ၾကားသိရသမ်ွ

တရုတ် ကိုဗစ် ကာကွယ်ဆေး ၉၉ ရာခိုင်နှုန်းအထိ အောင်မြင်၊ ဘေကျင်းမှာ ထုတ်ရန် စက်ရုံဆောက်ပြီ

Written by Aung Lay

တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕အေျခစိုက္ ဇီ၀နည္းပညာကုမၸဏီျဖစ္တဲ့ Sinovac ရဲ႕ Covid-19 ကာကြယ္ေဆးက ၉၉ ရာခိုင္ႏႈန္း ထိေရာက္မႈရွိကာစိတ္ခ်ရၿပီး လူေပါင္း သန္းရာနဲ႔ခ်ီအတြက္ ေပးႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ ေဆးကို အဆင့္ ၂ စမ္းသပ္မႈေတြျပဳလုပ္ထားခဲ့ၿပီး လက္ေတြ႕စမ္းသပ္မႈမွာ ေစတနာ့ဝန္ထမ္း ၁၀၀၀ ေက်ာ္နဲ႔ စမ္းသပ္ထား ႏိုင္ခဲ့ၿပီလို႔ ၎ကုမၸဏီက ဆိုပါတယ္။

Sinovac ရဲ႕သုေတသီတစ္ဦးျဖစ္တဲ့ ေလာင္ပိုင္ရွန္က ဒီကာကြယ္ေဆးရဲ႕ စမ္းသပ္မႈေတြ မွာ ၉၉ ရာခိုင္ႏႈန္းေအာင္ျမင္တာ အေသအခ်ာပါပဲလို႔ ေျပာၾကားထားခဲ့တာပါ။ Co-ronaVac လို႔အမည္ေပးထားတဲ့ သူတို႔ ကုမၸဏီရဲ႕ကာကြယ္ေဆးက ၿပီးခဲ့လတုန္းက ေမ်ာက္ေတြနဲ႔စမ္းသပ္မႈေတြမွာလည္း ထိေရာက္စြာကာကြယ္ေပးႏိုင္တာကို ေတြ႕ခဲ့ၾကၿပီလို႔ Science စာေစာင္မွာလည္း ေဖာ္ျပေရးသားထားခဲ့ပါတယ္။

ကာကြယ္ ေဆးရဲ႕အဆင့္ ၃ စမ္းသပ္မႈေတြကို တ႐ုတ္ႏိုင္ငံျပင္ပမွာ ေဆာင္႐ြက္သြားဖို႔ရွိၿပီး ဥေရာပႏိုင္ငံေတြနဲ႔ ၿဗိတိန္ႏိုင္ငံတို႔ကို ဆက္သြယ္ကာ ကနဦးညႇိႏႈိင္းေျပာဆိုထားၿပီလို႔ ၎ကုမၸဏီရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈ ဆက္ဆံေရး အႀကီးတန္းၫႊန္ၾကားေရးမႉးဟယ္လန္ယန္က ဆိုပါတယ္။ ကာကြယ္ေဆးထုတ္လုပ္မႈစက္႐ုံကို ေဘဂ်င္းၿမိဳ႕မွာ ေဆာက္လုပ္ေနၾကၿပီျဖစ္ၿပီး လူေပါင္းသန္း ၁၀၀ စာအတြက္ အခ်ိန္တိုအတြင္း ကာကြယ္ေဆး ထုတ္လုပ္သြားႏိုင္မယ္လို႔ ဟယ္လန္ယန္ ကဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ကာကြယ္ေဆးကို ထုတ္လုပ္ရာမွာ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္မယ့္အျပင္ ကမာၻလုံးဆိုင္ရာ ျပည္သူေတြသုံးဖို႔ ထုတ္ကုန္အျဖစ္ သုံးမယ္လို႔ တ႐ုတ္အစိုးရက ဇြန္ ၇ ရက္မွာ ေျပာၾကားပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးဟာ ကို႐ိုနာဗိုင္းရပ္စ္ သတင္းအခ်က္အလက္ စစ္ပြဲ ျဖစ္မလာေစဖို႔ တ႐ုတ္မီဒီယာေတြက တိတိက်က် အစီရင္ခံခဲ့ၿပီးၿပီ၊ တ႐ုတ္ကို ဘယ္လို အသေရဖ်က္မႈကိုမဆို တုံ႔ျပန္သြားမယ္လို႔ တ႐ုတ္ဝါဒျဖန႔္ခ်ိေရး ဒုအႀကီးအကဲက ေျပာခဲ့ပါတယ္။

