တခေတ်တခါ က မကွေးမြို့မှာရှိ ခဲ့ တဲ့ သရဲအရမ်းခြောက်တဲ့ နေရာ (၉) ခု
သရဲဆိုတာ သေဆုံးသွားတဲ့ လူတွေ၊ တိရိစ္ဆာန်တွေ ရုပ်အားဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေတာမျိုး။ သူတို့ ရှိနေ ကြောင်းကို ရုပ်ပိုင်းနဲ့ ပြကြသလို မမြင်ရဘဲလည်း ပြသလေ့ ရှိပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတာကို စာပေ မပေါ်ပေါက်ခင်ကတည်းက အယူ၊ အစွဲ ရှိခဲ့ကြပါတယ်။
ဘုရားရှင် လက်ထက် မတိုင်မီကတည်းက နာနာဘာဝ တွေဟာ နာမည်မျိုးစုံ ပုံစံမျိုးစုံနဲ့ ရှိကြပါတယ်။ သရဲ၊ တစ္ဆေ၊ ပြိတ္တာ၊ ဘီလူး၊ သဘက် စသဖြင့် မသေခင်က လုပ်ဆောင်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အမျိုးမျိုးကို အကြောင်းပြုပြီး ဘဝကူးတဲ့အခါ မကျွတ်မလွတ် ရှိနေကြတာ။ အရှေ့တိုင်းသာမက အနောက်နိုင်ငံကြီးတွေမှာပါ သရဲ ဆိုတာကို ယုံကြည်ကြပါတယ်။
Ghost ဇာတ်ကားဆိုရင် ဟောလိဝုဒ်က ဆုရကား၊ သရဲကားတွေမှ မျိုးစုံ၊ သရဲဝတ္ထုတွေလည်း အများကြီး။ သေလွန်သူ ဘိုးဘွားတွေရဲ့ ဝိဉာဉ်တွေကို ကိုးကွယ် ပူဇော်တဲ့ ဓလေ့ဟောင်းတွေလည်း ရှိကြပါတယ်။ အဲ့ဒီအချိန် သေသူတွေနဲ့ ဆက်သွယ်ပေးတဲ့သူတွေကို နီခရိုမန်စီ necromancy လို့တောင် ခေါ်ဆိုကြပါတယ်။ နတ်ဆရာလိုလို၊ သိုက်ဆရာလိုလို လူတွေပေါ့။ လူမဟုတ်တဲ့သူတွေကို ကိုးကွယ်တာကို အန်နီမစ်ဇင် animism လို့ ခေါ်ပါတယ်။ တိရိစ္ဆာန်ရုပ်ကြီးတွေ ကိုးကွယ်ကြတာ။ ဒါက သရဲ ဆိုတာ တစ်ကယ် ရှိသလား အချီးပဏာမ နိဒါန်းပျိုးရခြင်း ဖြစ်ပါတယ်။
ညအချိန် မည်းမည်းမှောင်နေတဲ့အချိန်။ လမ်းမီးတိုင်တွေက ကျိုးတိုးကျဲတဲ မီးကလည်း ပုံမှန်မလာ။ တစ်ယောက်တည်း သွားနေချိန် နောက်ကျောက စိမ့်အေးလာတာမျိုး၊ ကြက်သီးမွေးညှင်းတွေ ထလာတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ပြီးတော့ ညနက်သန်းခေါင် မအိပ်သေးဘဲ စာကျက်နေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်၊ တစ်ခုခု လုပ်နေတဲ့အချိန်မှာ တစ်ယောက် ယောက်က စိုက်ကြည့်နေတယ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ နောက်တစ်ခါ ညအချိန်မတော် အိပ်နေချိန် ဘယ်သူမှလဲ မရှိဘဲ တံခါးခေါက်သံလိုလို၊ လမ်းလျှောက်သံလိုလို၊ ပစ္စည်းကျကွဲသံလိုလို နိုးလာပြီး စိမ်းရွှေရွှေ အနံ့ကြီး ရလာဘူးလား။
ညသန်းခေါင်ယံအချိန်၊ လမ်းထဲက ခွေးတွေ ဟိုးအဝေးကနေ ဆွဲဆွဲငင်ငင် အုပ်စုလိုက် အူနေတာ၊ ကိုယ့်အိမ်နားကခွေးတွေ အူတယ်၊ ပြီးရင် ဘေးနားက ခွေးတွေ ထပ်အူတယ်။ အဲဒီလိုမျိုး ခွေးအူသံတွေ တဖြည်းဖြည်း နီးလာပြီး ပြန်ဝေးသွားတာမျိုး ကြုံဖူးကြလား။ ဟောင်တာ မဟုတ်ဘူးနော်။ မကျွတ်လွတ်သေးတဲ့ ဝိဉာဉ်တွေ တွေ့ရလို့ ခွေးတွေ အူကြတာ။
သူတို့ ရွေ့နေရာ တစ်လျှောက်မှာ ရှိတဲ့ ခွေးတွေ အူကြတာ။ ခွေးတွေက နာနာဘာဝ၊ ဝိနာဘာဝ ဝိဉာဉ်တွေကို မြင်နိုင်ကြတယ် လေ။ တစ်ချို့ဆိုရင် သရဲကို မြင်ချင်လွန်းလို့ ခွေးမျက်ချေးယူပြီး ကိုယ့်မျက်စေ့ကို ပွတ်ကြသေးတယ်။ လူတွေက ဘုန်းကံ မြင့်တော့ တော်တန်ရုံ မမြင်ရဘူး။ ခွေးမျက်ချေး ယူပြီး ပွတ်လိုက်တော့ ဘုန်းနိမ့်သွားပြီး သရဲ၊ တစ္ဆေတွေကို မြင်နိုင်သွားကြ တာ။
အခု ဆက်ပြီးတော့ ငယ်ငယ်တုန်းက သရဲခြောက်တယ် လို့ နာမည်ကြီးခဲ့တဲ့ နေရာတွေအကြောင်း ပြောပြပါမယ်။
နေရာ (၁) သိင်္ဂါထိပ်က ကုက္ကိုပင်ကြီး
အခုသိင်္ဂါဂီရိရပ်ကွက် ဆိုတာ အရင်တုန်းက အလောင်းတွေ မြုပ်တဲ့ သင်္ချိုင်းကုန်းကြီး။ ပါလီမန်ခေတ်မှာ မြို့ကွက် တိုးချဲ့ တော့ သင်္ချိုင်းကုန်းကြီးကို ရွှေ့ပစ်ခဲ့တာ။ သိင်္ဂါထဲက အိမ်တွေ အိမ်ဆောက်တာပဲ ဖြစ်ဖြစ်၊ ရေတွင်းတူးတာပဲ ဖြစ်ဖြစ် မြေကြီးအောက်မှာ အရင်ခေတ်က အုတ်ပြားအကြီးကြီးတွေ တွေ့ကြလိမ့်မယ်။ အဲ့ဒါ အရင်တုန်းက သင်္ချိုင်းကုန်း အုတ်ဂူတွေက အုတ်တွေပေါ့။ သင်္ချိုင်းကုန်း ရွှေ့တာ ကြားဘူးကြလား။ အဲ့ဒီခေတ်က ကားတွေ ရှားလို့ နွားလှည်း အလွတ်တွေနဲ့ ညကြီးမင်းကြီး ရွှေ့ခဲ့ရတာ။ တစ်ချို့လည်း မလိုက်ချင်လို့ ကျန်ခဲ့သေးတယ် လို့တောင် ပြောကြတာ။ လူနေရပ်ကွက် အဖြစ် ဖော်တော့ ရေမြောင်းမပါ၊ အကွက်ရိုက်ပြီး အိမ်ခြံကွက်တွေ သတ်မှတ်ပေးခဲ့တာ။ သစ်ပင် ကြီးကြီးတွေ အခုထိ ရှိသေးတယ် ဆိုရင် သတိသာထားပေတော့။
