Cele News Video

ကြော်ငြာရိုက်ကူးရင်းနဲ့ စက်အဖွဲ့သားတွေကို သူတတ်နိုင်သလောက် မုန့်ဖိုးများဝေပေးခဲ့တဲ့ ဖြူဖြူထွေး

Written by Aung Lay

ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့ မိဘတွေကိုအလုပ်အကျွေးပြုနေသူတစ်ယောက်ပါ။ ဒ့ါအပြင် အလှူအတန်းတွေကိုလည်းမကြာခဏပြုလုပ်တတ်တဲ့ အနုပညာရှင်တစ်ယောက်လို့လည်းဆိုရမှာပါ။

သူမကတော့ လတ်တလာမှာဖြစ်ပွားနေတဲ့ Covid-19 ရောဂါကြောင့် အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေအတွက်လည်း တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်နေပါတယ်။အခုဆိုရင်လည်း ဖြူဖြူထွေးက ဝူခုန်းခြင်ဆေးခွေကြော်ငြာရိုက်ကူးရင်းနဲ့ စက်အဖွဲ့သားတွေကို သူတတ်နိုင်သလောက်သူ့ရဲ့အနုပညာချွေးနဲစာထဲကနေပြီးတော့ မုန့်ဖိုးများပြန်လည် ဝေမျှပေးခဲ့ပါတယ်။

ဖြူဖြူထွေးကတော့ စက်အဖွဲ့သားတစ်ယောက်ကို (၅၀၀၀)နှုန်းနဲ့ မုန့်ဖိုးဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ သူရဲ့အနုပညာကြေးတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် စက်အဖွဲ့သားတွေကို မုန့်ဖိုးများဝေပေးနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

 

Source-Phyu Phyu Htwe

Zawgyi




Source-Phyu Phyu Htwe

About the author

Aung Lay

Leave a Comment