယ်သုံးကြတယ် “ဝင်ငွေလည်ပတ်စီးဆင်းမှု”တဲ့ သင်ဖူးတယ် ဘယ်ကရပြီး ဘယ်ကို ပြန်လည်ပတ်မှာလဲရှင့်.. က်မလား .. ကျမ ဘွဲ့ရတယ်ရှင့် “ပညာရေးဝေးသည်မရှိ”ဆိုတဲ့ ဆောင်ပုဒ်အောက်မှာအဝေးသင်ဘွဲ့ရခဲ့ပါတယ်
ကျမတို့လူမျိုးတွေ ရဲ့ ထုံးစံအတိုင်းဘွဲ့ယူပြီး မိဘကျေးဇူးကျမဆပ်ခဲ့ပါတယ် ဘွဲ့ဓာတ်ပုံလား ရှိတယ်ရှင့် အိမ်မှာချိတ်ထားတယ် ကျမလား မရှက်ဖူးရှင့် ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့ရတွေတောင် ဒီမှာ အလုပ်မျိုးစုံ လုပ်နေကြတာ ပါ “ ပညာရေး ဆိုတာပြန်မရတဲ့ရင်းနှီးမြှ ုပ်နှံမှု”ပေါ့ သင်ပေးလိုက်ပြီး အကုန်အပြင်ထွက်ကြတာ သူပြောတာလည်းမှန်ပါတယ်။
ကျမလား အမျိုးချစ်တာပေါ့ရှင် ကျမလူမျိုး ကျမဘာသာကိုချစ်တာပေါ့ ကျမခံယူထားတဲ့မျိုးချစ်စိတ်က ကျမလူမျိုးတွေငတ်နေတာကိုကျွေးချင်တယ် ကျမလူမျိုးတွေ ပညာမတတ်ကြတာကို ပညာသင်ပေးချင်တယ် မတရားမှုပေါင်းစုံကိုခါးစည်းခံနေရတာကို ကယ်တင်ပေးချင်တယ် အဲ့အတွက်ကျမအလုပ်လုပ်တယ် မျိုးချစ်ဘာသာချစ်ဆိုပြီး သူများလူမျိုး သူများဘာသာကို အလကားနေအော်ဆဲနေမယ့်အစား ကျမ ကျွန်သွားခံလိုက်တယ် ပိုက်ဆံရမှကျမမိသားစုအဆင်ပြေမယ်လေ
ကျမမိသားစုအဆင်ပြေမှ ကျမလူမျိုးကိုထောက်ပံ့လို့ရမယ် ဒါကျမခံယူချက်ပဲ “မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ဆောင်ပုဒ်အောက်မှာ အမျိုးတွေအကုန်လုံးဘီလီယံနဲ့ချီ ချမ်းသာသွားကြတာဘယ်သူတွေလဲ ကျမလား နိုင်ငံရေးတွေဘာတွေသိပ်မသိဘူးရှင့် သယံဇာတတွေကာကွယ်ပေးနေတယ်ပြောပြီး ရောင်းရောင်းစားသွားတာဘယ်သူတွေလည်း သိချင်တာ ရောင်းရတဲ့ဟာတွေဘယ်သူတွေရပြီး ဘာတွေလုပ်ကြလည်းသိချင်တာ အမျိုးဘာသာသာသနာလို့ ဖင်ကုန်းအော်နေကြပြီး တပြည်လုံးကတရားဝင်ခွင့်ပြုချက်နဲ့ဆောက်ထားတဲ့ဘာသာခြားအဆောက်အအုံတွေကို ဘယ်သူခွင့်ပြုခဲ့တာလဲ လူမျိုးခြားဘာသာခြား ထိပ်ပိုင်းအချင်းချင်းတွေနဲ့တော့ သူတို့ချင်း လက်ဝါးရိုက်ပေါင်းစားနေပြီး အောက်ခြေမှာသတ်ဖြတ်နေကြတာ ဘာ့ကြောင့်လဲ ငြိမ်းချမ်းရေးဆိုတဲ့ ဆောင်ပုဒ်အမျိုးမျိုးတွေအောက်မှာ ကျမတသက်မက တိုက်လို့ခိုက်လို့မပြီးနိုင်ကြတာ ဘာ့ကြောင့်လဲ ကြောက်စရာကောင်းလောက်အောင် မတရားချမ်းသာနေတဲ့လူတစ်စုက ဘယ်လိုချမ်းသာလာတာလဲ
အပေါ်မှာကျမပြောထားတဲ့ သုံးစားလို့မရတဲ့ဆောင်ပုဒ်တွေကို ဘယ်သူရေးခဲ့တာလဲ ဒါလေးပါဘဲ ပြောရရင်တော့အများကြီးပေါ့ရှင်……. လောလောဆယ်တော့ ကျမအမေနေမကောင်းဘူးတဲ့ “စားရိတ်မျှပေးကျန်းမာရေး”ဆိုတဲ့ဆေးရုံမှာ ဆေးထိုးအပ်မရှိ ဂွမ်းမရှိလို့ မြို့ပေါ်ထိတက်ကုရမှာ ကျမပိုက်ဆံပို့ရဦးမယ် ဒါကြောင့် ကျမ အလုပ်လုပ်လိုက်ဦးမယ်…..။
Credit: ပုံ-ဧရာဝတီ အင်္ဂလိပ်ပိုင်း မေတ္တာဖြင့်