မင်္ဂလာဈေးထိပ်၊ အရင် သမဝါယမဆိုင်ဘေးမှာ ကုက္ကိုပင် အကြီးကြီးရှိတယ်။ အပင်ကြီးအောက်မှာ အုတ်ပုံတွေ ထိုးထိုး ထောင်ထောင် ရှိသေးတယ်။ (အခု ရှိသေးလား မသိ) အဲ့ကုက္ကိုပင်ကြီးအောက် ညဘက် ၁၂ နာရီ ကျော်ရင် တစ်ကိုယ်လုံး အဝတ်ဖြူ၊ ဆံပင်ရှည်ဖားလျားကြီးနဲ့ မိန်းမသရဲတစ်ကောင် ရှိတယ်။ မယုံတဲ့သူတွေ အပင်အောက် ညဘက်သွား၊ ဟိုခေါ် ဒီခေါ် လုပ်။ သစ်ပင်ပေါ်က ဆင်းချလာတာ တဲ့။ အဲ့နားမှာ အမူးသမားတွေ အမူးလွန်ပြီး အိပ်ကြတဲ့အခါ ကြုံရတာပေါ့။ အမူးသမားတွေ အမူးပြေတဲ့အထိ သရဲမကြီးက ခြောက်ခဲ့တာ။ သစ်ပင်ခုတ်ရင် ပိုဆိုးမှာ စိုးလို့ ဘယ်သူမှ မခုတ်ရဲ ခဲ့ပါဘူး။ (အခုတော့ မရှိလောက်တော့ပါဘူး )
နေရာ (၂) စံပယ်လမ်းက ဒန်းလေးနဲ့ သရဲသားအမိ
မြို့ဟောင်းရပ်ကွက်၊ စံပယ်လမ်းထဲက အိမ်။ အိမ်ရှင် မနေဘူး။ အိမ်ငှားတွေ ခဏခဏ ပြောင်းတယ်။ နယ်ကလာတဲ့သူတွေ မသိတော့ ငှားခ ဈေးသက်သာတယ် ဆိုပြီး ငှားနေကြတယ်။ (အိမ်နံပတ်က – – – – – ) အဲ့တုန်းကလူတွေ သိတယ်။ အိမ်ရှေ့ မှာ ဒန်းလေးတစ်ခု ရှိတယ်။ ညမွှေးပန်းပင်တွေလည်း ရှိတယ်။ ညဆိုရင် ပန်းတွေက စူးရှရှ မွှေးနေတာ။ အဲ့အိမ် ရှေ့က ဖြတ်လျှောက်ရဲလား၊ မရဲဘူးလား ဆိုတာ ငယ်ငယ်က လောင်းကြေးစားကြေး ချခဲ့ကြသေးတာပ။ ဒန်းလေးက လူမရှိဘဲ လွှဲနေတတ်တယ်။ တစ်ခါတစ်ခါ ကံနိမ့်လွန်းရင် ဒန်းလေးပေါ်မှာ အမျိုးသမီး တစ်ဦး၊ အပေါ်အဖြူ အောက်အဖြူ နဲ့။ ကလေးပေါက်စနလေး ပွေ့ချီလို့ ဒန်းလွှဲနေတာကို မြင်ရတတ်တယ်။
အဲ့အိမ်ရှေ့က ဖြတ်လျှောက်ရင် အလိုလို ကြက်သီးတွေ ထလာတယ်။ တစ်ခါကဆို လူတစ်ယောက် လောင်းကြေးစားကြေး သွားပြီး လျှောက်တာ။ ည ၁၂ နာရီ တိတိ။ ဒန်းလေး လွှဲနေတာ မြင်တယ်။ သားအမိနှစ်ယောက်ကို မြင်တယ်။ သူ့ကို အမေလုပ်သူက စိုက်ကြည့်နေတာ မျက်လုံးချင်းဆုံတော့ အရမ်းလန့်သွားတယ်။ သရဲမက ဒန်းလေးပေါ်ကနေ ကလေးချီရင်း မတ်တပ်ထရပ်တော့ အသားကုန် ပြေးတာ။ စံပယ်လမ်းက ကမူတစ်ခုနဲ့ ခြေခေါက်လဲပြီး မှောက်လျက် လဲ၊ ပြီးတော့ ပြန်ထပြေး၊ ဖိနပ်တောင် မပါတော့ဘူး။
နေရာ (၃) ဆားစည့်ကျောင်း တိုက်ပျက်ကြီးကြားက ပသျှူးခေါင်းပြတ်
ဆားစည့်ကျောင်းကို ရောက်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ရှေးဘုရားပျက်တွေ၊ ကျောက်းတိုက်ပျက်ကြီးတွေ ပြိုကျလုဆဲဆဲ ရှိခဲ့ပါတယ်။ (ခုရော ရှိလား မသိ) အဲ့ဒီ တိုက်ပျက်ကြီးတွေ ရောက်ဖို့ စိန်နားပန် ခြုံတွေ ဖြတ်ပြီးမှ သွားရတာလေ။ နေ့ခင်း ကြောင်တောင် တွေ့ရတာ နည်းတယ်။ ကျောင်းသူ ကျောင်းသားတွေ မသွားရဲကြဘူး။ ပသျှူးခေါင်းပြတ်ဆိုပြီး စနာမည် ပေးခဲ့တာက ဆားစည့်ထဲက လူတွေ။ ညနေစောင်းရင် တိုက်ပျက်ကြီးတွေဘက် မသွားလေနဲ့။ ပသျှူးခေါင်းပြတ်ဆိုတာက မလေးရှားစုန်းကားတွေထဲကလိုမျိုး။ တိုက်ပျက်ကြီးနား ရောက်လို့ နှာခေါင်းက စိမ်းရွှေရွှေ အနံ့ကြီး ရပြီ ဆိုရင် လှည့်မကြည့်နဲ့။ ပြေးသာပြေး။ လှည့်ကြည့်ရင် လိပ်ပြာလွင့်သွားနိုင်တယ် လို့ ပြောကြတယ်။
နေရာ (၄) ဆုံရပ်ထဲက နှစ်ဆောင်ပြိုင်အိမ်အိုကြီး
ကြားဖူးကြလိမ့်မယ်. နှစ်ဆောင်ပြိုင်အိမ်ဆိုတာ။ အဲ့ဒီအိမ်ကြီးကို သွားကြည့်။ ဆုံရပ် ( – -) လမ်းနဲ့ (- -) လမ်းဆုံနားမှာ ရှိတယ်။ အိမ်ကြီးကကို သေချာကြည့်ရင်ကို ကြောက်စရာ။ နှစ်ထပ်အိမ်ကြီး။ ရေနံချေးတွေ ဝအောင် သုတ်ထားလို့ မည်းညို့နေတာ။ ပုံမှန်အိမ်တွေက လှေကားဆို တစ်ခုပဲ။ အဲ့အိမ်မှာ လှေကား ၂ ခုရှိတယ်။ တည့်တည့်ကြည့်ရင် အိမ် ၂ လုံး ပူးထားသလိုပဲ။ ညဆိုရင် အောက်ထပ်က ရှင်းလင်းပြီး လှေကား ၂ ခုပဲ မြင်ရတယ်။ အပေါ်ထပ်က အကာတွေနဲ့ သေချာ မမြင်ရဘူး။ အဲ့အိမ်မှာ အိမ်ငှားတွေ လာနေပြီး တစ်ရက်၊ နှစ်ရက်တဲ့ ပြောင်းပြေးသွားကြတာ။
ဆရာဝန်တစ်ယောက် ငှားပြီး ဆေးခန်းဖွင့်သေးတယ်။ ချက်ချင်း ထွက်ပြေးရတယ်။ မာမူမိသားစု လာနေသေးတယ်။ နောက်တော့ ပြောင်းပြေးရတာပဲ ။ အရင်တုန်းက ည ၁၀ နာရီကျော်လောက်ကြီးမှာ လောင်းကြေးစားကြေးနဲ့ အဲ့အိမ်ကြီး ဝန်းထရံကို သွားပြီး သေး ပြီးအောင် ပေါက်။ အိမ်ထဲကို ကြည့်။ ကြာကြာနေနိုင်တဲ့ကောင် အနိုင်ပဲ ဆိုပြီး လောင်းကြတာ။ ပါးစပ်ကလည်း အော်ရသေးတယ်။ “ဤအိမ်မှာ ရှိသမျှသော နာနာဘာဝ၊ ဝိနာဘာဝတို့ ဖိတ်ခေါ်ပါတယ်။ သင်တို့ ရှိတယ် ဆိုရင် ကိုယ်ထင်ပြပါ” စသဖြင့်။ အခု ပြန်ပြီး ပြောရင်းနဲ့ ကြက်သီးတွေတောင် ထလာတယ်။ လှေကားပေါ်ကနေ အမွှေးတွေ အရှည်ကြီးနဲ့ ခြေထောက်ရှည်ကြီး ၂ ချောင်း ဆင်းလာတာ။ ပြေးကြတာ တန်းနေတာပဲ။ အိမ်ပေါ် တက်လိုက် ဆင်းလိုက် လုပ်နေတာတွေ၊ အိမ်ပေါ်မှာ ပြေးလွှားနေတဲ့အသံ တဒုန်းဒုန်းနဲ့ ကြားနေရတာတွေ ဆုံရပ်ထဲက လူတွေ အသိပေါ့။
