ၾကားသိရသမ်ွ

ထမင်းဆိုင်တွေ အကုန်ပိတ်ထားလို့ ဒုက္ခရောက်လာကြတဲ့ ခရီးသွားများအတွက် သူမရဲ့ ကုသိုလ်… သာဓုဗျ

Written by Aung Lay






ကုန်ရင်ထပ်ချက်မယ်လေ ခဏပါပဲ မကြာပါဘူး ငါးပိကြော်က အဆင်သင့် ငါးကြော်ကလဲ အဆင်သင့် ထမင်းအိုး တစ်လုံး နဲ့ ကြက်ဥထပ်ကြော်ရုံပဲနော်






အာ့ဆွင် နင်တို့ကိုလဲဓာတ်ပုံပြန်ရိုက်မယ်ဆိုတော့ ရိုက်ပါအမတဲ့ ငါကလိုင်းပေါ်တင်မှာနော်ဆိုတော့ တင်ပါတဲ့လေ

















ယခုပြု ရကုသလကြောင့် ပြည်သူပြည်သား နယ်သူနယ်သား အားလုံး ကပ်ကြီး၃ပါးကျော်လွားနိုင်ပြီးအခက်အခဲကာလလွန်မြောက်ပြီးသကာလ လူတိုင်းအပေါ် ကိုယ်ချင်းစာတရားများဖုံးလွမ်းကျပါစေလို့ပေါ့…


သူတို့ဘာသာ ခရီးသည်တွေ ဝမ်းသာအားရ ယူနေကျတာမြင်ပြီး သဒ္ဒါပေါက်ပြီးလာပို့တာ ရွာထဲက အမတစ်ယောက်က လဲ ထူးဆန်းတယ်သူများပြောလို့လာကြည့်တာ မယုံဘူးတဲ့…



ပေါက်စီင်္က ရောင်းရ လို့လားတဲ့ ထမင်းစားစရာရှိလားတဲ့အဟီးညီမလေးတို့သား အမိက ငတ်ဖို့နေနေသာသာ ခရီးဝေး ကလူတွေ ကိုတောင်ဒါနလုပ်နေတာ3ရက်ရှိပီဆိုတော့ မယုံဘူးလေ…








Unicode

သူမရဲ့ ပိုစ့်ကိုကြည့်ရင်း လေးစားလို့မဆုံးနိုင်ပါဘူးခင်ဗျာ။

ကာလ ဒါန အရမ်းချမ်းသာလို့တော့မဟုပ်ပါဘူးနော့

covid19ကပ်ရောဂါကြောင့် ထမင်းဆိုင်တွေစားသောက်ဆိုင် တွေကို ဆိုင်ထိုင်စား ခွင့်မပြုပဲ ပါဆယ် သာရောင်းချ ဖို့ခွင့်ပြုထားပေမဲ့လဲ

ငွေပေး ငွေယူ က တစ်ဆင့် ထိတွေ့မှု့ရှိရင်လဲ ကူးစက်နိုင်ပြီး စကား ပြောရာက တစ်ဆင့်ကူးစက်နိုင်တယ် ဆိုတာကြောင့် ခရီးလမ်းတစ်လျှောက်မှာထမင်းဆိုင်များပိတ်ထားသောကြောင့်…

ပိုက်ဆံပါပေမဲ့ထမင်းဝယ်စား လို့မရ ပဲ ဗိုက်ဆာနေတဲ့ ခရီးသည်များ အတွက် ကိုယ်တိုင်ယူ စနစ် နဲ့ ထမင်းဘူးလေးတွေ လုံးတုံ ဂိတ်ရှေ့ကကျမရဲ့ဆိုင်ရှေ့မှာ ဝင်ယူသွားနိုင်ပါတယ် အားမနာပါနဲ့ မရှက်ပါနဲ့နော့..

