မိဘတွေ ကို ကြီးကျယ်ခမ်းနား တဲ့ အိမ် အသစ်ကြီးနဲ့ တင့်တောင့်တင့်တယ် ထားနိုင်တော့ ပျော် တယ် ဆို တဲ့ ဖြူဖြူထွေး
ဖြူဖြူထွေး ကတော့ သူမရဲ့ အိမ်အသစ်ကို မိခင်ဖြစ်သူက အင်မတန် သဘောကျတယ်လို့ ဆိုပါတယ်။ သူမကိုလည်း ပိုက်ဆံကို ကိုယ်တိုင်သုံးခွင့်မပေးထားဘူးလို့ ပြောလာပါတယ်။ “ အမေကတော့ အိမ်ကိုကြည့်ပြီး ပြုံးဘဲ ပြုံးနေတာ။ ပြုံးလိုက် အိမ်အပြင်လေး ထွက်လိုက် အိမ်ထဲ ပြန်ဝင်လာလိုက်ပေါ့။ အမေကတော့ ကိုယ့်သမီးလေးက ဒီလို အိမ်မျိုးနဲ့ တင့်တောင့် တင့်တယ် ထားနိုင်တော့ ပျော်တာပေါ့နော်။ အခုဆိုရင် သူက ပိုက်ဆံတွေတောင် ထုတ်ပေးနေတာ။ အမေ ပိုက်ဆံ ရေနေရင်လည်း ညနေကတည်းက ရေတွက်ရင် မနက်ရောက်မှ
ပြီးတယ်။ တစ်ရွက်ချင်း ရေတွက်နေတာ အပြင်ထွက်သွားပြီးလို့ အိမ်ပြန်ရောက်လာရင် အမေ ဘာလုပ်နေတာလဲ မေးရင် ပိုက်ဆံ ရေနေတာ။ ပိုက်ဆံ ရေတိုင်းလည်း မှားမှားနေလို့ ပြန် ပြန်ရေတွက်နေတာ။ မုန့်ဖိုးလည်း အိမ်က မပေးဘူး ပိုက်ဆံကို ထား ထားတယ်။ လိုအပ်တာ ရှိရင် လိုက်ဝယ်ပေးတယ်။ ပိုက်ဆံကို အိမ်က ပေးမကိုင်ဘူး။ မုန့်စားချင်တယ်ဆိုရင်လည်း ခေါင်းအုံးအောက်မှာ အပြည့်ပဲ” ဆိုပြီးတော့ “ဝူခုန်း” ခြင်ဆေးခွေ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။မိခင်ဖြစ်သူကတော့
ဖြူဖြူထွေးကို ရည်းစားမထားစေချင်ဘူးလို့ သူမကဆိုပါတယ်။ ဖြူဖြူထွေး ကိုယ်တိုင်ကလည်း အချစ်ရေး သတင်းတွေ နဲ့ပတ်သက်လာရင် တည်ငြိမ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ “ အခန်းထဲ လာလာပြီးတော့ တစ်ခု ပြောတာတော့ ရှိတယ် ရည်းစားမထားနဲ့နော် ယောင်္ကျားတွေက မကောင်းဘူး။ သမီးက သိုက်က လာတာနော် ယောင်္ကျားယူလို့ မရဘူးပေါ့။ သူငယ်ချင်းနဲ့ Video Call ပြောနေလည်း အဲ့ဒါ ဘယ်သူတုန်း ဆိုတာက လာတယ်။ သမီး ရည်းစားလည်း မထားဘူး၊ ရှိလည်း မရှိဘူးလို့ ပြောလိုက်ရတယ်”
လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။
Zawgyi
မိဘေတြ ကို ႀကီးက်ယ္ခမ္းနား တဲ့ အိမ္ အသစ္ႀကီးနဲ႔ တင့္ေတာင့္တင့္တယ္ ထားႏိုင္ေတာ့ ေပ်ာ္ တယ္ ဆို တဲ့ ျဖဴျဖဴေထြး
