Covid ေၾကာင့္ ေသဆုံးသူမရွိေသးတဲ့ ဗီယက္နမ္ ….ဗီယက္နမ္က Covid အေပၚ တုန္႔ျပန္မႈကို ကမာၻႀကီးက သင္ယူလိုက္ပါ…
ဗီယက္နမ္ နဲ႔ Covid ..တ႐ုတ္ျဖစ္ေနခ်ိန္ Jan 24 က 2C နဲ႔ စခဲ့..သူ႔ထက္ တစ္ရက္ေစာတာက USA …သူနဲ႔တန္းတူက စကၤာပူ..သူ႔ထက္နဲနဲေစာတာက ဂ်ပန္ ..ေတာင္ကိုရီးယား နဲ႔ထိုင္း ..အဲဒီအခ်ိန္က သူတို႔ 1C , 2C ေလးေတြပဲရွိၾကေသးတယ္..
အေစာႀကီးကတည္းကျဖစ္ေနၿပီး ခုခ်ိန္ထိ ဘာ့ေၾကာင့္ #ေသဆုံးမႈZero အျဖစ္နဲ႔ ရပ္တည္ေနႏိုင္တာလဲ..
အခ်က္၃ ခ်က္ ေပးထားပါတယ္ .
1…ေႏွာင့္ေနမေနပဲ အတူတကြ ပူးေပါင္းေဆာင္႐ြက္တယ္..
2..က်ယ္ျပန္႔တဲ့ စစ္ေဆးမႈေတြလုပ္တယ္..
3..ကာကြယ္မႈကို ျပင္းျပင္းထန္ထန္ အေလးထားေဆာင္႐ြက္တယ္..
ပထမအခ်က္အတြက္.. ဒုတိယဝန္ႀကီးခ်ဳပ္ဦးေဆာင္ၿပီး Covid ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဆိုင္ရာ အမ်ိဳးသား ဦးေဆာင္ေကာ္မတီကို အလ်င္အျမန္ဖြဲ႕စည္းၿပီး တုန္႔ျပန္မႈအစီအစဥ္ကို ခ်က္ခ်င္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့… ဒုတိယအခ်က္အတြက္ ..တရားဝင္ ေျပာၾကားခ်က္အရဆိုရင္ Q ဝင္ထားတာ 75,000 ေလာက္ရွိတယ္..တစ္ခ်ိဳ႕က အိမ္မွာ..တစ္ခ်ိဳ႕က ထိန္းခ်ဳပ္ကုသ ၾကပ္မတ္စင္တာေတြမွာ..
စမ္းသပ္မႈေပါင္း 15 Apr အထိ 132,771 ရွိထားၿပီး 267 Cases ..ေသဆုံးသူ လုံးဝ မရွိ…#Zero #Deaths ..Mask မျဖစ္မေန တပ္ၾက..ၿမိဳ႕ေတာ္ ဟိုရွီမင္းရဲ႕အဓိကက်တဲ့ လမ္းမႀကီးေတြမွာ ႏွာေခါင္းစည္းတပ္ၾကဖို႔အသိေပးဆိုင္းပုဒ္ေတြ တပ္ဆင္ထား…
ကိုယ့္ေၾကာင့္ သူတစ္ပါးကူးစက္ခံရတယ္..အဲဒါ ႏွာေခါင္းစည္း မတပ္ထားခဲ့တာေၾကာင့္လို႔ ထင္ရွားခဲ့ရင္ ျပစ္မႈေျမာက္တယ္..သူ႔အတြက္က ေထာင္ဒဏ္ ၁၂ ႏွစ္… Mask တပ္ဖို႔ ျငင္းဆန္ရင္ ေထာင္ဒဏ္ ၉ လ..(တကယ္လုပ္တယ္ေနာ္ ..သူတို႔က ျပတ္သားတယ္..)မတ္လ ၁၀ ရက္ေန႔က တစ္ေယာက္ အမိန္႔ခ်ထားရၿပီးၿပီ…
တတိယအခ်က္အတြက္..အစိုးရကရဲ႕ တာဝန္ယူေစာင့္ေရွာက္မႉ အားေကာင္းတယ္..ကုမၸဏီေတြက သူ႔အလုပ္သမားေတြ ကို ပံ့ပိုးကူညီမႉ ျပဳလုပ္တယ္ …(ေထာက္ပံ့မႈအေနနဲ႔ မနက္ ၈ နာရီကေန ညေန ၅ နာရီအၾကား အခမဲ့ ဆန္ေပးေဝမႈအတြက္ ATM စက္ကေလးနဲ႔ အလိုအေလ်ာက္ခ်ိန္တြယ္ ေပးေဝမႈစနစ္ကို လုပ္ထားေပးတယ္…စည္းစနစ္က်က် လူမႈေရးကြာေဝးမႈစနစ္ကို တိတိက်က် လိုက္နာက်င့္သုံးၾကတယ္..)
