ၾကားသိရသမ်ွ

ပုဂံဘုရားငါးဆူရဲ့ ဌာပနာများ ဖောက်ထွင်း ခိုးယူခံရ

Written by Aung Lay

ကုိဗစ္ကာလမွာ စီးပြားေရး လုပ္ငန္းေတြ အားလံုး ရပ္ဆုိင္းၿပီး သူေဌးကအစ အေျခခံ ဝန္ထမ္း အဆံုး စီးပြားေရး ထိခုိက္မႈေတြ ျဖစ္ကုန္ၾကပါတယ္။ လစာ ပံုမွန္ ရေနတဲ့ ဝန္ထမ္းေတြကေတာ့ သိပ္မသိသာလွဘူး ဆုိေပမယ့္

နဂုိကတည္းက လစာ နည္းပါးတဲ့သူေတြကေတာ့ ကုန္ေစ်းႏႈန္း တက္လာတဲ့ ဒဏ္ကုိ ခံစားေနၾကရပါတယ္။အဲဒီလုိ စီးပြားေရး က်ဆင္းၿပီး လူေတြ အလုပ္အကုိင္ မဲ့လာခ်ိန္မွာ ခုိးဆုိး လုယက္မႈေတြ လုပ္လာၾကတာေတြ႕ရပါတယ္။ ဒါေပမယ့္ ရဲနဲ႔ ရပ္ရြာက ျပည္သူေတြ စုေပါင္းအားနဲ႔

လံုၿခံဳေရး လုပ္လုိက္ေတာ့ ခုိးဆုိးလုႏႈိက္ေတြ အေတာ္ႀကီး ၿငိမ္သြားပါတယ္။ ဒါေပမယ့္ အေခ်ာင္သမားတုိ႔ရဲ႕ ထံုးစံအတုိင္း ဘယ္ေနရာက ေငြဝင္ေခ်ာင္မလဲလုိ႔ စဥ္းစားေနတဲ့သူေတြကေတာ့ လူေတြ သိပ္ဂရု မထားမိတဲ့ ဘုရားေစတီေတြ ဖက္ကုိ လွည့္လာၾကပါၿပီ။

ကုိဗစ္ကာလမွာ ဘုရားေစတီေတြ အားလံုးကုိ ေခတၱပိတ္ထားေတာ့ အလစ္သမားတုိ႔ အႀကဳိက္ ပုိေတြ႕သြားၾကပါတယ္။ လံုၿခံဳေရး သိပ္မေကာင္းတဲ့ ဘုရားေစတီေတြ ဆီက တန္ဖုိးႀကီး ပစၥည္းေတြကုိ ခုိးယူေနၾကပါတယ္။ အခုလည္း ပုဂံဘုရား (၅) ဆူက ဌာပနာေတြကုိ ေဖာက္သြားၾကျပန္ပါၿပီ။

သတင္း အျပည့္အစံုကုိ ေအာက္မွာ ေဖာ္ျပထားပါတယ္-ယေန႔ (၈/၆/၂၀၂၀) တြင္ ပုဂံေညာင္ဦးဧည့္လမ္းၫႊန္မ်ားအသင္း မွ ပုဂံ ဘုရားမ်ားကို ကင္းပတ္ လွည့္လည္ ၾကည့္ရႈစဥ္ ႐ြာေဟာင္းႀကီးဘုရားေျမာက္ဖက္ ဘုရားစုမ်ားထဲမွ ဘုရားငါးဆူ ၏ ျပန္လည္ျပဳျပင္ထားေသာ

ကြမ္းေတာင္မ်ားတြင္ ေဖာက္ထြင္းခံထားရသည္ကို ေတြ႕ရွိရ၍ေရွးေဟာင္းသုေတသနဦးစီးဌာန ႏွင့္ သက္ဆိုင္ရာလုံျခဳေရးအဖြဲ႕အစည္းမ်ားသို႔ သတင္းေပးပို႔၍ မွတ္တမ္းရယူ ပူးေပါင္းေဆာင္႐ြက္ေနပါေၾကာင္း အသိေပးအပ္ပါသည္။