နေရာ (၅) ကျောက်တိုင်ကွင်းနောက်လမ်းကြားက သရဲဗိုလ်တဲကြီး
ကျောက်တိုင်ပန်းခြံ နောက်ဘက်က အရင်အင်္ဂလိပ်တွေခေတ်က မျက်နှာဖြူ ဗိုလ်တွေ နေခဲ့ကြလို့ ဗိုလ်တဲတွေ လို့ ခေါ်ကြတာ။ ရှေးဟောင်း တိုက်အိမ်အိုကြီး။ ဘယ်သူ့အိမ်တော့ မပြောတော့ဘူး။ နှစ်ထပ် အိမ်ကြီးထဲမှာ အခန်းတွေ ကလည်း အများကြီး။ လှေကားလက်ရမ်းမှာ ပန်းပွတ် ပွတ်ထားပြီး ကနုက်ကမာတွေနဲ့ ။ ညညဆိုရင် ခြံထဲမှာ လမ်းဆင်း လျှောက် တဲ့ သရဲ မိန်းမကြီးတစ်ယောက် ရှိတယ်။ ပုပုနဲ့ ဂါဝန်ရှည်ကြီး ဝတ်ထားတာ။ လမ်းပေါ်က ညနက်သန်းခေါင်း ဖြတ်သွားဖြတ်လာတွေက မြင်ကြတော့ အဲ့အရာရှိကြီးကို ပြန်ပြောပြ၊ ဘယ်သူမှ အဲ့အချိန် ခြံထဲ ဆင်းမလျှောက်ပါဘူး ပေါ့။ နောက်မှ ဘယ်ဟုတ်မလဲ သရဲမကြီး လမ်းဆင်းလျှောက်တာ။
အရာရှိကြီးက ခရစ်ယာန်ဆိုတော့ ဖာသာတွေနဲ့ ရွတ်ကြဖတ်ကြပေါ့။ အဲ့ဒီမှာ ကြမ်းတော့တာပဲ။ နောက်နေ့ အိမ်ရှေ့က ဖြတ်သွားတဲ့လူတွေကို လမ်းပေါ် အထိ တက်ခြောက်တယ်။ မကြောက်တဲ့ သူတွေက ခဲနဲ့ ပြန်ပစ်။ နောက်ကျတော့ ဒီအတိုင်းတော့ မရတော့ဘူး ဆိုပြီး ဘုန်းကြီးတွေ ပင့်၊ ကမ္မဝါတွေဖတ်၊ ပဌာန်းတွေရွတ်၊ သူ့ကို ရွှေရင်ကျော် ဆရာ တစ်ယောက်နဲ့ ပြန်နှင်လွှတ်ရတယ်။ နေစရာ ပေးလိုက်တာက ကင်းဘက် သွားတဲ့ လမ်းပေါ်က သစ်ပင်ကြီးတစ်ပင်။ (အဲ့တုန်းက လူတွေ၊ အဲ့နားက လူတွေ သိတယ်) ခုတော့ အဲ့သစ်ပင်မှာ သရဲမပုပုကြီး ရှိသေးလား မသိ။
နေရာ (၆) စသုံးလုံး ရုံးနဲ့ ဗိုလ်မ သရဲ
ဒီနေရာကတော့ အထက(၁) တက်ခဲ့တဲ့သူတွေ အတော်များများ သိကြလိမ့်မယ်။ အထက(၁) အရှေံဘက်က စသုံးလုံးရုံး၊ အဲ့ရှေ့မှာ တမာပင် အကြီးကြီး ရှိတယ်။ အဲ့ဒီသရဲကတော့ ဗိုလ်မ သရဲ။ နာမည်ကြီး၊ ကြမ်းကြမ်းရမ်းရမ်း။ ဒါပေမယ့် ဒီသရဲမက ဗိုလ်မပီပီ ဂါဝန်ရှည်အဖြူကြီးနဲ့ ။ စသုံးလုံးရုံး ဆိုတာက အရင်တုန်းက မျက်နှာဖြူ ဗိုလ်တွေနေတဲ့ အိမ်။ အဲ့ဒီအိမ်မှာ အင်္ဂလိပ်ခေတ်က ၃ လောင်းပြိုင် သေထားတာ လို့ လူကြီးသူမတွေ ပြောဖူးတယ်။
ဒီအမျိုးသမီးက ရုပ်ပျက်ဆင်းပျက် ခေါင်းတစ်ခြား ကိုယ်တစ်ခြား ခုတ်ထစ်ခံရပြီး အစိမ်းသေ သေခဲ့တာ။ ကျန်တဲ့ သေတဲ့သူတွေက သရဲ မဖြစ်ဘဲ သူတစ်ယောက်ပဲ ဗိုလ်မ သရဲ ဖြစ်နေတာ။ အိပ်နေတဲ့သူတွေကို ခြေထောက်တွေ ဆွဲတယ်။ တဒုန်းဒုန်း ခြေသံကြားအောင် လျှောက်တယ်။ ပစ္စည်းတွေ ဆွဲချတယ်။ နောက် ညပိုင်း စောင့်အိပ်ရဲတဲ့သူတောင် မရှိတော့ဘူး။ အဲ့အချိန် ရှေ့က တမာပင်ကြီးဘက် ကူးလာပြီး လမ်းသွားလမ်းလာတွေကို ခြောက်တယ်။ နာမည်ကြီး ဗိုလ်မ သရဲပေါ့။
နေရာ (၇) ဆေးရုံလမ်းကြားက ကုက္ကိုပင်နဲ့ ဆံရှည် သရဲမ
ဆေးရုံလမ်းကြားဆိုရင် မော်ကျူရီ ရင်ခွဲရုံ ရှိတယ်။ ပြောရရင် လူသေအလောင်းတွေ အဲ့မှာ ထားကြတာပေါ့။ ဒီသရဲမက ထူးဆန်းတယ်။ ညနေပိုင်း၊ ညပိုင်း မခြောက်ဘူး။ မနက် ၂ နာရီနဲ့ ၃ နာရီကြား အဲ့အချိန်မှ ခြောက်တာ။ ရင်ခွဲရုံက တစ်ယောက်ယောက်လို့ ပြောကြတာပဲ။ ဆံပင်အရှည်ကြီးတွေကို မျက်နှာပေါ်အုပ်ပြီး ရင်ခွဲရုံဘက်က ထွက်ထွက်လာတာ။ ဝတ်စုံက အဖြူမဟုတ်ဘူး။ ညိုညိုမည်းမည်းကြီး။
တစ်ခါတစ်လေ လမ်းပေါ် သွားတဲ့ စက်ဘီးတွေနောက် တက်လိုက်သေး။ စက်ဘီးတစ်ယောက်တည်း နင်းသွားရင် နောက်က အိကနဲ ဖြစ်သွားပြီး လမ်းငါးသွယ်လောက်ရောက်မှ စက်ဘီးက ပေါ့သွားတာမျိုး။ အဲ့လို လမ်းကြုံလိုက်စီးရင် လူမမြင်ရဘူး။ လေးပဲ လေးသွားတာ။ ကြက်သီးတွေ ထပြီးစိမ့်ကနဲ ဖြစ်သွားတဲ့ သူတွေ၊ ဘယ်သွားမှာလဲ ဆိုပြီး နားဝ ကပ်ပြီး မေးလာတာမျိုးတွေ။ ပုပ်အဲ့အဲ့ အနံ့ကြီးရတယ်။ ကြက်သီးထတယ်။ လှည့်ကြည့်လိုက်ရင် ဆံပင်ရှည်ကြီး မျက်နှာဖုံးတဲ့ ဆံရှည်သရဲမကို တွေ့လိမ့်မယ်။ (အခု အဲ့ ဆံရှည် သရဲမ ရှိသေးလား မသိ။ မနက် ၂ နာရီကျော်လောက် တစ်ယောက်တည်း သွားကြည့်ကြည့်ကြဦးနော်)
နေရာ (၈) အလယ်ချောင်း ထနောင်းပင်တန်းက သဘက်ကြီး
ဒါတော့ မြို့ထဲနဲ့ ဝေးသွားပြီ။ မြသလွန်ဘုရား မြောက်ဘက်၊ အခု အောင်ဘုံကျောင်းရဲ့ မြောက်ဘက် ပိုကျသေးတယ်။ ဆင်တောင်လို့ ခေါ်ကြတဲ့ဘက်။ အလယ်ချောင်းဘက်မှာ ထနောင်းပင်တောအုပ်ကြီး ရှိတယ်။ အဲ့တောအုပ်ကြီးမှာ သဘက်ကြီး ရှိတယ်။ ကြားဖူးတယ်မဟုတ်လား။ သရဲ သဘက်ဆိုတာ။ သဘက်ဆိုတာက နားရွက်တွေက အကြီးကြီးတွေ။ အဲ့တုန်းက အဲ့ဘက်ကဆို လှည်းလမ်း အကြမ်းပဲ ရှိတာ။ တောလမ်းလို့ ပြောရမှာပေါ့။ အဲ့ဘက်ကလူတွေ မြို့ပေါ်တက်လာ ရင် လှည်းနဲ့ လာကြရတာ။ ညဘက်ကနေ မနက် ဝေလီဝေလင်းအထိ။
