News

ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ လွတ်မြောက်ပြီ

Written by Aung Lay

ျမန္မာႏိုင္ငံသည္ ယခင္ကကဲ့သို႔ ဝင္ေငြအနိမ့္ဆုံးအဆင့္မဟုတ္ေတာ့ဘဲ အလယ္အလတ္အဆင့္ဝင္ေငြနည္းႏိုင္ငံမ်ား စာရင္းထဲသို႔ (Low-Middle income Countries) ပါဝင္သြားၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ကမာၻ႔ဘဏ္က ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရးကို ဝင္ေငြျမင့္မားမႈ၊ အလယ္အလတ္ဝင္ေငြႏွင့္ အလယ္အလတ္အဆင့္ ဝင္ေငြနည္းႏိုင္ငံ၊ဝင္ေငြနည္းႏိုင္ငံ စသည္ျဖင့္ အဆင့္မ်ားသတ္မွတ္ခြဲျခားထားကာ ယခင္က ျမန္မာကို ဝင္ေငြအနိမ့္ဆုံးအဆင့္စာရင္းထဲသို႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

ျမန္မာအေနျဖင့္ ယခုအခ်ိန္တြင္ ယင္းစာရင္းမွ ႐ုန္းထြက္သြားႏိုင္ၿပီး အလယ္အလတ္အဆင့္ဝင္ေငြနည္းႏိုင္ငံမ်ား စာရင္းထဲသို႔ တက္လွမ္းသြားတာ ျဖစ္ပါတယ္။ အဆင့္ျမင့္ သြားျခင္းႏွင့္အတူ ယခင္ကရရွိခဲ့တဲ့ ေခ်းေငြအတိုးႏႈန္းေလွ်ာ့ေပးတဲ့ အခြင့္အေရးအပါအဝင္ အခြင့္အေရးအခ်ိဳ႕ကို ဆံုးရံႈးသြားမယ္လုိ႔ သိရပါတယ္။

ကမာၻ႔ဘဏ္က ျမန္မာကို ယခင္က ေခ်းေငြေခ်းေပးရာတြင္ အတိုးႏႈန္းအား ဝ.၇၅ျဖင့္ ေခ်းေပးေသာ္လည္း ယခုမူ အတိုးႏႈန္းမွာ ၂ရာခိုင္ႏႈန္းျဖစ္သြားၿပီဟု စီမံ၊စီးပြား၊စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းက ေျပာပါတယ္။

ယခုလုိ အဆင့္တက္လာျခင္းသည္ ျမန္မာအစိုးရက ႐ုန္းထြက္ရန္ႀကိဳးစားေနသည့္ Least developed countries ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံမ်ားစာရင္းမွ ထြက္ႏိုင္ေရးတြင္လည္း မ်ားစြာအေထာက္အကူျပဳလိမ့္မည္ဟု ကုန္သည္စက္မႈလုပ္ငန္းအသင္းခ်ဳပ္ ဒုတိယဥကၠဌ ေဒါက္တာေမာင္ေမာင္ေလးက သူ႔အျမင္ကိုေျပာပါတယ္။

Unicode

မြန်မာနိုင်ငံသည် ယခင်ကကဲ့သို့ ဝင်ငွေအနိမ့်ဆုံးအဆင့်မဟုတ်တော့ဘဲ အလယ်အလတ်အဆင့်ဝင်ငွေနည်းနိုင်ငံများ စာရင်းထဲသို့ (Low-Middle income Countries) ပါဝင်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်က နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို ဝင်ငွေမြင့်မားမှု၊ အလယ်အလတ်ဝင်ငွေနှင့် အလယ်အလတ်အဆင့် ဝင်ငွေနည်းနိုင်ငံ၊ဝင်ငွေနည်းနိုင်ငံ စသည်ဖြင့် အဆင့်များသတ်မှတ်ခွဲခြားထားကာ ယခင်က မြန်မာကို ဝင်ငွေအနိမ့်ဆုံးအဆင့်စာရင်းထဲသို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

မြန်မာအနေဖြင့် ယခုအချိန်တွင် ယင်းစာရင်းမှ ရုန်းထွက်သွားနိုင်ပြီး အလယ်အလတ်အဆင့်ဝင်ငွေနည်းနိုင်ငံများ စာရင်းထဲသို့ တက်လှမ်းသွားတာ ဖြစ်ပါတယ်။ အဆင့်မြင့် သွားခြင်းနှင့်အတူ ယခင်ကရရှိခဲ့တဲ့ ချေးငွေအတိုးနှုန်းလျှော့ပေးတဲ့ အခွင့်အရေးအပါအဝင် အခွင့်အရေးအချို့ကို ဆုံးရှုံးသွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာကို ယခင်က ချေးငွေချေးပေးရာတွင် အတိုးနှုန်းအား ဝ.၇၅ဖြင့် ချေးပေးသော်လည်း ယခုမူ အတိုးနှုန်းမှာ ၂ရာခိုင်နှုန်းဖြစ်သွားပြီဟု စီမံ၊စီးပွား၊စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောပါတယ်။

ယခုလို အဆင့်တက်လာခြင်းသည် မြန်မာအစိုးရက ရုန်းထွက်ရန်ကြိုးစားနေသည့် Least developed countries ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ ထွက်နိုင်ရေးတွင်လည်း များစွာအထောက်အကူပြုလိမ့်မည်ဟု ကုန်သည်စက်မှုလုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက သူ့အမြင်ကိုပြောပါတယ်။

About the author

Aung Lay

Leave a Comment