လောလောဆယ် မဆာ သေးဘူးရှေ့ရောက်မှ ဝယ်စားမယ် စိတ်မကူးနဲ့နော် ရှေ့ခရီးမှာမသေချာဘူးယူသွားပါနော်…

ကုန်ရင်ထပ်ချက်မယ်လေ ခဏပါပဲ မကြာပါဘူး ငါးပိကြော်က အဆင်သင့် ငါးကြော်ကလဲ အဆင်သင့်် ထမင်းအိုး တစ်လုံး နဲ့ ကြက်ဥထပ်ကြော်ရုံပဲနော်

အဟာရ ဒါနပြုလုပ်ရသောကုသိုလ်အကျိုးကြောင့် ကမ္ဘာတွင့်ပြန့်နံနေသောကပ်ရောဂါဆိုးကြီးအမြန်ဆုံးကင်းစင်လွင့်ပျောက်ပါစေဘုရား

Covid19ကြောင့် ကျောက်မှော်မှာအခက်အခဲဖြစ်ပြီးပြန်လာကျတဲ့ခရီးသွားများအားကျမရဲ့ 2ရက်မြောက် အာဟာရ ဒါန ပါနော် ချစ်မိတ်ဆွေများ သာဓု ခေါ်ရင်း နဲ့ ထမင်းဘူး လေးတွေ ဝင်ယူသွားကျဖို့လက်တို့ လိုက်ကျပါနော်…

တစ်ချို့ကရှက်နေကျတယ် တစ်ချို့ကလဲ ဝမ်းသာအားရ နဲ့ ကျွန်တော်က အစားကြီးလို့2ဘူးယူပါရစေ တဲ့ယူသွားကျပါ တစ်ကယ်ဆာလောင်မူ့ ရဲ့ဒုက္ခကို ခရီးသွားဘူးလို့သိပါတယ်နော့…

ကောင်လေးတစ်ယောက်ကကျေးဇူး တင်ပါတယ်တဲ့ မနေ့ည ကတည်းက မစားရသေးဘူးတဲ့ဒီမနက်လဲ လမ်းမှာ ဘာဆိုင်မှ မတွေဘူးတဲ့

ရေဦးနယ် ထိပြန်ရမှာတဲ့ ပြီးတော့ ကောင်လေး တစ်ယောက်ကလဲ အမရေအလှူရှင်ကိုဓာတ်ပုံ ရိုက်ပါရစေ တဲ့ ကျွန်တော်တို့က ကောလင်းထိပြန်မှာပါတဲ့ ကျေးဇူးတင်ပါတယ်တဲ့…

အာ့ဆွင် နင်တိ့ိုကိုလဲဓာတ်ပုံပြန်ရိုက်မယ်ဆိုတော့ ရိုက်ပါအမတဲ့ ငါကလိုင်းပေါ်တင်မှာနော်ဆိုတော့ တင်ပါတဲ့လေ

ဒီနေ့ တော့ဟင်း တွေက တစ်မျိုး ပိုလာပီ မနေ့ကတော့ ကြက်ဥကြော် ငါးကြော် နဲ့ ငါးပိကြော်ရယ်…

သရက်သီး တို့ပဲလေ ဒီနေ့ ကတော့ မနေ့က ခရီးသွားတွေ ဆီကားက ကားဆရာတွေ ထမင်းဆာနေတာ အတော်ပဲဆိုပြီး

ဝမ်းမြောက်ဝမ်းသာယူ သွားကျတဲ့ ခရီးသွားတွေကို ကြည့်ပြီး အကိုကြီး တစ်ယောက် ကသူလဲ အာ့မျိုး ဒါနလုပ်ချင်လို့တဲ့…

ဒီကနေ့တော့သဒ္ဒါပေါက်သွား လို့ကြက်သား နဲ့ ဆီဘူး လာပေးတယ် သူလဲကုသိုလ်ပါဝင်ချင်လို့ပါ တဲ့ အာ့ကြောင့် ကြက်သားတစ်မျိုး ပိုလာတယ်လေ…

ပင်ပန်းပေမဲ့ ပိတီဖြစ်တယ် ဝမ်းသာတယ် ညနေစာလဲမပူကျနဲ့ အများကြီးချက်ထားတယ် မလောက်ရင်ထပ်ချက်မယ်လေနော့ …

