ၾကားသိရသမ်ွ

နှစ်ပေါင်း ၂၀ အတွင်း တစ်ခါမှ မကြုံဖူးရလောက်အောင် ထူးခြားစွာ ကြည်လင်နေတဲ့ ချင်းတွင်းမြစ်ရေ

Written by Aung Lay

လြန္ခဲ့ေသာႏွစ္ေပါင္း(၂၀)ေက်ာ္ လြန္၍ ယခုႏွစ္သၾကၤန္ကာလအလြန္တြင္ ခ်င္းတြင္းျမစ္(ခ)သလႅာဝတီျမစ္ ျမစ္ေရ ထူးျခားစြာ ၾကည္လင္ေနျခင္း

ခ်င္းတြင္းျမစ္(ခ)သလႅာဝတီ ျမစ္ဟာ ဥ႐ုျမစ္(ျမစ္ညႇာ ဖားကန္႔ေဒသ)၊ ယုျမစ္(ကေဘာ္ခ်ိဳင့္ဝွမ္း)၊ျမစ္သာျမစ္(ကေလးခ်ိဳင့္ဝွမ္း) ျမစ္လက္တက္မ်ားျဖင့္ ေပါင္းဆုံစီးဆင္းေနေသာ ျမစ္တစ္စင္းျဖစ္ပါေၾကာင္း-

ယခုအခါ ခ်င္းတြင္းျမစ္၏ ျမစ္လက္တက္မ်ား အနီးတဝိုက္တြင္ ေ႐ႊရွာေဖြ တူးေဖာ္သည့္ လုပ္ငန္းမ်ား လုပ္ကိုင္မူေလ်ာ့နည္ျခင္းေၾကာင့္ေလလား၊

ကို႐ိုနာဗိုင္းရပ္စ္-19 ကာကြယ္သည့္အေနျဖင့္ ခ်င္းတြင္းျမစ္အတြင္း မုံ႐ြာ-ခႏၲီးေျပးဆြဲေနသည့္ ေရယာဥ္ လိုင္းမ်ား ယာယီရပ္နားထားျခင္း ေၾကာင့္ေလလား ႏွစ္ေပါင္း(၂၀)ေက်ာ္ ယခုႏွစ္သၾကၤန္ကာလ အလြန္ ခ်င္းတြင္ျမစ္ေရသည္ ၾကည္လင္ေနသည္ကို ဘုတလင္ၿမိဳ႕နယ္ ေ႐ြစာေရးေဒသခံ တစ္ဦးမွ ေျပာျပခဲ့ပါသည္။

မည္သို႔ပင္ဆိုေစကာမႈ နာမက်န္းျဖစ္ေနသည္ဟုယူဆရေသာ ခ်င္းတြင္းျမစ္သည္ နလန္ထခါစ ႏုပ်ိဳလွပေနဆဲ……….

Credit : Thein Lwin’s Facebook

Unicode

လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော် လွန်၍ ယခုနှစ်သင်္ကြန်ကာလအလွန်တွင် ချင်းတွင်းမြစ်(ခ)သလ္လာဝတီမြစ် မြစ်ရေ ထူးခြားစွာ ကြည်လင်နေခြင်း

ချင်းတွင်းမြစ်(ခ)သလ္လာဝတီ မြစ်ဟာ ဥရုမြစ်(မြစ်ညှာ ဖားကန့်ဒေသ)၊ ယုမြစ်(ကဘော်ချိုင့်ဝှမ်း)၊မြစ်သာမြစ်(ကလေးချိုင့်ဝှမ်း) မြစ်လက်တက်များဖြင့် ပေါင်းဆုံစီးဆင်းနေသော မြစ်တစ်စင်းဖြစ်ပါကြောင်း-

ယခုအခါ ချင်းတွင်းမြစ်၏ မြစ်လက်တက်များ အနီးတဝိုက်တွင် ရွှေရှာဖွေ တူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်မူလျော့နည်ခြင်းကြောင့်လေလား၊

ကိုရိုနာဗိုင်းရပ်စ်-19 ကာကွယ်သည့်အနေဖြင့် ချင်းတွင်းမြစ်အတွင်း မုံရွာ-ခန္တီးပြေးဆွဲနေသည့် ရေယာဉ် လိုင်းများ ယာယီရပ်နားထားခြင်း ကြောင့်လေလား နှစ်ပေါင်း(၂၀)ကျော် ယခုနှစ်သင်္ကြန်ကာလ အလွန် ချင်းတွင်မြစ်ရေသည် ကြည်လင်နေသည်ကို ဘုတလင်မြို့နယ် ရွေစာရေးဒေသခံ တစ်ဦးမှ ပြောပြခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမှု နာမကျန်းဖြစ်နေသည်ဟုယူဆရသော ချင်းတွင်းမြစ်သည် နလန်ထခါစ နုပျိုလှပနေဆဲ……….

Credit : Thein Lwin’s Facebook

About the author

Aung Lay

Leave a Comment