သူက YBS 40 နဲ႔တိုက္မိတဲ့ တကၠစီယာဥ္ေမာင္းရဲ႕အမ်ိဳးသမီး။စကားကို ဖြဲ႕ႏြဲ႕လည္းမေျပာဘူး။ ခံစားခ်က္ကိုလည္း ဖြင့္ဟမေျပာတတ္ဘူး။သူ႔ေယာက္်ား ယာဥ္မေတာ္တဆျဖစ္ၿပီးေသတာလည္း အခုခ်ိန္ထိ လက္မခံႏိုင္ေသးဘူး။က်မသူ႔အိမ္ေရာက္သြားေတာ့ သားငယ္ေလးကို ႏို႔တိုက္ေနတယ္။ သားအႀကီးက တျခားအိမ္မွာသြားကစားေနတယ္တဲ့။
သူ႔ကို စိတ္ေျပလက္ေပ်ာက္ လႊတ္ေပးထားတယ္တဲ့။ ၆ ႏွစ္အ႐ြယ္သားႀကီးက အေဖမွန္းသိတတ္ေနၿပီဆိုေတာ့ ဖုန္းလာတိုင္း အေဖ့ဖုန္းလားေမးေနလို႔ အေျဖရခက္ၿပီး ညာေျပာထားရတယ္တဲ့။ သားအငယ္ကေတာ့ အေဖမွန္းသိတတ္ကာစ ။ အေဖျဖစ္သူ အိမ္တံခါးဖြင့္ရင္ ႀကိဳေနက်။ အခုေတာ့ တံခါးကေန ဝင္လာသမွ်လူကို သူ႔အေဖကို လက္ညိဳးထိုးသလိုထိုးေနတယ္။ က်မနဲ႔စကားေျပာတုန္း သူတေရးႏိုးမ်က္လုံးဖြင့္ၾကည့္ၿပီး က်မကိုလက္ညိဳးထိုးျပီးျပန္အိပ္ေပ်ာ္သြားတယ္။
ကြယ္လြန္သြားတဲ့ ကိုေက်ာ္ေဇာက သူ႔သားေတြကို ကိုယ္ပိုင္ကားနဲ႔တင္ၿပီး ေက်ာင္းေကာင္းေကာင္းမွာထားႏိုင္ဖို္႔၊ သားေတြကို ရွင္ျပဳေပးဖို႔ ေျပာေနက်တဲ့။ကိုေက်ာ္ေဇာက ႐ိုးသား၊ ႀကိဳးစားတယ္။ အငွားယာဥ္ေမာင္းေတြထဲမွာ သူ႔ကိုသေဘာက်လို႔ တြဲလုပ္ေနတာ ၂ ႏွစ္ရွိၿပီလို႔ သူ႔ကားပိုင္ရွင္ကလည္းေျပာတယ္။ တပါးသူေတြကို စာနာ ညႇာတာတတ္လို႔ တျခားဘယ္ယာဥ္ေမာင္းနဲ႔မွ ျပႆနာတက္တာ၊ စကားမ်ားတာ မရွိဘူးလို႔ သူတို႔ဂိတ္က တကၠစီယာဥ္ေမာင္းတစ္ေယာက္က ေျပာတယ္။
က်မတို႔ေရာက္ေနတဲ့အခ်ိန္မွာပဲ ယာဥ္လိုင္းပိုင္ရွင္ေတြ ေရာက္လာတယ္။ မနက္ျဖန္နာေရးမွာ အခ်ိဳပြဲကပ္ဖို႔ မုန္႔ပုံးနဲ႔ ေငြတခ်ိဳ႕ကူညီတယ္။ယာဥ္လိုင္းဘက္က အမ်ိဳးသမီးက ကူညီေငြကို သူ႔လက္ထဲထည့္ေပမဲ့ ထိ႐ုံေလာက္သာ ကိုင္ထားတယ္။ သူတို႔ေတြႏုတ္ဆက္ျပန္သြားေတာ့ မုန္႔ပုံးေပၚတင္ၿပီး လွည့္မၾကည့္ေတာ့ဘူး။ သူ႔စိတ္ထဲျဖစ္ေနတာေတြကို စကားလုံးေတြနဲ႔ မေျပာတတ္ေတာ့ က်မက သူ႔အမူအရာေတြကိုပဲ လိုက္ၾကည့္ေနမိတယ္ေလ။
သူ႔စိတ္ထဲမွာ ရွင္တို႔ေငြေတြျပန္ယူသြား ၊ က်မေယာက္်ားကိုသာ ျပန္ေပးပါေျပာေနမလား။သူတို႔မိသားစုငွားေနတဲ့အိမ္က အခုလကုန္ရင္ ျပည့္ေတာ့မယ္။ လူမမယ္ကေလး ၂ ေယာက္နဲ႔သူ ဘဝကို ဘယ္လိုေရွိ႕ဆက္ၾကမလဲဆိုတာ? ???