ကဲ အားလုံး သာဓု ခေါ်ဖို့အတွက် ခရီးသွားတွေဆီခွင့်တောင်ပီးရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ မင်းသမီး ပုံ ပါတွဲ တင်ပေးလိုက်တယ် နော့

ဤသို့ပြုလုပ်ရသော အဟာရ ဒါနကုသိုလ်အကျိုးအားကြောင့် ယခုကမ္ဘာ တွင်ပြန့်နှံ့နေသော ကပ်ရောဂါကြီးကင်းစင်လွင့်ပြောက်ပါစေ

ကဲ အား လုံး ချက်ပြုတ်ပြီးပီ နော်မှော်ထဲကcovid19ကြောင့်နေထိုင်ဖို့အခက်အခဲဖြစ်ပြီး ပြန်လာကျတဲ့ခရီးသွားတွေထမင်းဆိုင်စားသောက်ဆိုင်တွေပိတ်ထားကျလို့ဗိုက်ဆာနေတဲ့ခရီးသည်မှန်သမျှ ကားသမားကားနောက်လိုက်အားလုံးကို ဒါနလုပ်နေတာပါနော်..

ဒီမနက်တော့ လူတွေ အတော်များတယ် ပုလဲနယ် ရေဦးနယ် တန်ဆည်နယ် မုံရွာ အများကြီး ပဲ ပြန်ကျတာ ခရီးဝေးကလူတွေကို အားလုံးကို ထည့်ပေး လိုက်တယ်…

ဒီနေ့လဲ ငါးကြော် ကြက်ဥကြော် ငါးပိကြော် နဲ့ သရက်သီး ကင်းတို့ နဲ့လေ ကျေးဇူးအများကြီးတင်ပါတယ်တဲ့

ကျမ ချက်ပြုတ်ပြီး ဒါန လုပ်နေတာ ခရီးသွားတွေက ထမင်းဘူး လဲယူ ရင်းနဲ့ဗိုက်ဆာနေကျတာ လမ်းမှာ ဆိုင်မတွေ့ လို့ဘာမှ ကို မစား ခဲ့ရ ဘူးဆိုင်ကယ်တောင် မနဲ အားတင်းပြီးမောင်းလာရတာ…

ထမင်းဆာလို့မော နေတာပြောပြီး ထမင်းဘူးလေးတွေ ယူပြီး အင်းစပ်မှာသွားစားလို့ရတယ်မလားလို့မေးပြီးအင်းစပ်မှာသွား ထိုင်စား ပြီးခရီးဆက်ကျတယ်…

အာ့ နဲ့ အိမ်ရှင် အဘွား က ငါ့မြေး ကုသိုလ်တွေရပြီ တဲ့ သူတို့ တစ်ကယ်ဆာ လာကျတာတဲ့ အဘွားကိုလဲ မျှပါ ဆိုပြီး ငါး တစ်ပိသာ နဲ့ ဆန်တစ်ပြည် ဝင်ပြီး ကုသိုလ် လုပ်ပါတယ်…အဘွားရဲ့ ကုသိုလ် ညနေစာ အတွက်ချက်မယ်…

ဤသို့ပြုလုပ်ရသောအဟာရဒါန ၏ကုသိုလ် အကျိုးအားကြောင့် ယခု ကမ္ဘာတွင်ပြန့်နံ့နေသောကပ်ရောဂါကြီးကင်းစင်လွင့်ပြောက်ပါစေ

Covid19ကြောင့် အခက်အခဲဖြစ်ပြီး ပြန်လာကျတဲ့ မှော်ထဲပြန် ခရီးသွားများကို အဟာရဒါန 4ရက်မြောက်ပါရှင့်…

ဟင်းကတော့မြင်တဲ့အတိုင်းပဲစေတနာအပြည့်နဲချက်ထားတယ် သမီးကြီး ကအမေကလဲ နေ့တိုင်းဒီဟင်းကြီးပဲတဲ့ ကြက်သားဝက်သားလေးချက်ပါတဲ့ အမေကဒါပဲတတ်နိုင်လို့လေနော့…အားလုံးကိုအမျှပေးဝေပါတယ်…

