သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သောသရဏဂုံ ကုသိုလ်ကြောင့် ……(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။အကြိမ်(၈၀) သိကြားမ င်းဖြစ်ရခြင်း။(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။
ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ်အကြိမ်ကြိမ်ဖြစ်နေခြင်း။အဆုံးဘဝတွင် မြတ်စွာဘုရား သာ သနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြ စ်ခြင်း။ဈေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင်တစ်ပိဿ ာရ၏။ဈေးသည်က တစ်ပိဿာအြ ပည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။
ယခုဖော်ပြပြီးသည်တို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ် ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင် ဖြစ်၏။အဆင့်နှင့်တူသည့် အကျိုးများဟုခေါ်သောေ ကာင်း ကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်းရနိုင်သေး၏။
ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။သရဏဂုံတည်ခဲ့ သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက် ……………
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။၂။ ထူးထူးခြားခြား သူတကာထက် ဉာဏ်ကောင်းသည်။
၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။၄။သတ္တဝါအားလုံးက နှစ်သက်သည်။၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။၆။ ရွှေအဆင်းကဲ့သို့ လှပသည်။၇။ ကျော်စောထင်ရှားသည်။၈။ စည်းစိမ်များပြားသည်။
Zawgyi
သရဏဂုံတည္ေသာသူသည္ ထိုဘဝမွ စုေတေသာအခါ တစ္ဘဝတာ တည္ခ့ဲေသာသရဏဂုံ ကုသုိလ္ေၾကာင့္ ……(၉၁)ကမၻာ အပါယ္ေလးပါးသို႔ မက်ေရာက္ရျခင္း။အၾကိမ္(၈၀) သိၾကားမ င္းျဖစ္ရျခင္း။(၇၅)ၾကိမ္ စၾကာမင္းျဖစ္ရျခင္း။
ရုိးရုိးပေဒသရာဇ္ ဧကရာဇ္ဘုရင္အျဖစ္အၾကိမ္ၾကိမ္ျဖစ္ေနျခင္း။အဆုံးဘဝတြင္ ျမတ္စြာဘုရား သာ သနာ၌ (၇)ႏွစ္သားအရြယ္မွာပင္ ရွင္သာမေဏအျဖစ္ ခံယူ၍ သရဏဂုံအဆုံး၌ ရဟႏၱာျဖ စ္ျခင္း။ေစ်းဝယ္ေသာအခါ တစ္ပိႆာဝယ္လွ်င္တစ္ပိႆ ာရ၏။ေစ်းသည္က တစ္ပိႆာအျ ပည့္အျပင္ ေမတၱာလက္ေဆာင္ ထည့္ေပးလွ်င္ အဆစ္ပါရ၏။ထို႔အတူ သရဏဂုံတည္လွ်င္ အက်ိဳးရင္း အက်ိဳးဖ်ားဟူ၍ ႏွစ္မ်ိဳးရ၏။
ယခုေဖာ္ျပျပီးသည္တို႔ကား အက်ိဳး အရင္းျဖစ္၏။ တစ္ပိႆာဝယ္၍ တစ္ပိႆာရျခင္းမ်ိဳး တစ္ ရာဖိုးဝယ္၍ တစ္ရာဖိုးရျခင္းမ်ိဳးပင္ ျဖစ္၏။အဆင့္ႏွင့္တူသည့္ အက်ိဳးမ်ားဟုေခၚေသာေ ကာင္း က်ိဳး(၈)မ်ိဳးကိုလည္း ဘဝဆက္တိုင္းရႏုိင္ေသး၏။
ထိုေကာင္းက်ိဳး(၈)မ်ိဳးကိုလည္း အပါဒါန္ပါဠိေတာ္မွာ ေဟာေတာ္မူထား၏။သရဏဂုံတည္ခ့ဲ သူသည္ လူ နတ္ ျဗဟၼာ မည္သည့္ဘဝသို႔ ေရာက္ေရာက္ ……………
၁။ လူအမ်ား၏ ပူေဇာ္ခံရျခင္းကို ခံယူရသည္။၂။ ထူးထူးျခားျခား သူတကာထက္ ဥာဏ္ေကာင္းသည္။၃။ သူ၏အလိုသို႔ အမ်ားက လိုက္ပါရသည္။၄။သတၱဝါအားလုံးက ႏွစ္သက္သည္။၅။ သတၱဝါအားလုံးက ခ်စ္ခင္သည္။၆။ ေရႊအဆင္းက့ဲသို႔ လွပသည္။၇။ ေက်ာ္ေစာထင္ရွားသည္။၈။ စည္းစိမ္မ်ားျပားသည္။