Source : Reporter Zarni Htun
Unicode
သူက YBS 40 နဲ့တိုက်မိတဲ့ တက္ကစီယာဉ်မောင်းရဲ့အမျိုးသမီး။စကားကို ဖွဲ့နွဲ့လည်းမပြောဘူး။ ခံစားချက်ကိုလည်း ဖွင့်ဟမပြောတတ်ဘူး။သူ့ယောက်ျား ယာဉ်မတော်တဆဖြစ်ပြီးသေတာလည်း အခုချိန်ထိ လက်မခံနိုင်သေးဘူး။ကျမသူ့အိမ်ရောက်သွားတော့ သားငယ်လေးကို နို့တိုက်နေတယ်။ သားအကြီးက တခြားအိမ်မှာသွားကစားနေတယ်တဲ့။
သူ့ကို စိတ်ပြေလက်ပျောက် လွှတ်ပေးထားတယ်တဲ့။ ၆ နှစ်အရွယ်သားကြီးက အဖေမှန်းသိတတ်နေပြီဆိုတော့ ဖုန်းလာတိုင်း အဖေ့ဖုန်းလားမေးနေလို့ အဖြေရခက်ပြီး ညာပြောထားရတယ်တဲ့။ သားအငယ်ကတော့ အဖေမှန်းသိတတ်ကာစ ။ အဖေဖြစ်သူ အိမ်တံခါးဖွင့်ရင် ကြိုနေကျ။ အခုတော့ တံခါးကနေ ဝင်လာသမျှလူကို သူ့အဖေကို လက်ညိုးထိုးသလိုထိုးနေတယ်။ ကျမနဲ့စကားပြောတုန်း သူတရေးနိုးမျက်လုံးဖွင့်ကြည့်ပြီး ကျမကိုလက်ညိုးထိုးပြီးပြန်အိပ်ပျော်သွားတယ်။
ကွယ်လွန်သွားတဲ့ ကိုကျော်ဇောက သူ့သားတွေကို ကိုယ်ပိုင်ကားနဲ့တင်ပြီး ကျောင်းကောင်းကောင်းမှာထားနိုင်ဖို့်၊ သားတွေကို ရှင်ပြုပေးဖို့ ပြောနေကျတဲ့။ကိုကျော်ဇောက ရိုးသား၊ ကြိုးစားတယ်။ အငှားယာဉ်မောင်းတွေထဲမှာ သူ့ကိုသဘောကျလို့ တွဲလုပ်နေတာ ၂ နှစ်ရှိပြီလို့ သူ့ကားပိုင်ရှင်ကလည်းပြောတယ်။ တပါးသူတွေကို စာနာ ညှာတာတတ်လို့ တခြားဘယ်ယာဉ်မောင်းနဲ့မှ ပြဿနာတက်တာ၊ စကားများတာ မရှိဘူးလို့ သူတို့ဂိတ်က တက္ကစီယာဉ်မောင်းတစ်ယောက်က ပြောတယ်။
ကျမတို့ရောက်နေတဲ့အချိန်မှာပဲ ယာဉ်လိုင်းပိုင်ရှင်တွေ ရောက်လာတယ်။ မနက်ဖြန်နာရေးမှာ အချိုပွဲကပ်ဖို့ မုန့်ပုံးနဲ့ ငွေတချို့ကူညီတယ်။ယာဉ်လိုင်းဘက်က အမျိုးသမီးက ကူညီငွေကို သူ့လက်ထဲထည့်ပေမဲ့ ထိရုံလောက်သာ ကိုင်ထားတယ်။ သူတို့တွေနုတ်ဆက်ပြန်သွားတော့ မုန့်ပုံးပေါ်တင်ပြီး လှည့်မကြည့်တော့ဘူး။ သူ့စိတ်ထဲဖြစ်နေတာတွေကို စကားလုံးတွေနဲ့ မပြောတတ်တော့ ကျမက သူ့အမူအရာတွေကိုပဲ လိုက်ကြည့်နေမိတယ်လေ။
သူ့စိတ်ထဲမှာ ရှင်တို့ငွေတွေပြန်ယူသွား ၊ ကျမယောက်ျားကိုသာ ပြန်ပေးပါပြောနေမလား။သူတို့မိသားစုငှားနေတဲ့အိမ်က အခုလကုန်ရင် ပြည့်တော့မယ်။ လူမမယ်ကလေး ၂ ယောက်နဲ့သူ ဘဝကို ဘယ်လိုရှေိ့ဆက်ကြမလဲဆိုတာ? ???
Source : Reporter Zarni Htun