ျဖဴျဖဴေထြး ကေတာ့ သူမရဲ႕ အိမ္အသစ္ကို မိခင္ျဖစ္သူက အင္မတန္ သေဘာက်တယ္လို႔ ဆိုပါတယ္။ သူမကိုလည္း ပိုက္ဆံကို ကိုယ္တိုင္သုံးခြင့္မေပးထားဘူးလို႔ ေျပာလာပါတယ္။ “ အေမကေတာ့ အိမ္ကိုၾကည့္ၿပီး ၿပဳံးဘဲ ၿပဳံးေနတာ။ ၿပဳံးလိုက္ အိမ္အျပင္ေလး ထြက္လိုက္ အိမ္ထဲ ျပန္ဝင္လာလိုက္ေပါ့။ အေမကေတာ့ ကိုယ့္သမီးေလးက ဒီလို အိမ္မ်ိဳးနဲ႔ တင့္ေတာင့္ တင့္တယ္ ထားႏိုင္ေတာ့ ေပ်ာ္တာေပါ့ေနာ္။ အခုဆိုရင္ သူက ပိုက္ဆံေတြေတာင္ ထုတ္ေပးေနတာ။ အေမ ပိုက္ဆံ ေရေနရင္လည္း ညေနကတည္းက ေရတြက္ရင္ မနက္ေရာက္မွ
ၿပီးတယ္။ တစ္႐ြက္ခ်င္း ေရတြက္ေနတာ အျပင္ထြက္သြားၿပီးလို႔ အိမ္ျပန္ေရာက္လာရင္ အေမ ဘာလုပ္ေနတာလဲ ေမးရင္ ပိုက္ဆံ ေရေနတာ။ ပိုက္ဆံ ေရတိုင္းလည္း မွားမွားေနလို႔ ျပန္ ျပန္ေရတြက္ေနတာ။ မုန႔္ဖိုးလည္း အိမ္က မေပးဘူး ပိုက္ဆံကို ထား ထားတယ္။ လိုအပ္တာ ရွိရင္ လိုက္ဝယ္ေပးတယ္။ ပိုက္ဆံကို အိမ္က ေပးမကိုင္ဘူး။ မုန႔္စားခ်င္တယ္ဆိုရင္လည္း ေခါင္းအုံးေအာက္မွာ အျပည့္ပဲ” ဆိုၿပီးေတာ့ “ဝူခုန္း” ျခင္ေဆးေခြ ေၾကာ္ျငာ႐ိုက္ကြင္းမွာ ေျဖဆိုခဲ့တာပါ။မိခင္ျဖစ္သူကေတာ့
ျဖဴျဖဴေထြးကို ရည္းစားမထားေစခ်င္ဘူးလို႔ သူမကဆိုပါတယ္။ ျဖဴျဖဴေထြး ကိုယ္တိုင္ကလည္း အခ်စ္ေရး သတင္းေတြ နဲ႔ပတ္သက္လာရင္ တည္ၿငိမ္တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ “ အခန္းထဲ လာလာၿပီးေတာ့ တစ္ခု ေျပာတာေတာ့ ရွိတယ္ ရည္းစားမထားနဲ႔ေနာ္ ေယာက်ၤားေတြက မေကာင္းဘူး။ သမီးက သိုက္က လာတာေနာ္ ေယာက်ၤားယူလို႔ မရဘူးေပါ့။ သူငယ္ခ်င္းနဲ႔ Video Call ေျပာေနလည္း အဲ့ဒါ ဘယ္သူတုန္း ဆိုတာက လာတယ္။ သမီး ရည္းစားလည္း မထားဘူး၊ ရွိလည္း မရွိဘူးလို႔ ေျပာလိုက္ရတယ္”
လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ဟာသဗီဒီယိုဖိုင္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔အတူ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတဲ့ျဖဴျဖဴေထြးဟာ ယခုဆိုရင္ေတာ့ ဗီဒီယိုဇာတ္ကားေတြ ႐ိုက္ကူးေနရၿပီ ျဖစ္ပါတယ္။ သူမဟာ ေဝဖန္မႈေတြကိုႀကံ့ႀကံ့ခံၿပီး ကိုယ္ယုံၾကည္ရာကို ေလွ်ာက္လွမ္းလာတဲ့သူ ျဖစ္တာေၾကာင့္ သူ႔ကို ခ်စ္ခင္တဲ့ ပရိသတ္ေတြကိုလည္း ပိုင္ဆိုင္လာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူမရဲ႕ ႀကိဳးစားအားထုတ္မႈက ရတဲ့ အႏုပညာေၾကးနဲ႔ မိဘေတြကို တိုက္အိမ္ေဆာက္ေပးထားတယ္လို႔ သိရပါတယ္။