News

တနိုင်ငံလုံး က ကျောင်းသားတွေ ကို နှာခေါင်းစ ည်း (၂) ခု အခမဲ့ ပေးမည်

Written by Aung Lay

တနိုင်ငံလုံး က ကျောင်းသားတွေ ကို နှာခေါင်းစ ည်း (၂) ခု အခမဲ့ ပေးမည်

မြန်မာ တစ်နိုင်ငံလုံးက ကျောင်းသူကျောင်းသားတွေကို မျက်နှာကာ၊ နှာခေါင်းစည်း နဲ့ ကျောင်းသုံးပစ္စည်းတွေကို ပညာရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတော်ဘက်ဂျက်ကနေပေးဝေသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

“ကျောင်းသူကျောင်းသားတွေကျောင်းအပ်လက်ခံတဲ့အချိန်မှာ ပညာရေးဝန်ကြီးဌာနပုံနှိပ်စာအုပ်တွေ၊ ရေးစာအုပ် တွေနဲ့ ဘောပင်ခဲတံတွေကိုပေးပြီးတော့ နှာခေါင်းစည်း (၂)ခုနဲ့ မျက်နှာကာ ပေးလိုက်မှာပါ။ တနိုင်ငံလုံးမှာရှိတဲ့ကျောင်း သူကျောင်းသာတွေမှာ ပုဂ္ဂလိကစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ ရခိုင်က IDP Camp မှာ နေတဲ့ကလေးတွေအကုန်လုံးကို အခမဲ့ဖြန့်ဝေပေးသွားမှာပါ” လို့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိ သူတစ်ယောက်က ပြောပါတယ်။

အခုလို ကျောင်းသူကျောင်းသားတွေ အတွက် အခမဲ့ဖြန့်ဝေပေးတဲ့အခြေအနေဟာ နိုင်ငံတော်ဘတ်ဂျက်နဲ့ တနိုင်ငံ လုံးကိုလွှမ်းခြုံမိတဲ့အခြေအနေဖြစ်ပြီး ဘယ်လောက်ထိကုန်ကျမယ်ဆိုတာတော့ သေချာမပြောနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

အခြေခံပညာအထပ်တန်းအဆင့်ကျောင်းတွေကို ဇူလိုင်လ(၂၁)ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းအပ် လက်ခံမယ့်အချိန်ဟာ ဇူလိုင်လ(၁၅)ရက်နေ့လောက်ဖြစ်မယ်လို့လည်း ယာယီသတ်မှတ်ထားပါတယ်။

ဇွန်လ(၅)ရက်နေ့က နေပြည်တော်အမှတ်(၅)အခြေခံပညာကျောင်းမှာ နှာခေါင်းစည်း၊ မျက်နှာကာ နဲ့ ကိုယ်ပူချိန်တိုင်း တဲ့ပစ္စည်းတွေ ဝယ်ယူရေးအတွက် တင်ဒါဆိုင်ရာစည်းကမ်းချက်တွေကိုပညာရေးဝန်ကြီးဌာနက ရှင်းလင်းခဲ့တယ် လို့ သိရပါတယ်။

Zawgi

တႏိုင္ငံလုံး က ေက်ာင္းသားေတြ ကို ႏွာေခါင္းစ ည္း (၂) ခု အခမဲ့ ေပးမည္

ျမန္မာ တစ္ႏိုင္ငံလုံးက ေက်ာင္းသူေက်ာင္းသားေတြကို မ်က္ႏွာကာ၊ ႏွာေခါင္းစည္း နဲ႔ ေက်ာင္းသုံးပစၥည္းေတြကို ပညာေရး ဝန္ႀကီးဌာနရဲ႕ ႏိုင္ငံေတာ္ဘက္ဂ်က္ကေနေပးေဝသြားမယ္လို႔ ပညာေရးဝန္ႀကီးဌာနက သိရပါတယ္။

“ေက်ာင္းသူေက်ာင္းသားေတြေက်ာင္းအပ္လက္ခံတဲ့အခ်ိန္မွာ ပညာေရးဝန္ႀကီးဌာနပုံႏွိပ္စာအုပ္ေတြ၊ ေရးစာအုပ္ ေတြနဲ႔ ေဘာပင္ခဲတံေတြကိုေပးၿပီးေတာ့ ႏွာေခါင္းစည္း (၂)ခုနဲ႔ မ်က္ႏွာကာ ေပးလိုက္မွာပါ။ တႏိုင္ငံလုံးမွာရွိတဲ့ေက်ာင္း သူေက်ာင္းသာေတြမွာ ပုဂၢလိကစာသင္ေက်ာင္းေတြ၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြနဲ႔ ရခိုင္က IDP Camp မွာ ေနတဲ့ကေလးေတြအကုန္လုံးကို အခမဲ့ျဖန႔္ေဝေပးသြားမွာပါ” လို႔ ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိ သူတစ္ေယာက္က ေျပာပါတယ္။

အခုလို ေက်ာင္းသူေက်ာင္းသားေတြ အတြက္ အခမဲ့ျဖန႔္ေဝေပးတဲ့အေျခအေနဟာ ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ တႏိုင္ငံ လုံးကိုလႊမ္းၿခဳံမိတဲ့အေျခအေနျဖစ္ၿပီး ဘယ္ေလာက္ထိကုန္က်မယ္ဆိုတာေတာ့ ေသခ်ာမေျပာႏိုင္တဲ့ အေျခအေနမွာ ရွိတယ္လို႔ သိရပါတယ္။

အေျခခံပညာအထပ္တန္းအဆင့္ေက်ာင္းေတြကို ဇူလိုင္လ(၂၁)ရက္မွာ စတင္ဖြင့္လွစ္သြားမွာျဖစ္ၿပီး ေက်ာင္းအပ္ လက္ခံမယ့္အခ်ိန္ဟာ ဇူလိုင္လ(၁၅)ရက္ေန႔ေလာက္ျဖစ္မယ္လို႔လည္း ယာယီသတ္မွတ္ထားပါတယ္။

ဇြန္လ(၅)ရက္ေန႔က ေနျပည္ေတာ္အမွတ္(၅)အေျခခံပညာေက်ာင္းမွာ ႏွာေခါင္းစည္း၊ မ်က္ႏွာကာ နဲ႔ ကိုယ္ပူခ်ိန္တိုင္း တဲ့ပစၥည္းေတြ ဝယ္ယူေရးအတြက္ တင္ဒါဆိုင္ရာစည္းကမ္းခ်က္ေတြကိုပညာေရးဝန္ႀကီးဌာနက ရွင္းလင္းခဲ့တယ္ လို႔ သိရပါတယ္။

About the author

Aung Lay

Leave a Comment