ယခုပြု ရကုသလကြောင့်် ပြည်သူပြည်သား နယ်သူနယ်သား အားလုံး ကပ်ကြီး၃ပါးကျော်လွားနိိုင်ပြီးအခက်အခဲကာလလွန်မြောက်ပြီးသကာလ လူတိုင်းအပေါ် ကိုယ်ချင်းစာတရားများဖုံးလွမ်းကျပါစေလို့ပေါ့…

ဒီနေ့တော့ လုံးတုံရွာ အေးအေးအထည်ဆိုင်ကပေါ်ဆန်းမွေး2ပြည်ဒါန လုပ်ပါရစေ တဲ့ ကျမကအလှူမခံဘူးနော်…

သူတို့ိဘာသာ ခရီးသည်တွေ ဝမ်းသာအားရ ယူနေကျတာမြင်ပြီး သဒ္ဒါပေါက်ပြီးလာပို့တာ ရွာထဲက အမတစ်ယောက်က လဲ ထူးဆန်းတယ်သူများပြောလို့လာကြည့်တာ မယုံဘူးတဲ့…

အခုတော့ တစ်ကယ်ကြီးပါလားတဲ့ကျမလဲ ပုဇွန်ဆိတ်လာပို့ပါရစေတဲ့ ရပါတယ် အမ မနက်ဖြန် ခရမ်းချဉ်သီးနဲ့ ချက်ပြီး ထည့်ပေး ပါ့မယ်လို့ပြောလိုက်တယ်…

မနေ့ညနေကဆယ်ဇင်းက အကိုနဲ့ ညီမက ဖုန်းဆက်တယ် နင်တို့သားအမိမှာလုံးတုံမှာဘာလုပ်နေကျတာလဲတဲ့ ဆယ်ဇင်းပြန်မလာသေးဘူးလားတဲ့ပြန်လာခဲ့တော့လေတဲ့…

ပေါက်စီၤက ရောင်းရ လို့လားတဲ့ ထမင်းစားစရာရှိလားတဲ့အဟီးညီမလေးတို့သား အမိက ငတ်ဖို့နေနေသာသာ ခရီးဝေး ကလူတွေ ကိုတောင်ဒါနလုပ်နေတာ3ရက်ရှိပီဆိုတော့ မယုံဘူးလေ…

ပြောပြလိုက်ဦး အုပ်ကြီးရေ အိမ်က လူတွေက လိုင်းသုံးကျတာမဟုပ်တော့ မသိဘူးလေ အရင်ဆယ်ဇင်းမှာနေတုန်းက

သမာဓိ ဆိုင်မှာ wifiချိတ်ပြီ လိုင်းသွားသုံးတာကို အမေက သမီး ညည်းက ဝိုင်းဖိုင်သွားသွားထိုင်နေတာဆို တဲ့ ဦးအဲဝေတို့ကဖဲဝိုင်းထောင်ထားတာလားတဲ့ ဝိုင်ဖိုင်ဆိုင်ကို ဖဲဝိုင်းထင်နေတာလေ…

ပေါက်စီကလဲရောင်းရပါတယ်အင်းဝဲယာကလူတွေကဆိုင်ကယ်တွေနဲ့လာဝယ်ကျတယ် ရွာထဲက လူတွေလဲစားစရာဈေးဆိုင်ကရှားပါးတော့ ပေါက်စီပဲသရေစာရှိတာလေ…

ကဲပေါက်စီ လုပ်လိုက်ဦးမယ်နော် မရှိတော့ဘူးရောင်းစရာ

ဤသို့ပြုလုပ်ရသော အာဟာရဒါန ကုသိုလ်အကျိုးအားကြောင့်ယခုကမ္ဘာတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ပိုးသက်တန်းကုန်ဆုံးပါစေတတည်း။

မအိအိချောဖားကန့်မြို့နယ်ဆယ်ဇင်းကျေးရွာ

ခတ္တလုံးတုံအင်းတော်ကြီး

About the author

Aung Lay

Leave a Comment