Source : Pyi Myanmar

Unicode

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီဖြစ်တဲ့ Sinovac ရဲ့ Covid-19 ကာကွယ်ဆေးက ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိကာစိတ်ချရပြီး လူပေါင်း သန်းရာနဲ့ချီအတွက် ပေးနိုင်တော့မယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးကို အဆင့် ၂ စမ်းသပ်မှုတွေပြုလုပ်ထားခဲ့ပြီး လက်တွေ့စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော်နဲ့ စမ်းသပ်ထား နိုင်ခဲ့ပြီလို့ ၎င်းကုမ္ပဏီက ဆိုပါတယ်။

Sinovac ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ လောင်ပိုင်ရှန်က ဒီကာကွယ်ဆေးရဲ့ စမ်းသပ်မှုတွေ မှာ ၉၉ ရာခိုင်နှုန်းအောင်မြင်တာ အသေအချာပါပဲလို့ ပြောကြားထားခဲ့တာပါ။ Co-ronaVac လို့အမည်ပေးထားတဲ့ သူတို့ ကုမ္ပဏီရဲ့ကာကွယ်ဆေးက ပြီးခဲ့လတုန်းက မျောက်တွေနဲ့စမ်းသပ်မှုတွေမှာလည်း ထိရောက်စွာကာကွယ်ပေးနိုင်တာကို တွေ့ခဲ့ကြပြီလို့ Science စာစောင်မှာလည်း ဖော်ပြရေးသားထားခဲ့ပါတယ်။

ကာကွယ် ဆေးရဲ့အဆင့် ၃ စမ်းသပ်မှုတွေကို တရုတ်နိုင်ငံပြင်ပမှာ ဆောင်ရွက်သွားဖို့ရှိပြီး ဥရောပနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတို့ကို ဆက်သွယ်ကာ ကနဦးညှိနှိုင်းပြောဆိုထားပြီလို့ ၎င်းကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး အကြီးတန်းညွှန်ကြားရေးမှူးဟယ်လန်ယန်က ဆိုပါတယ်။ ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံကို ဘေဂျင်းမြို့မှာ ဆောက်လုပ်နေကြပြီဖြစ်ပြီး လူပေါင်းသန်း ၁၀၀ စာအတွက် အချိန်တိုအတွင်း ကာကွယ်ဆေး ထုတ်လုပ်သွားနိုင်မယ်လို့ ဟယ်လန်ယန် ကဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်ရာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့်အပြင် ကမ္ဘာလုံးဆိုင်ရာ ပြည်သူတွေသုံးဖို့ ထုတ်ကုန်အဖြစ် သုံးမယ်လို့ တရုတ်အစိုးရက ဇွန် ၇ ရက်မှာ ပြောကြားပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးဟာ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် စစ်ပွဲ ဖြစ်မလာစေဖို့ တရုတ်မီဒီယာတွေက တိတိကျကျ အစီရင်ခံခဲ့ပြီးပြီ၊ တရုတ်ကို ဘယ်လို အသရေဖျက်မှုကိုမဆို တုံ့ပြန်သွားမယ်လို့ တရုတ်ဝါဒဖြန့်ချိရေး ဒုအကြီးအကဲက ပြောခဲ့ပါတယ်။

About the author

Aung Lay

Leave a Comment