Source-Soe Pyae Thazin
Zawgyi
ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ စိုးပြည့်သဇင်ကတော့ အစ်မဖြစ် သူ တွေရဲ့အနုပညာအမွေကို အပြည့်အဝဆက်ခံသူတစ်ယောက်ပါ။သူမကတော့ ကျရာဇာတ် ရုပ်ကို အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆု ကိုလ ည်း ရရှိထားသူလေးပဲဖြစ်ပါတယ်။
စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာကျွမ်းကျင်ယုံသာမက အဆိုပိုင်းမှာလည်း ထူး ချွန်သူတစ်ယောက်ဆိုလဲမမှားပါဘူးနော်။လတ်တလောမှာဆိုရင်တော့ စိုးပြည့်သဇင်က ကူး စက်ရောဂါပိုးတွေဖြစ်ပွားနေတာကြောင့် အလုပ်တွေရပ်နားထားပေးမယ့်လည်း ချစ်တဲ့ပရိ သတ်တွေအတွက် သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေ ပေးလေ့ရှိပါတယ်။
အခုဆိုရင်လည်း စိုးပြည့်သဇင်က ရုပ်ရှင်နှစ်(၁၀၀)ပြည့်ပွဲလေးကို တက်ရောက်ခဲ့ပြီး ရုပ်ရှင် သမိုင်းပြတိုက်လေးမှာ အနုပညာရှင်တစ်ယောက်အဖြစ်အသိအမှတ်ပြုထားခြင်းခံရလို့ ဂုဏ်ယူမိတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။“ ကြည်နူးပျော်ရွှင်ရတဲ့နေ့လေးတစ် နေ့….ရုပ်ရှင်နှစ်၁၀၀ပြည့်ပွဲချစ်ရသောအနုပညာရှင်တွေနဲ့ပြန်တွေ့ဆုံရတဲ့နေ့လေး…
ကိုယ့် ပုံလေးကိုပြတိုက်မှာတွေ့ရတဲ့အချိန်လေး…ရုပ်ရှင်သမိုင်းပြတိုက်လေးမှာကိုယ်ဟာ ..အနုပ ညာရှင်တစ်ယောက်အဖြစ်အသိအမှတ်ပြုထားခြင်းခံရတာလေးကိုဂုဏ်ယူစွာ ပျော် ရတဲ့နေ့လေး…..”လို့ရေးသားထားပြီး ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူရိုက်ကူးထားတဲ့ပုံ ရိပ် ကို ပရိ သတ်တွေအတွက် မျှဝေထားတာပဲဖြစ်ပါတယ်။
Source-Soe Pyae Thazin