မင်းသမီးချောလေးရွှေသမီးကတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာ ရှင် တစ်ယောက်ဖြစ်ပါတယ်။ပွင့်လင်းပြီး ချစ်စရာဟန်ပန်လေးတွေကြောင့် အချစ်တွေအ ချစ်ပိုနေရသူဆိုလဲမမှားပါဘူးနော်။သူမကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင် အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်ရင်ထဲရောက်ရှိခဲ့သူလေးဖြစ်ပါတယ်။
ရွှေသမီးကတော့ လတ်တလောမှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါပိုးတွေကြောင့် အလုပ် တွေရပ်နားထားပြီး အိမ်မှာပဲအနားယူနေတာပဲဖြစ်ပါတယ်။သူမကတော့ Stay Homeကာ လမှာ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်သူ့ရဲ့ ပုံရိပ်လေးတွေကိုအမြဲမျှ ဝေပေး လေ့ရှိပါတယ်။အခုဆိုရင်လည်း ရွှေသမီးက “ မပြည့်စုံသေးပေမဲ့ ပျော်ရွှင်ရတဲ့ ကျွန်မဘ ဝဒီအချိန်မှာ ရွှေ့မိဘနှစ်ပါးလဲရှိနေသေးတယ် ရွှေ့မိသားစုအားလုံးလဲကျန်းကျန်းမာရှိ နေကြသေးတယ်
ရွှေလုပ်ချင်တဲ့အလုပ် ရွှေဝါသနာပါတဲ့အလုပ်တွေလုပ်ပြီး မိဘကိုမပြုစုပေး နိုင်သေးပေမဲ့ လုပ်ကျွေးနိုင်ပြီ ရွှေပျော်ရတယ် ရိုးရှင်းပေမဲ့ပျော်ရွှင်ရတဲ့မိသားစုကို ကျွန်မ ပိုင်ဆိုင်ထားပါ တယ် သူငယ်ချင်းကောင်းတွေလဲကျွန်မမှာရှိတယ် ဒီအချိန်လေးကိုကျွန်မ အနှစ်သက်ဆုံးပါဘဲ
အိမ်လွမ်းလို့ပုံလေးတွေပြန်ကြည့်ရင်း မန္တလေးရဲ့ဆောင်းမနက်ခင်းလေးဆီ ခဏပြန်ရော က် သွားတယ် မန္တလေးရောက်တိုင်း ရွှေမကြာခဏလုပ်ဖြစ်တဲ့အလုပ်က ဖေဖေ့ခြေထော က် ကိုဆေးပေးခြင်းပါ ပြီးရင်စားချင်တာတွေဝယ်ကျွေးခိုင်းတယ်😬သမီးအငယ်ဆုံးလေး အရမ်းသိတတ်တာဘဲနော်😜Ps ရွှေဖျားနေတော့အိမ်ပိုလွမ်းမိနေတယ် ခုတော့သက်သာ ပါတယ်😉 (လည်ပင်းနာပြီး နဲနဲဖျားနေပေမဲ့ အစားတွေအများကြီး အများကြီးစားဖြစ်နေလို့ ကိုယ့်ဟာကိုနာမည်ပေးပစ်လိုက်တယ် ဝက်တုပ်ကွေး😂😂)”ဆိုပြီး သူမရဲ့ ပျော်ရွှင်ရတဲ့ အချိန်တွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ….။
Source-ရွှေသမီး
Zawgyi
Source-ရွှေသမီး