ခုလို တင္းတင္းက်ပ္က်ပ္ ျပဳလုပ္တာက ေအာင္ျမင္ျခင္း ရလာဒ္ပဲျဖစ္တယ္..လူမႈေရးညီၫြတ္မႈသည္ အက်ပ္အတည္းမ်ားကို ေရွာင္ရွားႏိုင္သည္..ခုဆို WHO အပါအဝင္ ကမာၻတစ္ခုလုံးက ဗီယက္နမ္ကို ခ်ီးက်ဴးေထာပနာ ျပဳေနၾကၿပီ…
ဒီဧၿပီလထဲမွာပဲ ဥေရာပနဲ႔ အေရွ႕ေတာင္အရွ ႏိုင္ငံေတြဆီကို ေဆးပစၥည္း ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့…Face mask တစ္သန္းႏွစ္ေသာင္းေက်ာ္ အနက္ ၿဗိတိန္.. ဂ်ာမဏီ.. အီတလီ နဲ႔ စပိန္ တို႔ထံ 50,000 …အိမ္နီးခ်င္း ကေမာၻဒီယားအတြက္ 390,000 ….လာအိုသို႔ 340,000 တို႔အျပင္ ..ျပင္သစ္ ..ဂ်ာမဏီ ..အီတလီ.. စပိန္နဲ႔ ၿဗိတိန္ တို႔ထံ ေဆးဝါးမ်ားေထာက္ပံ့လႉတန္းခဲ့…
ဗီယက္နမ္ဟာ Covid ကိုတိုက္ရင္း စီးပြားေရး ျပန္လည္ရွင္သန္ေအာင္ လုပ္ေဆာင္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း သတင္းေထာက္ေတြကို ေျပာၾကားလိုက္ပါတယ္…..က်ေနာ္တို႔ သူ႔ဆီက သင္ယူဖို႔ အဆင္သင့္ျဖစ္ၿပီလား…Covid ကို ေအာင္ျမင္စြာ တိုက္ႏိုင္ဖို႔က ႏိုင္ငံအသီးသီးနဲ႔သာ သက္ဆိုင္ေတာ့တာပါ…ယေန႔ ဗီယက္နမ္ကေတာ့ သူ႔သမိုင္း သူေရးလိုက္ပါၿပီ…။ ။
မိုးမင္း(ေကာင္းကင္)
Source; – Coronavirus : What is behind Vietnam’s containment success?
South China Morning Post,
– Vietnam donotes over 1 million masks to Europe and Southeast Asia , ..
Unicode
Covid ကြောင့် သေဆုံးသူမရှိသေးတဲ့ ဗီယက်နမ် ….ဗီယက်နမ်က Covid အပေါ် တုန့်ပြန်မှုကို ကမ္ဘာကြီးက သင်ယူလိုက်ပါ…
ဗီယက်နမ် နဲ့ Covid ..တရုတ်ဖြစ်နေချိန် Jan 24 က 2C နဲ့ စခဲ့..သူ့ထက် တစ်ရက်စောတာက USA …သူနဲ့တန်းတူက စင်္ကာပူ..သူ့ထက်နဲနဲစောတာက ဂျပန် ..တောင်ကိုရီးယား နဲ့ထိုင်း ..အဲဒီအချိန်က သူတို့ 1C , 2C လေးတွေပဲရှိကြသေးတယ်..
အစောကြီးကတည်းကဖြစ်နေပြီး ခုချိန်ထိ ဘာ့ကြောင့် #သေဆုံးမှုZero အဖြစ်နဲ့ ရပ်တည်နေနိုင်တာလဲ..
အချက်၃ ချက် ပေးထားပါတယ် .
1…နှောင့်နေမနေပဲ အတူတကွ ပူးပေါင်းဆောင်ရွက်တယ်..
2..ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေလုပ်တယ်..
3..ကာကွယ်မှုကို ပြင်းပြင်းထန်ထန် အလေးထားဆောင်ရွက်တယ်..
ပထမအချက်အတွက်.. ဒုတိယဝန်ကြီးချုပ်ဦးဆောင်ပြီး Covid ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသား ဦးဆောင်ကော်မတီကို အလျင်အမြန်ဖွဲ့စည်းပြီး တုန့်ပြန်မှုအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့… ဒုတိယအချက်အတွက် ..တရားဝင် ပြောကြားချက်အရဆိုရင် Q ဝင်ထားတာ 75,000 လောက်ရှိတယ်..တစ်ချို့က အိမ်မှာ..တစ်ချို့က ထိန်းချုပ်ကုသ ကြပ်မတ်စင်တာတွေမှာ..
