ပရိသတ်ကြီးရေ ညီညီမောင်(စမ်းချောင်း)ကတော့ မိတ်ကပ်ဖန်တီးရှင်လောကမှာ အောင်မြင်မှုများစွာရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေရပြီဖြစ်ပါတယ်။ညီညီမောင်ကတော့ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် လည်း ပရိသတ်တွေအချစ်ပိုနေရသူဆိုလည်း မမှားပါဘူးနော်..။
ဒီနေ့မှာဆိုရင်တော့ ညီညီမောင်က အလုပ်တွေအတူတူလုပ်ပြီး မိသားစုလို ရင်းနှီးချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အေးမြတ်သူရဲ့မွေးနေ့အတွက် ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့၊ ဝတ္ထုငွေတွေ လှူဒါန်းပေးပြီး ကုသိုလ်ယူပေးခဲ့တယ်လို့ သိရပါတယ်။အဆိုပါအလှူလေးကိုတော့ ညီညီမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေလာခဲ့ပါတယ်။
ညီညီမောင်ကတော့ “Happy birthday အကယ်ဒမီ အေးမြတ်သူ ❤️ချစ်သော မမြတ်လေး နေ့ရက်တိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ❤️ယနေ့ကျရောက်သော မမြတ်လေးမွေးနေ့အတွက် ဘုန်ကြီးကျောင်း ဆွမ်းချိုင့် အလှူငွေ လှူ မြင်သမျှ ကြားသမျှ ကုသိုလ် အမျှ ထပ်တူရကျပါစေ🙏🏻ချစ်သော မမသု”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ညီညီမောင်ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်….။
Source-Nyi Nyi Maung
Zawgyi
Source-Nyi Nyi Maung