Cele News

ပရိသတ်တွေအတွက် ငယ်ဘဝ အမှတ်တရလေးတွေကို ချပြလိုက်တဲ့ ခန့်စည်သူ

Written by Aung Lay





Unicode

ဆယ့်စုနှစ်တည်းက အခုချိန်ထိကို အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ မင်းသားခန့်စည်သူနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ပါဘူး။ ခန့်စည်သူကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့ အချစ်ရေးဟာဆိုရင် အခုအသက်အရွယ်အထိကို မိဘကိုလုပ်ကျွေးကာ တစ်ကိုယ်တော်လူပျိုကြီးဘဝနဲ့ဘဲ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ သူရဲ့အနုပညာကြေးတွေထဲကမှ တတ်နိုင်သလောက်လေးနဲ့ တကယ့်လိုအပ်နေသူတွေကို သွားရောက်ကူညီလှူဒါန်းပေးလေ့ရှိပါတယ်။ စေတနာကောင်းတဲ့အကျိုးတွေကြောင့် အခုချိန်ထိကို အောင်မြင်နေတာပါပဲနော်။ ခန့်စည်သူကတော့ “ကိုကြာစွယ် တစ်ယောက်..နတ်ရေကန်ရွာ မရောက်ခင်တုန်းက” လို့ဆိုကာ သူရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ခန့်စည်သူရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကကော ခန့်စည်သူရဲ့ ငယ်ဘဝပုံရိပ်လေးတွေကြည့်ကာ ငယ်ရုပ်မပျောက်သေးတာမို့ အံသြကြမယ်လို့လည်း ထင်ပါတယ်။

Soure : Kyaw Soe Win’s Facebook

About the author

Aung Lay

Leave a Comment