လှည်းလမ်းပေါ်မှာ သဘက်ကြီး အိပ်နေတာ။ နားရွက်တစ်ဘက်ကို ခင်း၊ အဲ့ပေါ်လှဲအိပ်၊ နားရွက်တစ်ဘက်ကို ကိုယ်ပေါ်မှာ ခြုံပြီး နေတာ။ အမွေးတွေက ကြဲကြဲ၊ မည်းမည်း ညစ်ညစ်ကြီး။ မျက်နှာက ဝက်လိုလို၊ လင်းနို့လိုလို မျိုးပေါ့။ တစ်ခါတစ်လေ မီးလုံးတွေ ထနောင်းပင်ထဲ က ထွက်လာ၊ ထန်းပင်တွေ နဲ့ အနားမှာ ရှိတဲ့ အပင်တွေဆီ ကူး။ မီးစုံးတောက်တာမျိုးလည်း ရှိ။ အရင်က တစ်ကယ့် တောတန်းကြီး ဆိုတော့ နာနာဘာဝတွေ ကျက်စားကြတာပေါ့။ အခုတော့ နေရာ ရွှေ့ရင်လည်း ရွှေ့ကုန်ရောပေါ့။
နေရာ (၉) ဆုံမန်ကျည်းပင်ပေါ်က ခေါင်းပြတ်သရဲနဲ့ ခွေးတန်ရိုးဘက် မပြန်လမ်း
ဒီနှစ်ခုတော့ ပေါင်းပြီးပဲ ပြောလိုက်ပါမယ်။ မြို့ပြင်တွေ ဆိုတော့လေ။ ဆုံမန်ကျည်းပင်ဆိုတာက မြို့အထွက် တော်ငတွင်းလမ်းပေါ်မှာ။ ခွေးတန်ရိုး ဆိုတာက မြို့အထွက် ကန်ပြားလမ်းပေါ်မှာ။ နှစ်ခုစလုံးက ကားသမားတွေ၊ မြင်းလှည်းသမားတွေကို ခြောက်ကြတာ။ ကားတွေကို တားတယ်၊ မိန်းကလေးမှတ်လို့ တင်ခေါ် ပြီးတော့မှာ ခေါင်းပြတ်ကြီး ဖြစ်နေတာ။ ကားကို မတားဘဲ သူ့ဘာသာ လိုက်တက်လာတာမျိုး လှည့်ကြည့်မှ ဘေးနားရောက်လာ တာတွေ၊ အဲ့တုန်းက မြင်းလှည်းသမားတွေ ပိုကြုံရတယ်။
အဲ့ခေတ်က မြင်းလှည်း ခေတ်လေ။ ခွေးတန်ရိုးဘက်ကတော့ ပွဲကြိုထဲက လူတစ်ယောက်၊ မနက်ပိုင်း လမ်းလျှောက်ဆိုပြီး အရှေ့ဘက် တက်သွားတာ။ ခွေးတန်ရိုးဘက်မှ သရဲမနဲ့ တွေ့လို့။ (တစ်ချို့ကလည်း ဥစ္စာစောင့်မ လို့ ပြောကြပြန်ရော) သိုက်ကို ခေါ်သွားတာ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့တာ အဲ့တုန်းက နာမည်ကြီးပေါ့။ သူ ပျောက်သွားတဲ့ နေရာ ရောက်ရင် စိမ်းရွှေရွှေ၊ ပုပ်အဲ့အဲ့ အနံ့ကြီး နံတယ်။သက်ပြင်းချသံ အကျယ်ကြီး ကြားရတယ်။ တစ်ခါတစ်လေ ခေါင်းပြတ်ကြီး မြင်ရတယ်။ တစ်ခါတစ်လေကျတော့ လူတစ်ယောက် ကိုယ့်နောက်က လမ်းလျှောက်ပြီး လိုက်လာသလိုမျိုး ခံစားရတယ်။ (မယုံရင် သွားစမ်းကြည့်ကြဦး)
မြို့ဟောင်း မြစ်ကမ်းပါးက သဖန်းပင်ကြီး တစ်ပင်ရယ်၊ အခု တောင်တွင်းလမ်းပေါ်က အိမ်တစ်အိမ်ရယ်၊ ကန်သာ ကန်ကြီး ဘေးနားက သစ်သားအိမ် တစ်အိမ်ရယ်၊ ကောလိပ်နားက အဆောင်တစ်ဆောင်ရယ်၊ အဲ့ဒါတွေကတော့ အစိမ်းသေ သေပြီး သရဲ ခြောက်တယ် ဆိုပြီး နာမည်ကြီးကြသေးတယ်။ အဲ့ဒီ သရဲအကြောင်း အသေးစိတ် မသိတော့ ဒီထဲမှာ အကျယ် မရေးတော့ပါဘူး။ (သိတဲ့လူတွေ ကွန်မန့်မှာ ရေးပေါးကြပါဦး၊ သရဲ မှတ်တမ်းစာအုပ်ပေါ့)
ဈေးနား အိုးဘိုထဲက အိမ်တစ်အိမ်၊ ဗိုလ်ချုပ်လမ်းက အိမ်တစ်အိမ်၊ ဆားစည့်ထဲက အိမ်တစ်အိမ်၊ ပွဲကြိုထဲက အိမ်တစ်အိမ် ပုဏ္ဏက တိုက်လို့ ဘယ်သူမှမရှိဘဲ ပစ္စည်းတွေ လေထဲဝဲပျံနေတာ သွားကြည့်ဘူးတယ်။ ရွာသစ်ထဲက အိမ်တစ်အိမ် ဆွဲကြိုးချပြီး အစိမ်းသေသေပြီး သရဲခြောက်တယ်လို့ သတင်းတွေ ထွက်ခဲ့ဘူးတယ်။ ပွဲကြိုထဲက တစ်အိမ်၊ ပြည်တော်သာ ထဲက တစ်အိမ် အစိမ်းသေသေလို့ သရဲခြောက်တယ် နာမည်ကြီးလို့ ဘော်ဒါတွေနဲ့ သရဲသွားခေါ်ဘူးတယ်။ ည ၁၂ နာရီ၊ သန်းခေါင်အချိန်၊ လမ်းလေးခွ ဆုံတဲ့နေရာမှာ ခုံတစ်လုံး၊ အမဲသားတစ်တွဲနဲ့ သရဲခေါ်မေးဘူးတယ်။
အဲ့တုန်းက ကောင်မလေးတွေ စုပြီး ဖျာလိပ်နတ် မေးကြသလို ကောင်လေးတွေ စုပြီး သရဲခေါ်မေးကြတဲ့ ခေတ်။ ဖျာလိပ်နတ်က ယောင်္ကျားလေး ချောင်းကြည့်ရင် မဝင်ဘူး ပြောတာရယ်၊ ဖျာလိပ်ကို သနပ်ခါးလိမ်း၊ နှုတ်ခမ်းနီဆိုးပေးတဲ့ အထိ အရူးထတဲ့ ကောင်မလေးတွေရယ်။ ပြောရရင်တော့ ဒီည ပြောလို့ ကုန်မှာ မဟုတ်သေးဘူး။
ဘုရားသုံးဆူ အလယ်ဘုရားနဲ့ ပန်းရစ်တောင်ပေါ်က ဥစ္စာစောင့်တွေအကြောင်း၊ ရပ်ကွက်အတော်များများက သရဲပူးတဲ့အကြောင်း အဲ့ဒါတွေ ရှိပါသေးတယ်။ အခုတော့ သရဲအကြောင်း Only ပဲ ဆိုတော့ အဲ့ဒါတွေ မပြောတော့ပါဘူး။ (နောက်တော့မှပဲ ဝေမျှပေးပါဦးမယ်)
ကဲ အပေါ်က ပြောတဲ့ နေရာတွေက အရင်တုန်းက နေရာတွေနော်။ ခုခေတ် မရှိလောက်တော့ပါဘူး ။ အိမ်နံပတ်တွေ မထည့်တာလည်း အဲ့ဒါကြောင့်ပါ။ အခုတော့ မရှိတော့ဘူးလို့ ထင်ပါတယ်နော်။ အခုခေတ် မကွေးမြို့မှာ ဘယ်နေရာတွေ သရဲ ခြောက်တယ် လို့ နာမည်ကြီးနေကြသလဲ။ ကွန်မန့်ထဲမှာ ပြောသွားပေးကြပါဦး။ သရဲ ခြောက်တဲ့နေရာတွေ မှတ်တမ်းတင်ပြီး သွားကြည့်ရအောင်လို့။
