Knowledge

ဘာ မှမကျန်အောင် အကုန် လှူပြီးနောက် အေ သာကမင်းကြီး နောက်ဆုံးေ တာင်းခဲ့သည့် ဆုတောင်း

Written by Aung Lay

အေ သာကမင်းကြီး၏ နောက်ဆုံးဆုတောင်း

အသောကမင်းကြီးဟာ အလွန်အားနည်းစွာနဲ့ ညောင်စောင်းပေါ်မှာ လဲလျောင်းနေပါတယ်။

ယခင်က … အကြော ပြိုင်းပြိုင်းထပြီး သန်မာတောင့်တင်းကာ ကြွက်သားတွေဖောင်းဖုနေခဲ့တဲ့ လက်မောင်းကို ခုတော့ ကိုယ်တိုင် အနိုင်နိုင်မနေရတဲ့ အနေအထားရောက်နေပြီ။

“အရှင်မင်းကြီး”

“အေး… ဘယ်သူများလဲ”

“အမတ်ကြီး ရာဓာဂုတ္တပါဘုရား”

အမှန်တော့ .. အသောက မမြင်တော့ဘူး။ အမြင်တွေမှုန်ဝါးပြီး ဘယ်သူ မှန်းတောင် မသိပါဘူး။

“မင်းကြီး … မင်းကြီးရဲ့ ဆီးဖြူသီးတစ်ခြမ်းကို သံဃာတော်တွေက စေတီ တစ်ဆူတည်ဖို့ ဆုံးဖြတ် လိုက်ကြပါတယ်ဘုရား”

“သာဓု… သာဓု… သာဓု”

အသောကရဲ့ လေသံက အရမ်းကို တိုးလွန်းလှတယ်

“ရာဓာဂုတ်တ”

“ခစားလျက်ရှိကြောင်းပါဘုရား”

“ငါ့ရဲ့ နောက်ဆုံးအချိန် နီးလာပြီ”

“ဗုဒ္ဓကို နှလုံးသားထဲမှာ သွင်းထားလိုက်ပါဘုရား”…

“ငါ့နှလုံးသားထဲမှာ ဗုဒ္ဓကအမြဲရှိတယ်”

“အမတ်ကြီး”…

“ဘုရား”

“ဟောဒီ ဇမ္ဗူဒိပ်မြေပြင်တစ်ဝန်းကို မည်သူပိုင်သနည်း”….

“အရှင်မင်းကြီးပိုင်ပါတယ်”

“ကောင်းပေစွ …။ ငါ့ဆီမှာ လှူစရာ ဘာမှ မကျန်တော့ဘူး။ ငါ ဒီမြေကို တကယ်ပိုင်သေးလား”

“ပိုင်ပါသေးတယ်ဘုရား”…

“ဒါဆိုရင် .. သံဃာတော်တွေရှိရာ ကျောင်းတော်ဘက် ငါ့ကိုယ်ကို စောင်းပေးပါလား”

အမတ်ကြီး ရာဓာဂုတ္တက မင်းကြီးကို …. တစ်ဘက်စောင်းပေးလိုက်ချိန် မှာ မင်းကြီးက လက်အုပ်ချီလိုက်ပြီး ..

“တပည့်တော်သည် တပည့်တော်ပိုင်ဆိုင်သည့် ဇမ္ဗူဒိပ်မြေပြင် အားလုံးကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းပါသည်ဘုရား”

အားလုံးသော မင်းမှူးမတ်အပေါင်းက သာဓုသုံးကြိမ်ခေါ်ကြတယ်။

အသောကမင်းကြီးရဲ့ နောက်ဆုံး ဆုတောင်းဟာ အလွန်ကြည်ညို ဖွယ်ကောင်းတဲ့ ဆုတောင်းပါ။

“ဘုရားတပည့်တော်သည် ဤသို့ လှူဒါန်းရသည့် ကောင်းမှုကံ စေတနာတို့ကြောင့် နတ်ပြည်သို့လည်း မရောက်လိုပါ ဗြဟ္မာ့ပြည်ကိုလည်း မရောက်လိုပါ

မင်းစည်းစိမ်ကိုလည်းမခံစား လိုပါ မင်းစည်းစိမ်ဆိုသည်မှာ .. ရေပွက်ပမာ ခဏတာမျှဆိုတာ သိပါပြီဘုရား ..”

