Knowledge

မိုးကြိုးအန္တရာယ်က ရှောင်ရှားရန် လိုက်နာရမည့် အချက်များ …

Written by Aung Lay

ယခုမိုးရာသီ မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးသူ ၆၂ ဦးရှိပြီဖြစ်၍ မိုးကြိုးအန္တရာယ် ရှောင်ရှားရန် လိုက်နာရမည့် အချက်များ

ယခုနှစ် မိုးရာသီသည် မုတ်သုံအဝင်နောက်ကျ ၍ မိုးတိမ်တိုက် များပြားနေ ခြင်းကြောင့် မိုးကြိုးပစ်ခြင်း အန္တရာယ် စိုးရိမ်းရပြီး လက်ရှိမိုးကြို ကာလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၆၂ ဦးရှိပြီဖြစ်သည်။

မိုးကြိုးအန္တရာယ် နိုင်ငံတဝှမ်း ဖြစ်ပေါ်နေခြင်း ဖြစ်ရာ ပြည်သူများ အနေဖြင့် သတိရှိစေ လိုကြောင်းမိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ကျော်မိုးဦးက တိုက်တွန်းသည်။

“မုတ်သုံအဝင် အနည်းငယ် နောက်ကျတဲ့အတွက် မိုးကြိုကာလ ကပိုပြီးတော့ ရှေကြာတယ်ပေါ့။ မုတ်သုံဝင်ချိန်မှာလည်း အားသိပ်မကောင်း တဲ့အတွက်ကြောင့် မိုးတိမ်တိုက်တွေနဲ့ ရွာနေတဲ့ အနေအထားကို မြင်ရတယ်၊

အဲဒီအခါ မိုးတိမ်းတိုက်တွေရဲ့သဘော သဘာဝအရ လျှပ်စီးလပ်မယ်၊ မိုးကြိုးပစ်မယ်၊ လေပြင်းတိုက်မယ်၊ မိုးသီးကြွေမယ့်အန္တရာယ်တွေကို ပြည်သူတွေအနေနဲ့ သတိထားဖို့ လိုပါတယ် “ဟု ၎င်းကပြောသည်။

လက်ရှိ ၂၀၂၀ ခုနှစ် မိုးကြိုကာလဖြစ်သည့် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁ဝ ခုတွင် မိုးကြိုးပစ်ခံရ၍ လူ ၆၂ ဦးနှင့် ကျွဲ နွား ၃၀ နီးပါးသေဆုံးကာ လူ ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်

မိုးကြိုး ပစ်ခံရသည့် လူအများစုမှာ မိုးထစ်ချုန်းရွာ သွန်းခြင်း၊ လျှပ်စီးလက်ခြင်း ဖြစ်ပေါ်နေချိန်တွင် လယ်ကွင်းထဲ အလုပ်လုပ်နေစဉ်၊ အိမ်အပြက်ဘက်တွင် လူများတစ်စု တစ်စည်းတည်း ရှိနေစဉ်၊

မြစ် ကမ်းဘေး လမ်းလျှောက် လာစဉ်၊နေအိမ် ခြံဝင်းအတွင်း သစ်ပင်ဘေးထိုင်နေစဉ်၊ ရေ မြောင်းတူးနေစဉ်၊ နေအိမ်တွင်း ရေဒီယိုနားထောင် နေစဉ်၊ ဖုန်းအင်တာနက် အသုံးပြုနေစဉ်၊

ချောင်းတွင်း ငါးဖမ်းနေစဉ် အများဆုံး မိုးကြိုးပစ် ခံရတတ် သည်ဟု သိရသည်။ထို့ကြောင့် မိုးကြိုးအန္တရာယ်ဖြင့် သေဆုံးမှု မရှိစေရန် လေပြင်း တိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီး လက်ခြင်းနဲ့ မိုးခြိမ်းခြင်းများ ဖြစ်ပေါ်နေချိန်တွင် ဖုန်းများကို အသုံးမပြုရန်၊

တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့်လျှပ်စစ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို ခလုတ်ပိတ်၊ ပလပ်ဖြုတ်ထားရန်၊ သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်း များအနီးတွင် မနေသင့်ကြောင်း နှင့် အိမ်အပြင်ဘက် တွင်လူစုလူဝေး ဖြစ်နေပါက သီးခြားစီ ဖြန့်ခွဲနေထိုင်ကြရန် ဒေါက်တာကျော်မိုးဦးကပြောသည်။

ယင်းမိုးကြိုး အန္တရာယ်ဆိုင်ရာ လိုက်နာ ဆောင်ရွက်ရန် နည်းလမ်းများကို ပြည်သူများ အနေဖြင့် လေ့လာမှတ်သား ထားကြပြီး သဘာဝအန္တရာယ်များ ကြုံတွေ့လာပါကလည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မောင်ပီး Myitphyar irra – မြစ်ဖျားဧရာ

Zawgi

ယခုမိုးရာသီ မိုးႀကိဳးပစ္ခံရျခင္းေၾကာင့္ ေသဆုံးသူ ၆၂ ဦးရွိၿပီျဖစ္၍ မိုးႀကိဳးအႏၲရာယ္ ေရွာင္ရွားရန္ လိုက္နာရမည့္ အခ်က္မ်ား

ယခုႏွစ္ မိုးရာသီသည္ မုတ္သုံအဝင္ေနာက္က် ၍ မိုးတိမ္တိုက္ မ်ားျပားေန ျခင္းေၾကာင့္ မိုးႀကိဳးပစ္ျခင္း အႏၲရာယ္ စိုးရိမ္းရၿပီး လက္ရွိမိုးႀကိဳ ကာလအတြင္း မိုးႀကိဳးပစ္ခံရ၍ ေသဆုံးသူ ၆၂ ဦးရွိၿပီျဖစ္သည္။