စမ်းသပ်မှုပေါင်း 15 Apr အထိ 132,771 ရှိထားပြီး 267 Cases ..သေဆုံးသူ လုံးဝ မရှိ…#Zero #Deaths ..Mask မဖြစ်မနေ တပ်ကြ..မြို့တော် ဟိုရှီမင်းရဲ့အဓိကကျတဲ့ လမ်းမကြီးတွေမှာ နှာခေါင်းစည်းတပ်ကြဖို့အသိပေးဆိုင်းပုဒ်တွေ တပ်ဆင်ထား…
ကိုယ့်ကြောင့် သူတစ်ပါးကူးစက်ခံရတယ်..အဲဒါ နှာခေါင်းစည်း မတပ်ထားခဲ့တာကြောင့်လို့ ထင်ရှားခဲ့ရင် ပြစ်မှုမြောက်တယ်..သူ့အတွက်က ထောင်ဒဏ် ၁၂ နှစ်… Mask တပ်ဖို့ ငြင်းဆန်ရင် ထောင်ဒဏ် ၉ လ..(တကယ်လုပ်တယ်နော် ..သူတို့က ပြတ်သားတယ်..)မတ်လ ၁၀ ရက်နေ့က တစ်ယောက် အမိန့်ချထားရပြီးပြီ…
တတိယအချက်အတွက်..အစိုးရကရဲ့ တာဝန်ယူစောင့်ရှောက်မှူ အားကောင်းတယ်..ကုမ္ပဏီတွေက သူ့အလုပ်သမားတွေ ကို ပံ့ပိုးကူညီမှူ ပြုလုပ်တယ် …(ထောက်ပံ့မှုအနေနဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအကြား အခမဲ့ ဆန်ပေးဝေမှုအတွက် ATM စက်ကလေးနဲ့ အလိုအလျောက်ချိန်တွယ် ပေးဝေမှုစနစ်ကို လုပ်ထားပေးတယ်…စည်းစနစ်ကျကျ လူမှုရေးကွာဝေးမှုစနစ်ကို တိတိကျကျ လိုက်နာကျင့်သုံးကြတယ်..)
ခုလို တင်းတင်းကျပ်ကျပ် ပြုလုပ်တာက အောင်မြင်ခြင်း ရလာဒ်ပဲဖြစ်တယ်..လူမှုရေးညီညွတ်မှုသည် အကျပ်အတည်းများကို ရှောင်ရှားနိုင်သည်..ခုဆို WHO အပါအဝင် ကမ္ဘာတစ်ခုလုံးက ဗီယက်နမ်ကို ချီးကျူးထောပနာ ပြုနေကြပြီ…
ဒီဧပြီလထဲမှာပဲ ဥရောပနဲ့ အရှေ့တောင်အရှ နိုင်ငံတွေဆီကို ဆေးပစ္စည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့…Face mask တစ်သန်းနှစ်သောင်းကျော် အနက် ဗြိတိန်.. ဂျာမဏီ.. အီတလီ နဲ့ စပိန် တို့ထံ 50,000 …အိမ်နီးချင်း ကမ္ဘောဒီယားအတွက် 390,000 ….လာအိုသို့ 340,000 တို့အပြင် ..ပြင်သစ် ..ဂျာမဏီ ..အီတလီ.. စပိန်နဲ့ ဗြိတိန် တို့ထံ ဆေးဝါးများထောက်ပံ့လှူတန်းခဲ့…
ဗီယက်နမ်ဟာ Covid ကိုတိုက်ရင်း စီးပွားရေး ပြန်လည်ရှင်သန်အောင် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်…..ကျနော်တို့ သူ့ဆီက သင်ယူဖို့ အဆင်သင့်ဖြစ်ပြီလား…Covid ကို အောင်မြင်စွာ တိုက်နိုင်ဖို့က နိုင်ငံအသီးသီးနဲ့သာ သက်ဆိုင်တော့တာပါ…ယနေ့ ဗီယက်နမ်ကတော့ သူ့သမိုင်း သူရေးလိုက်ပါပြီ…။ ။
မိုးမင်း(ကောင်းကင်)
Source; – Coronavirus : What is behind Vietnam’s containment success?
South China Morning Post,
– Vietnam donotes over 1 million masks to Europe and Southeast Asia , ..