အမှတ်တရ ရင်ထဲကမကွေး
Zawgyi
တေခတ္တခါ က မေကြးၿမဳိ႕မွာရွိ ခဲ့ တဲ့ သရဲအရမ္းေျခာက္တဲ့ ေနရာ (၉) ခု
သရဲဆိုတာ ေသဆုံးသြားတဲ့ လူေတြ၊ တိရိစာၦန္ေတြ ရုပ္အားျဖင့္ ပုံသ႑ာန္အမ်ဳိးမ်ဳိးနဲ႕ တည္ရွိေနတာမ်ဳိး။ သူတို႕ ရွိေန ေၾကာင္းကို ရုပ္ပိုင္းနဲ႕ ျပၾကသလို မျမင္ရဘဲလည္း ျပသေလ့ ရွိပါတယ္။ ေသဆုံးသြားတဲ့သူေတြဟာ ပုံစံအမ်ဳိးမ်ဳိးနဲ႕ ရွိေနတာကို စာေပ မေပၚေပါက္ခင္ကတည္းက အယူ၊ အစြဲ ရွိခဲ့ၾကပါတယ္။
ဘုရားရွင္ လက္ထက္ မတိုင္မီကတည္းက နာနာဘာဝ ေတြဟာ နာမည္မ်ဳိးစုံ ပုံစံမ်ဳိးစုံနဲ႕ ရွိၾကပါတယ္။ သရဲ၊ တေစၦ၊ ျပိတၱာ၊ ဘီလူး၊ သဘက္ စသျဖင့္ မေသခင္က လုပ္ေဆာင္ခဲ့တဲ့ ကုသိုလ္ေကာင္းမႈ အမ်ဳိးမ်ဳိးကို အေၾကာင္းျပဳျပီး ဘဝကူးတဲ့အခါ မကၽြတ္မလြတ္ ရွိေနၾကတာ။ အေရွ႕တိုင္းသာမက အေနာက္ႏိုင္ငံၾကီးေတြမွာပါ သရဲ ဆိုတာကို ယုံၾကည္ၾကပါတယ္။
Ghost ဇာတ္ကားဆိုရင္ ေဟာလိဝုဒ္က ဆုရကား၊ သရဲကားေတြမွ မ်ဳိးစုံ၊ သရဲဝတၳဳေတြလည္း အမ်ားၾကီး။ ေသလြန္သူ ဘိုးဘြားေတြရဲ႕ ဝိဥာဥ္ေတြကို ကိုးကြယ္ ပူေဇာ္တဲ့ ဓေလ့ေဟာင္းေတြလည္း ရွိၾကပါတယ္။ အဲ့ဒီအခ်ိန္ ေသသူေတြနဲ႕ ဆက္သြယ္ေပးတဲ့သူေတြကို နီခရိုမန္စီ necromancy လို႕ေတာင္ ေခၚဆိုၾကပါတယ္။ နတ္ဆရာလိုလို၊ သိုက္ဆရာလိုလို လူေတြေပါ့။ လူမဟုတ္တဲ့သူေတြကို ကိုးကြယ္တာကို အန္နီမစ္ဇင္ animism လို႕ ေခၚပါတယ္။ တိရိစာၦန္ရုပ္ၾကီးေတြ ကိုးကြယ္ၾကတာ။ ဒါက သရဲ ဆိုတာ တစ္ကယ္ ရွိသလား အခ်ီးပဏာမ နိဒါန္းပ်ဳိးရျခင္း ျဖစ္ပါတယ္။
ညအခ်ိန္ မည္းမည္းေမွာင္ေနတဲ့အခ်ိန္။ လမ္းမီးတိုင္ေတြက က်ဳိးတိုးက်ဲတဲ မီးကလည္း ပုံမွန္မလာ။ တစ္ေယာက္တည္း သြားေနခ်ိန္ ေနာက္ေက်ာက စိမ့္ေအးလာတာမ်ဳိး၊ ၾကက္သီးေမြးညွင္းေတြ ထလာတာမ်ဳိး ၾကဳံဖူးၾကပါလိမ့္မယ္။ ျပီးေတာ့ ညနက္သန္းေခါင္ မအိပ္ေသးဘဲ စာက်က္ေနတဲ့အခ်ိန္၊ စာအုပ္ဖတ္ေနတဲ့အခ်ိန္၊ တစ္ခုခု လုပ္ေနတဲ့အခ်ိန္မွာ တစ္ေယာက္ ေယာက္က စိုက္ၾကည့္ေနတယ္ ဆိုတဲ့ ခံစားမႈမ်ဳိး ျဖစ္ဖူးၾကပါလိမ့္မယ္။ ေနာက္တစ္ခါ ညအခ်ိိန္မေတာ္ အိပ္ေနခ်ိန္ ဘယ္သူမွလဲ မရွိဘဲ တံခါးေခါက္သံလိုလို၊ လမ္းေလွ်ာက္သံလိုလို၊ ပစၥည္းက်ကြဲသံလိုလို ႏိုးလာျပီး စိမ္းေရႊေရႊ အနံ႕ၾကီး ရလာဘူးလား။
ညသန္းေခါင္ယံအခ်ိန္၊ လမ္းထဲက ေခြးေတြ ဟိုးအေဝးကေန ဆြဲဆြဲငင္ငင္ အုပ္စုလိုက္ အူေနတာ၊ ကိုယ့္အိမ္နားကေခြးေတြ အူတယ္၊ ျပီးရင္ ေဘးနားက ေခြးေတြ ထပ္အူတယ္။ အဲဒီလိုမ်ဳိး ေခြးအူသံေတြ တျဖည္းျဖည္း နီးလာျပီး ျပန္ေဝးသြားတာမ်ဳိး ၾကဳံဖူးၾကလား။ ေဟာင္တာ မဟုတ္ဘူးေနာ္။ မကၽြတ္လြတ္ေသးတဲ့ ဝိဥာဥ္ေတြ ေတြ႕ရလို႕ ေခြးေတြ အူၾကတာ။
သူတို႕ ေရြ႕ေနရာ တစ္ေလွ်ာက္မွာ ရွိတဲ့ ေခြးေတြ အူၾကတာ။ ေခြးေတြက နာနာဘာဝ၊ ဝိနာဘာဝ ဝိဥာဥ္ေတြကို ျမင္ႏုိင္ၾကတယ္ ေလ။ တစ္ခ်ဳိ႕ဆိုရင္ သရဲကို ျမင္ခ်င္လြန္းလို႕ ေခြးမ်က္ေခ်းယူျပီး ကိုယ့္မ်က္ေစ့ကို ပြတ္ၾကေသးတယ္။ လူေတြက ဘုန္းကံ ျမင့္ေတာ့ ေတာ္တန္ရုံ မျမင္ရဘူး။ ေခြးမ်က္ေခ်း ယူျပီး ပြတ္လိုက္ေတာ့ ဘုန္းနိမ့္သြားျပီး သရဲ၊ တေစၦေတြကို ျမင္ႏုိင္သြားၾက တာ။
အခု ဆက္ျပီးေတာ့ ငယ္ငယ္တုန္းက သရဲေျခာက္တယ္ လို႕ နာမည္ၾကီးခဲ့တဲ့ ေနရာေတြအေၾကာင္း ေျပာျပပါမယ္။
ေနရာ (၁) သိဂၤါထိပ္က ကုကၠဳိပင္ၾကီး
အခုသိဂၤါဂီရိရပ္ကြက္ ဆိုတာ အရင္တုန္းက အေလာင္းေတြ ျမဳပ္တဲ့ သခၤ်ိဳင္းကုန္းၾကီး။ ပါလီမန္ေခတ္မွာ ျမဳိ႕ကြက္ တိုးခ်ဲ႕ ေတာ့ သခၤ်ဳိင္းကုန္းၾကီးကို ေရႊ႕ပစ္ခဲ့တာ။ သိဂၤါထဲက အိမ္ေတြ အိမ္ေဆာက္တာပဲ ျဖစ္ျဖစ္၊ ေရတြင္းတူးတာပဲ ျဖစ္ျဖစ္ ေျမၾကီးေအာက္မွာ အရင္ေခတ္က အုတ္ျပားအၾကီးၾကီးေတြ ေတြ႕ၾကလိမ့္မယ္။ အဲ့ဒါ အရင္တုန္းက သခၤ်ဳိင္းကုန္း အုတ္ဂူေတြက အုတ္ေတြေပါ့။ သခၤ်ဳိင္းကုန္း ေရႊ႕တာ ၾကားဘူးၾကလား။ အဲ့ဒီေခတ္က ကားေတြ ရွားလို႕ ႏြားလွည္း အလြတ္ေတြနဲ႕ ညၾကီးမင္းၾကီး ေရႊ႕ခဲ့ရတာ။ တစ္ခ်ဳိ႕လည္း မလိုက္ခ်င္လို႕ က်န္ခဲ့ေသးတယ္ လို႕ေတာင္ ေျပာၾကတာ။ လူေနရပ္ကြက္ အျဖစ္ ေဖာ္ေတာ့ ေရေျမာင္းမပါ၊ အကြက္ရိုက္ျပီး အိမ္ျခံကြက္ေတြ သတ္မွတ္ေပးခဲ့တာ။ သစ္ပင္ ၾကီးၾကီးေတြ အခုထိ ရွိေသးတယ္ ဆိုရင္ သတိသာထားေပေတာ့။