“တပည့်တော်သည် လှူဒါန်းရသော ကုသိုလ်ကောင်းမှု စေတနာကံကြောင့် အရိယာသံဃာများ တန်ဖိုးထားကြသည့် မိမိစိတ်ကို မိမိ ထိန်းချုပ်နိုင်သောပုဂ္ဂိုလ် ဘဝဆက်တိုင်း ဖြစ်ရပါ လို၏ဘုရား”..

မင်းကြီးဟာ … ဒီဆုကိုတောင်းပြီးတော့ နောက်ဆုံးထွက်သက်ကိုချကာ ဇီဝိန်ချုပ်ငြိမ်းသွားပါတော့တယ်။

အသောကရဲ့ နောက်ဆုံးဆုတောင်းဟာ

“ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါရစေ” တဲ့ …။

လောကမှာ … ဘာအရေးကြီးသလဲ

သွဇာလား ?

အာဏှာလား ?

စည်းစိမ်လား ?

တန်ခိုးလား ?

ဂုဏ်လား ?

ငွေလား ?

ရာထူးလား ?

ဗုဒ္ဓဘာသာဝင်များ စဉ်းစားပါ။

သီတဂူဆရာတော်ကြီး

Credit

Zawgyi

အေ သာကမင္းႀကီး၏ ေနာက္ဆုံးဆုေတာင္း

အေသာကမင္းႀကီးဟာ အလြန္အားနည္းစြာနဲ႔ ေညာင္ေစာင္းေပၚမွာ လဲေလ်ာင္းေနပါတယ္။

ယခင္က … အေၾကာ ၿပိဳင္းၿပိဳင္းထၿပီး သန္မာေတာင့္တင္းကာ ႂကြက္သားေတြေဖာင္းဖုေနခဲ့တဲ့ လက္ေမာင္းကို ခုေတာ့ ကိုယ္တိုင္ အနိုင္နိုင္မေနရတဲ့ အေနအထားေရာက္ေနၿပီ။

“အရွင္မင္းႀကီး”

“ေအး… ဘယ္သူမ်ားလဲ”

“အမတ္ႀကီး ရာဓာဂုတၱပါဘုရား”

အမွန္ေတာ့ .. အေသာက မျမင္ေတာ့ဘူး။ အျမင္ေတြမႈန္ဝါးၿပီး ဘယ္သူ မွန္းေတာင္ မသိပါဘူး။

“မင္းႀကီး … မင္းႀကီးရဲ့ ဆီးျဖဴသီးတစ္ျခမ္းကို သံဃာေတာ္ေတြက ေစတီ တစ္ဆူတည္ဖို႔ ဆုံးျဖတ္ လိုက္ၾကပါတယ္ဘုရား”

“သာဓု… သာဓု… သာဓု”

အေသာကရဲ့ ေလသံက အရမ္းကို တိုးလြန္းလွတယ္

“ရာဓာဂုတ္တ”

“ခစားလ်က္ရွိေၾကာင္းပါဘုရား”

“ငါ့ရဲ့ ေနာက္ဆုံးအခ်ိန္ နီးလာၿပီ”

“ဗုဒၶကို ႏွလုံးသားထဲမွာ သြင္းထားလိုက္ပါဘုရား”…

“ငါ့ႏွလုံးသားထဲမွာ ဗုဒၶကအျမဲရွိတယ္”

“အမတ္ႀကီး”…

“ဘုရား”

“ေဟာဒီ ဇမၺဴဒိပ္ေျမျပင္တစ္ဝန္းကို မည္သူပိုင္သနည္း”….

