Cele News

ချစ်သူကောင်မလေးကို ဆက်ပြီးသည်းမခံနိုင်တော့လို့ လမ်းခွဲလိုက်ပါပြီဆိုတဲ့ ရဲနောင်

Written by Aung Lay

Myanmar Idol Season(2)ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ရဲနောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သူဟာ ပြိုင်ပွဲပြီးသွားကတည်းက ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိခဲ့ပြီး အခုဆိုရင်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေသူပဲဖြစ်ပါတယ်..။

ရဲနောင်က အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေ အားကျစရာကောင်းလောက်တဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ချစ်သူနှစ်ဦးဟာ ဆက်ပြီးသည်းမခံနိုင်တော့လို့ လမ်းခွဲလိုက်ပါပီဆိုတဲ့အကြောင်းကို ရဲနောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။အဲဒီအကြောင်းလေးကိုတော့ ” သူနဲ့ကျွန်တော်နဲ့ ဒီနေ့လမ်းခွဲလိုက်ပါပီ ကျွန်တော့်နောက်ကွယ်မှာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာပါ .

.ဆက်ပီးသည်းမခံနိုင်တော့ပါဘူး ..လက်ပူးလက်ကြပ် ပုံနဲ့တကွ မိပါတယ် ..ပိုစိတ်နာတာက ကျွန်တော်လောက်မချောတဲ့သူနောက်ပါသွားတာပါပဲ .. အားလုံးက ကံပါသလောက်ပဲပေါ့ မင်းကံကောင်းပါစေ”ဆိုပြီး ချစ်သူကောင်မလေးရဲ့ပုံလေးနဲ့စနှောက်ကာတင်ထားခဲ့တာပဲဖြစ်ပါတယ်။

Source:Ye Naung

Zawgyi




Source:Ye Naung

About the author

Aung Lay

Leave a Comment