မဂၤလာေစ်းထိပ္၊ အရင္ သမဝါယမဆိုင္ေဘးမွာ ကုကၠဳိပင္ အၾကီးၾကီးရွိတယ္။ အပင္ၾကီးေအာက္မွာ အုတ္ပုံေတြ ထိုးထိုး ေထာင္ေထာင္ ရွိေသးတယ္။ (အခု ရွိေသးလား မသိ) အဲ့ကုကၠဳိပင္ၾကီးေအာက္ ညဘက္ ၁၂ နာရီ ေက်ာ္ရင္ တစ္ကိုယ္လုံး အဝတ္ျဖဴ၊ ဆံပင္ရွည္ဖားလ်ားၾကီးနဲ႕ မိန္းမသရဲတစ္ေကာင္ ရွိတယ္။ မယုံတဲ့သူေတြ အပင္ေအာက္ ညဘက္သြား၊ ဟိုေခၚ ဒီေခၚ လုပ္။ သစ္ပင္ေပၚက ဆင္းခ်လာတာ တဲ့။ အဲ့နားမွာ အမူးသမားေတြ အမူးလြန္ျပီး အိပ္ၾကတဲ့အခါ ၾကဳံရတာေပါ့။ အမူးသမားေတြ အမူးေျပတဲ့အထိ သရဲမၾကီးက ေျခာက္ခဲ့တာ။ သစ္ပင္ခုတ္ရင္ ပိုဆိုးမွာ စိုးလို႕ ဘယ္သူမွ မခုတ္ရဲ ခဲ့ပါဘူး။ (အခုေတာ့ မရွိေလာက္ေတာ့ပါဘူး )
ေနရာ (၂) စံပယ္လမ္းက ဒန္းေလးနဲ႕ သရဲသားအမိ
ျမဳိ႕ေဟာင္းရပ္ကြက္၊ စံပယ္လမ္းထဲက အိမ္။ အိမ္ရွင္ မေနဘူး။ အိမ္ငွားေတြ ခဏခဏ ေျပာင္းတယ္။ နယ္ကလာတဲ့သူေတြ မသိေတာ့ ငွားခ ေစ်းသက္သာတယ္ ဆိုျပီး ငွားေနၾကတယ္။ (အိမ္နံပတ္က – – – – – ) အဲ့တုန္းကလူေတြ သိတယ္။ အိမ္ေရွ႕ မွာ ဒန္းေလးတစ္ခု ရွိတယ္။ ညေမႊးပန္းပင္ေတြလည္း ရွိတယ္။ ညဆိုရင္ ပန္းေတြက စူးရွရွ ေမႊးေနတာ။ အဲ့အိမ္ ေရွ႕က ျဖတ္ေလွ်ာက္ရဲလား၊ မရဲဘူးလား ဆိုတာ ငယ္ငယ္က ေလာင္းေၾကးစားေၾကး ခ်ခဲ့ၾကေသးတာပ။ ဒန္းေလးက လူမရွိဘဲ လႊဲေနတတ္တယ္။ တစ္ခါတစ္ခါ ကံနိမ့္လြန္းရင္ ဒန္းေလးေပၚမွာ အမ်ဳိးသမီး တစ္ဦး၊ အေပၚအျဖဴ ေအာက္အျဖဴ နဲ႕။ ကေလးေပါက္စနေလး ေပြ့ခ်ီလို႕ ဒန္းလႊဲေနတာကို ျမင္ရတတ္တယ္။
အဲ့အိမ္ေရွ႕က ျဖတ္ေလွ်ာက္ရင္ အလိုလို ၾကက္သီးေတြ ထလာတယ္။ တစ္ခါကဆို လူတစ္ေယာက္ ေလာင္းေၾကးစားေၾကး သြားျပီး ေလွ်ာက္တာ။ ည ၁၂ နာရီ တိတိ။ ဒန္းေလး လႊဲေနတာ ျမင္တယ္။ သားအမိႏွစ္ေယာက္ကို ျမင္တယ္။ သူ႕ကို အေမလုပ္သူက စိုက္ၾကည့္ေနတာ မ်က္လုံးခ်င္းဆုံေတာ့ အရမ္းလန္႕သြားတယ္။ သရဲမက ဒန္းေလးေပၚကေန ကေလးခ်ီရင္း မတ္တပ္ထရပ္ေတာ့ အသားကုန္ ေျပးတာ။ စံပယ္လမ္းက ကမူတစ္ခုနဲ႕ ေျခေခါက္လဲျပီး ေမွာက္လ်က္ လဲ၊ ျပီးေတာ့ ျပန္ထေျပး၊ ဖိနပ္ေတာင္ မပါေတာ့ဘူး။
ေနရာ (၃) ဆားစည့္ေက်ာင္း တိုက္ပ်က္ၾကီးၾကားက ပသွ်ဴးေခါင္းျပတ္
ဆားစည့္ေက်ာင္းကို ေရာက္ဖူးတဲ့သူေတြ သိပါလိမ့္မယ္။ ေရွးဘုရားပ်က္ေတြ၊ ေက်ာက္းတိုက္ပ်က္ၾကီးေတြ ျပဳိက်လုဆဲဆဲ ရွိခဲ့ပါတယ္။ (ခုေရာ ရွိလား မသိ) အဲ့ဒီ တိုက္ပ်က္ၾကီးေတြ ေရာက္ဖို႕ စိန္နားပန္ ျခဳံေတြ ျဖတ္ျပီးမွ သြားရတာေလ။ ေန႕ခင္း ေၾကာင္ေတာင္ ေတြ႕ရတာ နည္းတယ္။ ေက်ာင္းသူ ေက်ာင္းသားေတြ မသြားရဲၾကဘူး။ ပသွ်ဴးေခါင္းျပတ္ဆိုျပီး စနာမည္ ေပးခဲ့တာက ဆားစည့္ထဲက လူေတြ။ ညေနေစာင္းရင္ တိုက္ပ်က္ၾကီးေတြဘက္ မသြားေလနဲ႕။ ပသွ်ဴးေခါင္းျပတ္ဆိုတာက မေလးရွားစုန္းကားေတြထဲကလိုမ်ဳိး။ တိုက္ပ်က္ၾကီးနား ေရာက္လို႕ ႏွာေခါင္းက စိမ္းေရႊေရႊ အနံ႕ၾကီး ရျပီ ဆိုရင္ လွည့္မၾကည့္နဲ႕။ ေျပးသာေျပး။ လွည့္ၾကည့္ရင္ လိပ္ျပာလြင့္သြားႏိုင္တယ္ လို႕ ေျပာၾကတယ္။
ေနရာ (၄) ဆုံရပ္ထဲက ႏွစ္ေဆာင္ျပဳိင္အိမ္အိုၾကီး
ၾကားဖူးၾကလိမ့္မယ္. ႏွစ္ေဆာင္ျပဳိင္အိမ္ဆိုတာ။ အဲ့ဒီအိမ္ၾကီးကို သြားၾကည့္။ ဆုံရပ္ ( – -) လမ္းနဲ႕ (- -) လမ္းဆုံနားမွာ ရွိတယ္။ အိမ္ၾကီးကကို ေသခ်ာၾကည့္ရင္ကို ေၾကာက္စရာ။ ႏွစ္ထပ္အိမ္ၾကီး။ ေရနံေခ်းေတြ ဝေအာင္ သုတ္ထားလို႕ မည္းညဳိ႕ေနတာ။ ပုံမွန္အိမ္ေတြက ေလွကားဆို တစ္ခုပဲ။ အဲ့အိမ္မွာ ေလွကား ၂ ခုရွိတယ္။ တည့္တည့္ၾကည့္ရင္ အိမ္ ၂ လုံး ပူးထားသလိုပဲ။ ညဆိုရင္ ေအာက္ထပ္က ရွင္းလင္းျပီး ေလွကား ၂ ခုပဲ ျမင္ရတယ္။ အေပၚထပ္က အကာေတြနဲ႕ ေသခ်ာ မျမင္ရဘူး။ အဲ့အိမ္မွာ အိမ္ငွားေတြ လာေနျပီး တစ္ရက္၊ ႏွစ္ရက္တဲ႕ ေျပာင္းေျပးသြားၾကတာ။
ဆရာဝန္တစ္ေယာက္ ငွားျပီး ေဆးခန္းဖြင့္ေသးတယ္။ ခ်က္ခ်င္း ထြက္ေျပးရတယ္။ မာမူမိသားစု လာေနေသးတယ္။ ေနာက္ေတာ့ ေျပာင္းေျပးရတာပဲ ။ အရင္တုန္းက ည ၁၀ နာရီေက်ာ္ေလာက္ၾကီးမွာ ေလာင္းေၾကးစားေၾကးနဲ႕ အဲ့အိမ္ၾကီး ဝန္းထရံကို သြားျပီး ေသး ျပီးေအာင္ ေပါက္။ အိမ္ထဲကို ၾကည့္။ ၾကာၾကာေနႏိုင္တဲ့ေကာင္ အႏိုင္ပဲ ဆိုျပီး ေလာင္းၾကတာ။ ပါးစပ္ကလည္း ေအာ္ရေသးတယ္။ “ဤအိမ္မွာ ရွိသမွ်ေသာ နာနာဘာဝ၊ ဝိနာဘာဝတို႕ ဖိတ္ေခၚပါတယ္။ သင္တို႕ ရွိတယ္ ဆိုရင္ ကိုယ္ထင္ျပပါ” စသျဖင့္။ အခု ျပန္ျပီး ေျပာရင္းနဲ႕ ၾကက္သီးေတြေတာင္ ထလာတယ္။ ေလွကားေပၚကေန အေမႊးေတြ အရွည္ၾကီးနဲ႕ ေျခေထာက္ရွည္ၾကီး ၂ ေခ်ာင္း ဆင္းလာတာ။ ေျပးၾကတာ တန္းေနတာပဲ။ အိမ္ေပၚ တက္လိုက္ ဆင္းလိုက္ လုပ္ေနတာေတြ၊ အိမ္ေပၚမွာ ေျပးလႊားေနတဲ့အသံ တဒုန္းဒုန္းနဲ႕ ၾကားေနရတာေတြ ဆုံရပ္ထဲက လူေတြ အသိေပါ့။
