(mask) အတုတွေ နဲ့ ကမ္ဘာ အနှံ့ ဂျင်းထည့်နေ တဲ့ တရု တ်ကုမ္ပဏီ ကို အမေရိကန် တရားစွဲ
နိုင်ငံ အတွင်း ကပ်ရောဂါ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ဧပြီလအတွင်းက နှာခေါင်းစည်းအတုသန်းဝက်နီးပါးအား အမေရိကန်တို့ကို ရောင်းချခဲ့မှုအတွက် တရုတ်ကုမ္ပဏီတစ်ခုအား အမေရိကန်တရားရေးဌာနက တရားစွဲလိုက်တယ်လို့ သိရပါတယ်။
နယူးေ ယာက်၊ ဘရွတ်ကလင်ရှိ ဖက်ဒရယ်တရားရုံးတွင် တရားစွဲထားသော အမှုတွဲဖိုင်အရ ဂွမ်ဒေါင်းအခြေစိုက် ကုမ္ပဏီက N95 နှာခေါင်းစည်းများနှင့် ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးကျန်းမာရေးပစ္စည်းများကို အမေရိကန်နိုင်ငံထံသို့ တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တိုင်ကြားချက်အရ တင်ပို့ထားသော N95 မျက်နှာဖုံး ၄၉၅,၂၀၀ ခုသည် စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း အမေရိကန် အမျိုးသား အလုပ်အကိုင် လုံခြုံရေးနှင့် ကျန်းမာရေးဌာန (NIOSH) ၏ အသိအမှတ်ပြု ခံရသည်ဟု ယင်းတရုတ်ကုမ္ပဏီက သက်သေအထောက်အထားများနဲ့ ပြောဆိုခဲ့ပါတယ်။
၎င်းတို့အတွက် နှာခေါင်းစည်း တင်သွင်းသူများက အမေရိကန် ဒေါ်လာ တစ်သန်းကျော် ပေးခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးဆောင်ရွက်မှု မရှိခဲ့ပါက ယင်း အရည်အသွေးနိမ့် ပစ္စည်းကိရိယာများသည် ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်နိုင်မယ်လို့ သိရပါတယ်။
တရုတ် ကုမ္ပဏီသည် အမှတ်တံဆိပ်အတုနှင့် အရည်အသွေးနိမ့်ကျသော ကျန်းမာရေး ထုတ်ကုန်များတင်သွင်းခြင်းနှင့် အမေရိကန် FDA ကို မမှန်မကန် လုပ်ဆောင်မှုတို့ကြောင့် အမှုလေးမှုဖြင့် တရားစွဲဆိုခြင်းခံနေရပါတယ်။
Zawgyi
(mask) အတုေတြ နဲ႔ ကမၻာ အႏွွံ႕ ဂ်င္းထည့္ေန တဲ့ တရု တ္ကုမၸဏီ ကုိ အေမရိကန္ တရားစြဲ
ႏိုင္ငံ အတြင္း ကပ္ေရာဂါ အႀကီးအက်ယ္ျဖစ္ပြားေနတဲ့ ဧၿပီလအတြင္းက ႏွာေခါင္းစည္းအတုသန္းဝက္နီးပါးအား အေမရိကန္တို႔ကို ေရာင္းခ်ခဲ့မႈအတြက္ တ႐ုတ္ကုမၸဏီတစ္ခုအား အေမရိကန္တရားေရးဌာနက တရားစြဲလုိက္တယ္လုိ႔ သိရပါတယ္။
နယူးေ ယာက္၊ ဘ႐ြတ္ကလင္ရွိ ဖက္ဒရယ္တရား႐ုံးတြင္ တရားစြဲထားေသာ အမႈတြဲဖိုင္အရ ဂြမ္ေဒါင္းအေျခစိုက္ ကုမၸဏီက N95 ႏွာေခါင္းစည္းမ်ားႏွင့္ က်န္းမာေရးအကာအကြယ္ပစၥည္းမ်ားႏွင့္ တစ္ကိုယ္ေရသုံးက်န္းမာေရးပစၥည္းမ်ားကို အေမရိကန္ႏုိင္ငံထံသို႔ တင္ပို႔ခဲ့ျခင္းျဖစ္တယ္လုိ႔ သိရပါတယ္။
တိုင္ၾကားခ်က္အရ တင္ပို႔ထားေသာ N95 မ်က္ႏွာဖုံး ၄၉၅,၂၀၀ ခုသည္ စံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီေၾကာင္း အေမရိကန္ အမ်ိဳးသား အလုပ္အကိုင္ လုံၿခဳံေရးႏွင့္ က်န္းမာေရးဌာန (NIOSH) ၏ အသိအမွတ္ျပဳ ခံရသည္ဟု ယင္းတ႐ုတ္ကုမၸဏီက သက္ေသအေထာက္အထားမ်ားနဲ႕ ေျပာဆိုခဲ့ပါတယ္။
၄င္းတို႔အတြက္ ႏွာေခါင္းစည္း တင္သြင္းသူမ်ားက အေမရိကန္ ေဒၚလာ တစ္သန္းေက်ာ္ ေပးခဲ့ေၾကာင္း တိုင္ၾကားစာတြင္ ေဖာ္ျပထားပါတယ္။ စုံစမ္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆးေဆာင္႐ြက္မႈ မရွိခဲ့ပါက ယင္း အရည္အေသြးနိမ့္ ပစၥည္းကိရိယာမ်ားသည္ ေဆး႐ုံမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား ထိခိုက္ႏိုင္မယ္လုိ႔ သိရပါတယ္။
တ႐ုတ္ ကုမၸဏီသည္ အမွတ္တံဆိပ္အတုႏွင့္ အရည္အေသြးနိမ့္က်ေသာ က်န္းမာေရး ထုတ္ကုန္မ်ားတင္သြင္းျခင္းႏွင့္ အေမရိကန္ FDA ကို မမွန္မကန္ လုပ္ေဆာင္မႈတို႔ေၾကာင့္ အမႈေလးမႈျဖင့္ တရားစြဲဆိုျခင္းခံေနရပါတယ္။