ဓါတ္ပုံမွတ္တမ္းမ်ား ႏွင့္တကြ ေဖာ္ျပအပ္ပါသည္။အလုပ္အမႈေဆာင္ေကာ္မတီ ပုဂံေညာင္ဦးဧည့္လမ္းၫႊန္မ်ားအသင္း

Unicode

ကိုဗစ်ကာလမှာ စီးပွားရေး လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းပြီး သူဌေးကအစ အခြေခံ ဝန်ထမ်း အဆုံး စီးပွားရေး ထိခိုက်မှုတွေ ဖြစ်ကုန်ကြပါတယ်။ လစာ ပုံမှန် ရနေတဲ့ ဝန်ထမ်းတွေကတော့ သိပ်မသိသာလှဘူး ဆိုပေမယ့်

နဂိုကတည်းက လစာ နည်းပါးတဲ့သူတွေကတော့ ကုန်ဈေးနှုန်း တက်လာတဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။အဲဒီလို စီးပွားရေး ကျဆင်းပြီး လူတွေ အလုပ်အကိုင် မဲ့လာချိန်မှာ ခိုးဆိုး လုယက်မှုတွေ လုပ်လာကြတာတွေ့ရပါတယ်။ ဒါပေမယ့် ရဲနဲ့ ရပ်ရွာက ပြည်သူတွေ စုပေါင်းအားနဲ့

လုံခြုံရေး လုပ်လိုက်တော့ ခိုးဆိုးလုနှိုက်တွေ အတော်ကြီး ငြိမ်သွားပါတယ်။ ဒါပေမယ့် အချောင်သမားတို့ရဲ့ ထုံးစံအတိုင်း ဘယ်နေရာက ငွေဝင်ချောင်မလဲလို့ စဉ်းစားနေတဲ့သူတွေကတော့ လူတွေ သိပ်ဂရု မထားမိတဲ့ ဘုရားစေတီတွေ ဖက်ကို လှည့်လာကြပါပြီ။

ကိုဗစ်ကာလမှာ ဘုရားစေတီတွေ အားလုံးကို ခေတ္တပိတ်ထားတော့ အလစ်သမားတို့ အကြိုက် ပိုတွေ့သွားကြပါတယ်။ လုံခြုံရေး သိပ်မကောင်းတဲ့ ဘုရားစေတီတွေ ဆီက တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူနေကြပါတယ်။ အခုလည်း ပုဂံဘုရား (၅) ဆူက ဌာပနာတွေကို ဖောက်သွားကြပြန်ပါပြီ။

သတင်း အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-ယနေ့ (၈/၆/၂၀၂၀) တွင် ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း မှ ပုဂံ ဘုရားများကို ကင်းပတ် လှည့်လည် ကြည့်ရှုစဉ် ရွာဟောင်းကြီးဘုရားမြောက်ဖက် ဘုရားစုများထဲမှ ဘုရားငါးဆူ ၏ ပြန်လည်ပြုပြင်ထားသော

ကွမ်းတောင်များတွင် ဖောက်ထွင်းခံထားရသည်ကို တွေ့ရှိရ၍ရှေးဟောင်းသုတေသနဦးစီးဌာန နှင့် သက်ဆိုင်ရာလုံခြုရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့၍ မှတ်တမ်းရယူ ပူးပေါင်းဆောင်ရွက်နေပါကြောင်း အသိပေးအပ်ပါသည်။

ဓါတ်ပုံမှတ်တမ်းများ နှင့်တကွ ဖော်ပြအပ်ပါသည်။အလုပ်အမှုဆောင်ကော်မတီ ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း

About the author

Aung Lay

Leave a Comment