ေနရာ (၅) ေက်ာက္တုိင္ကြင္းေနာက္လမ္းၾကားက သရဲဗိုလ္တဲၾကီး
ေက်ာက္တိုင္ပန္းျခံ ေနာက္ဘက္က အရင္အဂၤလိပ္ေတြေခတ္က မ်က္ႏွာျဖဴ ဗိုလ္ေတြ ေနခဲ့ၾကလို႕ ဗိုလ္တဲေတြ လို႕ ေခၚၾကတာ။ ေရွးေဟာင္း တိုက္အိမ္အိုၾကီး။ ဘယ္သူ႕အိမ္ေတာ့ မေျပာေတာ့ဘူး။ ႏွစ္ထပ္ အိမ္ၾကီးထဲမွာ အခန္းေတြ ကလည္း အမ်ားၾကီး။ ေလွကားလက္ရမ္းမွာ ပန္းပြတ္ ပြတ္ထားျပီး ကႏုက္ကမာေတြနဲ႕ ။ ညညဆိုရင္ ျခံထဲမွာ လမ္းဆင္း ေလွ်ာက္ တဲ့ သရဲ မိန္းမၾကီးတစ္ေယာက္ ရွိတယ္။ ပုပုနဲ႕ ဂါဝန္ရွည္ၾကီး ဝတ္ထားတာ။ လမ္းေပၚက ညနက္သန္းေခါင္း ျဖတ္သြားျဖတ္လာေတြက ျမင္ၾကေတာ့ အဲ့အရာရွိၾကီးကို ျပန္ေျပာျပ၊ ဘယ္သူမွ အဲ့အခ်ိန္ ျခံထဲ ဆင္းမေလွ်ာက္ပါဘူး ေပါ့။ ေနာက္မွ ဘယ္ဟုတ္မလဲ သရဲမၾကီး လမ္းဆင္းေလွ်ာက္တာ။
အရာရွိၾကီးက ခရစ္ယာန္ဆိုေတာ့ ဖာသာေတြနဲ႕ ရြတ္ၾကဖတ္ၾကေပါ့။ အဲ့ဒီမွာ ၾကမ္းေတာ့တာပဲ။ ေနာက္ေန႕ အိမ္ေရွ႕က ျဖတ္သြားတဲ့လူေတြကို လမ္းေပၚ အထိ တက္ေျခာက္တယ္။ မေၾကာက္တဲ့ သူေတြက ခဲနဲ႕ ျပန္ပစ္။ ေနာက္က်ေတာ့ ဒီအတိုင္းေတာ့ မရေတာ့ဘူး ဆိုျပီး ဘုန္းၾကီးေတြ ပင့္၊ ကမၼဝါေတြဖတ္၊ ပဌာန္းေတြရြတ္၊ သူ႕ကို ေရႊရင္ေက်ာ္ ဆရာ တစ္ေယာက္နဲ႕ ျပန္ႏွင္လႊတ္ရတယ္။ ေနစရာ ေပးလိုက္တာက ကင္းဘက္ သြားတဲ့ လမ္းေပၚက သစ္ပင္ၾကီးတစ္ပင္။ (အဲ့တုန္းက လူေတြ၊ အဲ့နားက လူေတြ သိတယ္) ခုေတာ့ အဲ့သစ္ပင္မွာ သရဲမပုပုၾကီး ရွိေသးလား မသိ။
ေနရာ (၆) စသုံးလုံး ရုံးနဲ႕ ဗိုလ္မ သရဲ
ဒီေနရာကေတာ့ အထက(၁) တက္ခဲ့တဲ့သူေတြ အေတာ္မ်ားမ်ား သိၾကလိမ့္မယ္။ အထက(၁) အေရွံဘက္က စသုံးလုံးရုံး၊ အဲ့ေရွ႕မွာ တမာပင္ အၾကီးၾကီး ရွိတယ္။ အဲ့ဒီသရဲကေတာ့ ဗိုလ္မ သရဲ။ နာမည္ၾကီး၊ ၾကမ္းၾကမ္းရမ္းရမ္း။ ဒါေပမယ့္ ဒီသရဲမက ဗုိလ္မပီပီ ဂါဝန္ရွည္အျဖဴၾကီးနဲ႕ ။ စသုံးလုံးရုံး ဆိုတာက အရင္တုန္းက မ်က္ႏွာျဖဴ ဗိုလ္ေတြေနတဲ့ အိမ္။ အဲ့ဒီအိမ္မွာ အဂၤလိပ္ေခတ္က ၃ ေလာင္းျပဳိင္ ေသထားတာ လို႕ လူၾကီးသူမေတြ ေျပာဖူးတယ္။
ဒီအမ်ဳိးသမီးက ရုပ္ပ်က္ဆင္းပ်က္ ေခါင္းတစ္ျခား ကိုယ္တစ္ျခား ခုတ္ထစ္ခံရျပီး အစိမ္းေသ ေသခဲ့တာ။ က်န္တဲ့ ေသတဲ့သူေတြက သရဲ မျဖစ္ဘဲ သူတစ္ေယာက္ပဲ ဗိုလ္မ သရဲ ျဖစ္ေနတာ။ အိပ္ေနတဲ့သူေတြကို ေျခေထာက္ေတြ ဆြဲတယ္။ တဒုန္းဒုန္း ေျခသံၾကားေအာင္ ေလွ်ာက္တယ္။ ပစၥည္းေတြ ဆြဲခ်တယ္။ ေနာက္ ညပိုင္း ေစာင့္အိပ္ရဲတဲ့သူေတာင္ မရွိေတာ့ဘူး။ အဲ့အခ်ိန္ ေရွ႕က တမာပင္ၾကီးဘက္ ကူးလာျပီး လမ္းသြားလမ္းလာေတြကို ေျခာက္တယ္။ နာမည္ၾကီး ဗိုလ္မ သရဲေပါ့။
ေနရာ (၇) ေဆးရုံလမ္းၾကားက ကုကၠဳိပင္နဲ႕ ဆံရွည္ သရဲမ
ေဆးရုံလမ္းၾကားဆိုရင္ ေမာ္က်ဴရီ ရင္ခြဲရုံ ရွိတယ္။ ေျပာရရင္ လူေသအေလာင္းေတြ အဲ့မွာ ထားၾကတာေပါ့။ ဒီသရဲမက ထူးဆန္းတယ္။ ညေနပိုင္း၊ ညပိုင္း မေျခာက္ဘူး။ မနက္ ၂ နာရီနဲ႕ ၃ နာရီၾကား အဲ့အခ်ိန္မွ ေျခာက္တာ။ ရင္ခြဲရုံက တစ္ေယာက္ေယာက္လို႕ ေျပာၾကတာပဲ။ ဆံပင္အရွည္ၾကီးေတြကို မ်က္ႏွာေပၚအုပ္ျပီး ရင္ခြဲရုံဘက္က ထြက္ထြက္လာတာ။ ဝတ္စုံက အျဖဴမဟုတ္ဘူး။ ညဳိညဳိမည္းမည္းၾကီး။
တစ္ခါတစ္ေလ လမ္းေပၚ သြားတဲ့ စက္ဘီးေတြေနာက္ တက္လိုက္ေသး။ စက္ဘီးတစ္ေယာက္တည္း နင္းသြားရင္ ေနာက္က အိကနဲ ျဖစ္သြားျပီး လမ္းငါးသြယ္ေလာက္ေရာက္မွ စက္ဘီးက ေပါ့သြားတာမ်ဳိး။ အဲ့လို လမ္းၾကဳံလိုက္စီးရင္ လူမျမင္ရဘူး။ ေလးပဲ ေလးသြားတာ။ ၾကက္သီးေတြ ထျပီးစိမ့္ကနဲ ျဖစ္သြားတဲ့ သူေတြ၊ ဘယ္သြားမွာလဲ ဆိုျပီး နားဝ ကပ္ျပီး ေမးလာတာမ်ဳိးေတြ။ ပုပ္အဲ့အဲ့ အနံ႕ၾကီးရတယ္။ ၾကက္သီးထတယ္။ လွည့္ၾကည့္လိုက္ရင္ ဆံပင္ရွည္ၾကီး မ်က္ႏွာဖုံးတဲ့ ဆံရွည္သရဲမကို ေတြ့လိမ့္မယ္။ (အခု အဲ့ ဆံရွည္ သရဲမ ရွိေသးလား မသိ။ မနက္ ၂ နာရီေက်ာ္ေလာက္ တစ္ေယာက္တည္း သြားၾကည့္ၾကည့္ၾကဦးေနာ္)
ေနရာ (၈) အလယ္ေခ်ာင္း ထေနာင္းပင္တန္းက သဘက္ၾကီး
ဒါေတာ့ ျမဳိ႕ထဲနဲ႕ ေဝးသြားျပီ။ ျမသလြန္ဘုရား ေျမာက္ဘက္၊ အခု ေအာင္ဘုံေက်ာင္းရဲ႕ ေျမာက္ဘက္ ပိုက်ေသးတယ္။ ဆင္ေတာင္လို႕ ေခၚၾကတဲ့ဘက္။ အလယ္ေခ်ာင္းဘက္မွာ ထေနာင္းပင္ေတာအုပ္ၾကီး ရွိတယ္။ အဲ့ေတာအုပ္ၾကီးမွာ သဘက္ၾကီး ရွိတယ္။ ၾကားဖူးတယ္မဟုတ္လား။ သရဲ သဘက္ဆိုတာ။ သဘက္ဆိုတာက နားရြက္ေတြက အၾကီးၾကီးေတြ။ အဲ့တုန္းက အဲ့ဘက္ကဆို လွည္းလမ္း အၾကမ္းပဲ ရွိတာ။ ေတာလမ္းလို႕ ေျပာရမွာေပါ့။ အဲ့ဘက္ကလူေတြ ျမဳိ႕ေပၚတက္လာ ရင္ လွည္းနဲ႕ လာၾကရတာ။ ညဘက္ကေန မနက္ ေဝလီေဝလင္းအထိ။