“အရွင္မင္းႀကီးပိုင္ပါတယ္”

“ေကာင္းေပစြ …။ ငါ့ဆီမွာ လႉစရာ ဘာမွ မက်န္ေတာ့ဘူး။ ငါ ဒီေျမကို တကယ္ပိုင္ေသးလား”

“ပိုင္ပါေသးတယ္ဘုရား”…

“ဒါဆိုရင္ .. သံဃာေတာ္ေတြရွိရာ ေက်ာင္းေတာ္ဘက္္ ငါ့ကိုယ္ကို ေစာင္းေပးပါလား”

အမတ္ႀကီး ရာဓာဂုတၱက မင္းႀကီးကို …. တစ္ဘက္ေစာင္းေပးလိုက္ခ်ိန္ မွာ မင္းႀကီးက လက္အုပ္ခ်ီလိုက္ၿပီး ..

“တပည့္ေတာ္သည္္ တပည့္ေတာ္ပိုင္ဆိုင္သည့္ ဇမၺဴဒိပ္ေျမျပင္ အားလုံးကို သံဃာေတာ္ အရွင္ျမတ္တို႔အား လႉဒါန္းပါသည္ဘုရား”

အားလုံးေသာ မင္းမႉးမတ္အေပါင္းက သာဓုသုံးႀကိမ္ေခၚၾကတယ္။

အေသာကမင္းႀကီးရဲ့ ေနာက္ဆုံး ဆုေတာင္းဟာ အလြန္ၾကည္ညိဳ ဖြယ္ေကာင္းတဲ့ ဆုေတာင္းပါ။

“ဘုရားတပည့္ေတာ္သည္ ဤသို႔ လႉဒါန္းရသည့္ ေကာင္းမႈကံ ေစတနာတို႔ေၾကာင့္ နတ္ျပည္သို႔လည္း မေရာက္လိုပါ ျဗဟၼာ့ျပည္ကိုလည္း မေရာက္လိုပါ

မင္းစည္းစိမ္ကိုလည္းမခံစား လိုပါ မင္းစည္းစိမ္ဆိုသည္မွာ .. ေရပြက္ပမာ ခဏတာမၽွဆိုတာ သိပါၿပီဘုရား ..”

“တပည့္ေတာ္သည္ လႉဒါန္းရေသာ ကုသိုလ္ေကာင္းမႈ ေစတနာကံေၾကာင့္ အရိယာသံဃာမ်ား တန္ဖိုးထားၾကသည့္ မိမိစိတ္ကို မိမိ ထိန္းခ်ဳပ္နိုင္ေသာပုဂၢိဳလ္ ဘဝဆက္တိုင္း ျဖစ္ရပါ လို၏ဘုရား”..

မင္းႀကီးဟာ … ဒီဆုကိုေတာင္းၿပီးေတာ့ ေနာက္ဆုံးထြက္သက္ကိုခ်ကာ ဇီဝိန္ခ်ဳပ္ၿငိမ္းသြားပါေတာ့တယ္။

အေသာကရဲ့ ေနာက္ဆုံးဆုေတာင္းဟာ

“ကိုယ့္စိတ္ကိုကိုယ္ ထိန္းခ်ဳပ္နိုင္တဲဲ့ ပုဂၢိဳလ္ျဖစ္ပါရေစ” တဲ့ …။

ေလာကမွာ … ဘာအေရးႀကီးသလဲ

သြဇာလား ?

အာဏွာလား ?

စည္းစိမ္လား ?

တန္ခိုးလား ?

ဂုဏ္လား ?

ေငြလား ?

ရာထူးလား ?

ဗုဒၶဘာသာဝင္မ်ား စဥ္းစားပါ။

သီတဂူဆရာေတာ္ႀကီး

Credit

About the author

Aung Lay

Leave a Comment