မိုးႀကိဳးအႏၲရာယ္ ႏိုင္ငံတဝွမ္း ျဖစ္ေပၚေနျခင္း ျဖစ္ရာ ျပည္သူမ်ား အေနျဖင့္ သတိရွိေစ လိုေၾကာင္းမိုးေလ ဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရး မႉးခ်ဳပ္ ေဒါက္တာ ေက်ာ္မိုးဦးက တိုက္တြန္းသည္။

“မုတ္သုံအဝင္ အနည္းငယ္ ေနာက္က်တဲ့အတြက္ မိုးႀကိဳကာလ ကပိုၿပီးေတာ့ ေရွၾကာတယ္ေပါ့။ မုတ္သုံဝင္ခ်ိန္မွာလည္း အားသိပ္မေကာင္း တဲ့အတြက္ေၾကာင့္ မိုးတိမ္တိုက္ေတြနဲ႔ ႐ြာေနတဲ့ အေနအထားကို ျမင္ရတယ္၊

အဲဒီအခါ မိုးတိမ္းတိုက္ေတြရဲ႕သေဘာ သဘာဝအရ လွ်ပ္စီးလပ္မယ္၊ မိုးႀကိဳးပစ္မယ္၊ ေလျပင္းတိုက္မယ္၊ မိုးသီးေႂကြမယ့္အႏၲရာယ္ေတြကို ျပည္သူေတြအေနနဲ႔ သတိထားဖို႔ လိုပါတယ္ “ဟု ၎ကေျပာသည္။

လက္ရွိ ၂၀၂၀ ခုႏွစ္ မိုးႀကိဳကာလျဖစ္သည့္ ဇန္နဝါရီလ ၁ ရက္မွ ဇြန္လ ၆ ရက္အထိ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ ၁ဝ ခုတြင္ မိုးႀကိဳးပစ္ခံရ၍ လူ ၆၂ ဦးႏွင့္ ကြၽဲ ႏြား ၃၀ နီးပါးေသဆုံးကာ လူ ၂၆ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ သိရသည္

မိုးႀကိဳး ပစ္ခံရသည့္ လူအမ်ားစုမွာ မိုးထစ္ခ်ဳန္း႐ြာ သြန္းျခင္း၊ လွ်ပ္စီးလက္ျခင္း ျဖစ္ေပၚေနခ်ိန္တြင္ လယ္ကြင္းထဲ အလုပ္လုပ္ေနစဥ္၊ အိမ္အျပက္ဘက္တြင္ လူမ်ားတစ္စု တစ္စည္းတည္း ရွိေနစဥ္၊

ျမစ္ ကမ္းေဘး လမ္းေလွ်ာက္ လာစဥ္၊ေနအိမ္ ၿခံဝင္းအတြင္း သစ္ပင္ေဘးထိုင္ေနစဥ္၊ ေရ ေျမာင္းတူးေနစဥ္၊ ေနအိမ္တြင္း ေရဒီယိုနားေထာင္ ေနစဥ္၊ ဖုန္းအင္တာနက္ အသုံးျပဳေနစဥ္၊

ေခ်ာင္းတြင္း ငါးဖမ္းေနစဥ္ အမ်ားဆုံး မိုးႀကိဳးပစ္ ခံရတတ္ သည္ဟု သိရသည္။ထို႔ေၾကာင့္ မိုးႀကိဳးအႏၲရာယ္ျဖင့္ ေသဆုံးမႈ မရွိေစရန္ ေလျပင္း တိုက္ခတ္မႈမ်ား၊ မိုး႐ြာသြန္းမႈမ်ား၊ လွ်ပ္စီး လက္ျခင္းနဲ႔ မိုးၿခိမ္းျခင္းမ်ား ျဖစ္ေပၚေနခ်ိန္တြင္ ဖုန္းမ်ားကို အသုံးမျပဳရန္၊

တီဗြီ၊ ေရဒီယို၊ လွ်ပ္စစ္ထမင္းအိုး၊ လွ်ပ္စစ္မီးပူႏွင့္ကြန္ပ်ဴတာ စသည့္လွ်ပ္စစ္နဲ႔ ဆိုင္တဲ့ ပစၥည္းေတြကို ခလုတ္ပိတ္၊ ပလပ္ျဖဳတ္ထားရန္၊ သစ္ပင္၊ ဓါတ္တိုင္ႏွင့္သံ/သတၳဳပစၥည္း မ်ားအနီးတြင္ မေနသင့္ေၾကာင္း ႏွင့္ အိမ္အျပင္ဘက္ တြင္လူစုလူေဝး ျဖစ္ေနပါက သီးျခားစီ ျဖန႔္ခြဲေနထိုင္ၾကရန္ ေဒါက္တာေက်ာ္မိုးဦးကေျပာသည္။

ယင္းမိုးႀကိဳး အႏၲရာယ္ဆိုင္ရာ လိုက္နာ ေဆာင္႐ြက္ရန္ နည္းလမ္းမ်ားကို ျပည္သူမ်ား အေနျဖင့္ ေလ့လာမွတ္သား ထားၾကၿပီး သဘာဝအႏၲရာယ္မ်ား ႀကဳံေတြ႕လာပါကလည္း လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရး ဝန္ႀကီးဌာနတြင္ ဖြင့္လွစ္ထားရွိသည့္ Hot-line ဖုန္းမ်ားျဖစ္သည့္ ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

ေမာင္ပီး Myitphyar irra – ျမစ္ဖ်ားဧရာ

About the author

Aung Lay

Leave a Comment