လွည္းလမ္းေပၚမွာ သဘက္ၾကီး အိပ္ေနတာ။ နားရြက္တစ္ဘက္ကို ခင္း၊ အဲ့ေပၚလွဲအိပ္၊ နားရြက္တစ္ဘက္ကို ကိုယ္ေပၚမွာ ျခဳံျပီး ေနတာ။ အေမြးေတြက ၾကဲၾကဲ၊ မည္းမည္း ညစ္ညစ္ၾကီး။ မ်က္ႏွာက ဝက္လိုလို၊ လင္းႏို႕လိုလို မ်ဳိးေပါ့။ တစ္ခါတစ္ေလ မီးလုံးေတြ ထေနာင္းပင္ထဲ က ထြက္လာ၊ ထန္းပင္ေတြ နဲ႕ အနားမွာ ရွိတဲ့ အပင္ေတြဆီ ကူး။ မီးစုံးေတာက္တာမ်ဳိးလည္း ရွိ။ အရင္က တစ္ကယ့္ ေတာတန္းၾကီး ဆိုေတာ့ နာနာဘာဝေတြ က်က္စားၾကတာေပါ့။ အခုေတာ့ ေနရာ ေရႊ႕ရင္လည္း ေရႊ႕ကုန္ေရာေပါ့။
ေနရာ (၉) ဆုံမန္က်ည္းပင္ေပၚက ေခါင္းျပတ္သရဲနဲ႕ ေခြးတန္ရိုးဘက္ မျပန္လမ္း
ဒီႏွစ္ခုေတာ့ ေပါင္းျပီးပဲ ေျပာလိုက္ပါမယ္။ ျမဳိ႕ျပင္ေတြ ဆိုေတာ့ေလ။ ဆုံမန္က်ည္းပင္ဆိုတာက ျမဳိ႕အထြက္ ေတာ္ငတြင္းလမ္းေပၚမွာ။ ေခြးတန္ရိုး ဆိုတာက ျမဳိ႕အထြက္ ကန္ျပားလမ္းေပၚမွာ။ ႏွစ္ခုစလုံးက ကားသမားေတြ၊ ျမင္းလွည္းသမားေတြကို ေျခာက္ၾကတာ။ ကားေတြကို တားတယ္၊ မိန္းကေလးမွတ္လို႕ တင္ေခၚ ျပီးေတာ့မွာ ေခါင္းျပတ္ၾကီး ျဖစ္ေနတာ။ ကားကို မတားဘဲ သူ႕ဘာသာ လိုက္တက္လာတာမ်ဳိး လွည့္ၾကည့္မွ ေဘးနားေရာက္လာ တာေတြ၊ အဲ့တုန္းက ျမင္းလွည္းသမားေတြ ပိုၾကဳံရတယ္။
အဲ့ေခတ္က ျမင္းလွည္း ေခတ္ေလ။ ေခြးတန္ရိုးဘက္ကေတာ့ ပြဲၾကဳိထဲက လူတစ္ေယာက္၊ မနက္ပိုင္း လမ္းေလွ်ာက္ဆိုျပီး အေရွ႕ဘက္ တက္သြြားတာ။ ေခြးတန္ရိုးဘက္မွ သရဲမနဲ႕ ေတြ႕လို႕။ (တစ္ခ်ဳိ႕ကလည္း ဥစၥာေစာင့္မ လို႕ ေျပာၾကျပန္ေရာ) သိုက္ကို ေခၚသြားတာ ပေဟဠိဆန္ဆန္ ေပ်ာက္ဆုံးသြားခဲ့တာ အဲ့တုန္းက နာမည္ၾကီးေပါ့။ သူ ေပ်ာက္သြားတဲ့ ေနရာ ေရာက္ရင္ စိမ္းေရႊေရႊ၊ ပုပ္အဲ့အဲ့ အနံ႕ၾကီး နံတယ္။သက္ျပင္းခ်သံ အက်ယ္ၾကီး ၾကားရတယ္။ တစ္ခါတစ္ေလ ေခါင္းျပတ္ၾကီး ျမင္ရတယ္။ တစ္ခါတစ္ေလက်ေတာ့ လူတစ္ေယာက္ ကိုယ့္ေနာက္က လမ္းေလွ်ာက္ျပီး လိုက္လာသလိုမ်ဳိး ခံစားရတယ္။ (မယုံရင္ သြားစမ္းၾကည့္ၾကဦး)
ျမဳိ႕ေဟာင္း ျမစ္ကမ္းပါးက သဖန္းပင္ၾကီး တစ္ပင္ရယ္၊ အခု ေတာင္တြင္းလမ္းေပၚက အိမ္တစ္အိမ္ရယ္၊ ကန္သာ ကန္ၾကီး ေဘးနားက သစ္သားအိမ္ တစ္အိမ္ရယ္၊ ေကာလိပ္နားက အေဆာင္တစ္ေဆာင္ရယ္၊ အဲ့ဒါေတြကေတာ့ အစိမ္းေသ ေသျပီး သရဲ ေျခာက္တယ္ ဆိုျပီး နာမည္ၾကီးၾကေသးတယ္။ အဲ့ဒီ သရဲအေၾကာင္း အေသးစိတ္ မသိေတာ့ ဒီထဲမွာ အက်ယ္ မေရးေတာ့ပါဘူး။ (သိတဲ့လူေတြ ကြန္မန္႕မွာ ေရးေပါးၾကပါဦး၊ သရဲ မွတ္တမ္းစာအုပ္ေပါ့)
ေစ်းနား အိုးဘိုထဲက အိမ္တစ္အိမ္၊ ဗိုလ္ခ်ဳပ္လမ္းက အိမ္တစ္အိမ္၊ ဆားစည့္ထဲက အိမ္တစ္အိမ္၊ ပြဲၾကဳိထဲက အိမ္တစ္အိမ္ ပုဏၰက တိုက္လို႕ ဘယ္သူမွမရွိဘဲ ပစၥည္းေတြ ေလထဲဝဲပ်ံေနတာ သြားၾကည့္ဘူးတယ္။ ရြာသစ္ထဲက အိမ္တစ္အိမ္ ဆြဲၾကဳိးခ်ျပီး အစိမ္းေသေသျပီး သရဲေျခာက္တယ္လို႕ သတင္းေတြ ထြက္ခဲ့ဘူးတယ္။ ပြဲၾကဳိထဲက တစ္အိမ္၊ ျပည္ေတာ္သာ ထဲက တစ္အိမ္ အစိမ္းေသေသလို႕ သရဲေျခာက္တယ္ နာမည္ၾကီးလို႕ ေဘာ္ဒါေတြနဲ႕ သရဲသြားေခၚဘူးတယ္။ ည ၁၂ နာရီ၊ သန္းေခါင္အခ်ိန္၊ လမ္းေလးခြ ဆုံတဲ့ေနရာမွာ ခုံတစ္လုံး၊ အမဲသားတစ္တြဲနဲ႕ သရဲေခၚေမးဘူးတယ္။
အဲ့တုန္းက ေကာင္မေလးေတြ စုျပီး ဖ်ာလိပ္နတ္ ေမးၾကသလို ေကာင္ေလးေတြ စုျပီး သရဲေခၚေမးၾကတဲ့ ေခတ္။ ဖ်ာလိပ္နတ္က ေယာက်ၤားေလး ေခ်ာင္းၾကည့္ရင္ မဝင္ဘူး ေျပာတာရယ္၊ ဖ်ာလိပ္ကို သနပ္ခါးလိမ္း၊ ႏႈတ္ခမ္းနီဆိုးေပးတဲ့ အထိ အရူးထတဲ့ ေကာင္မေလးေတြရယ္။ ေျပာရရင္ေတာ့ ဒီည ေျပာလို႕ ကုန္မွာ မဟုတ္ေသးဘူး။
ဘုရားသုံးဆူ အလယ္ဘုရားနဲ႕ ပန္းရစ္ေတာင္ေပၚက ဥစၥာေစာင့္ေတြအေၾကာင္း၊ ရပ္ကြက္အေတာ္မ်ားမ်ားက သရဲပူးတဲ့အေၾကာင္း အဲ့ဒါေတြ ရွိပါေသးတယ္။ အခုေတာ့ သရဲအေၾကာင္း Only ပဲ ဆိုေတာ့ အဲ့ဒါေတြ မေျပာေတာ့ပါဘူး။ (ေနာက္ေတာ့မွပဲ ေဝမွ်ေပးပါဦးမယ္)
ကဲ အေပၚက ေျပာတဲ့ ေနရာေတြက အရင္တုန္းက ေနရာေတြေနာ္။ ခုေခတ္ မရွိေလာက္ေတာ့ပါဘူး ။ အိမ္နံပတ္ေတြ မထည့္တာလည္း အဲ့ဒါေၾကာင့္ပါ။ အခုေတာ့ မရွိေတာ့့ဘူးလို႕ ထင္ပါတယ္ေနာ္။ အခုေခတ္ မေကြးျမဳိ႕မွာ ဘယ္ေနရာေတြ သရဲ ေျခာက္တယ္ လို႕ နာမည္ၾကီးေနၾကသလဲ။ ကြန္မန္႕ထဲမွာ ေျပာသြားေပးၾကပါဦး။ သရဲ ေျခာက္တဲ့ေနရာေတြ မွတ္တမ္းတင္ျပီး သြားၾကည့္ရေအာင္လုိ႕။
အမွတ္တရ ရင္ထဲကမေကြး