Knowledge

ကာမမုဆိုးနှင့် ကာမသားကောင် Cbအန္တရယ် မိန်းကလေးများ အထူးသဖြင့် ဖတ်ရန် …

Written by Aung Lay

ကာမမုဆိုးနှင့် ကာမသားကောင် Cbအန္တရယ် မိန်းကလေးများ အထူးသဖြင့် ဖတ်ရန် …

ကာမမုဆိုးနှင့် ကာမသားကောင်

#cbအန္တရယ် { မိန်းကလေးများ အထူးသဖြင့် ဖတ်ရန် }

တောင်ဒဂုံက လူသတ်မှု့တစ်ခုမှာသေတဲ့ အမျိုးသမီးက အသက် ၅၃- နှစ် လင်ကြီးနဲ့ သားတွေလည်း ရှိတယ်။

သတ်သွားတဲ့သူက ခပ်ငယ်ငယ်ချောချော မြေနီကုန်းမှာ တွန်းလှည်းနဲ့ သစ်သီးရောင်းတဲ့သူသီရိမောင် အွန်လိုင်းက တွေ့ကြတာတဲ့။

သားကောင်ရှာနေတဲ့ ပိုင်းလုံးတွေ အွန်လိုင်းမှာ အများကြီးရှိပါတယ်။တချို့က မိန်းမပျိုအရွယ်တွေကို ရွေးပြီး ဖျက်ဆီးတာပါ။သူတို့က ကာမမုဆိုးတွေပါ။

နောက်တမျိုးက အသက်လတ်ပိုင်း အမျိုးသမီးကြီးတွေကို ပစ်မှတ်ထားတဲ့သူတွေပါ ။ သူတို့က စောင့်ကြည့်နေတတ်ပါတယ်။ အခြေအနေနဲ့ ဥစ္စာဓနကို အကဲခတ်နေတတ်ပါတယ်။

ပိုင်းလုံးတွေဟာ တနည်းအားဖြင့် လူပါးတွေပါ။လူကဲခတ်ကောင်းကြပါတယ်။ မိန်းမတယောက်ကို ကြည့်ပြီး လွယ်တယ်/မလွယ်ဘူး သိနိုင်စွမ်းရှိကြပါတယ်။

ဘယ်လိုကြည့်လဲ ..လွယ်ပါတယ်။ပြောတဲ့စကားတွေနဲ့ FB မှာ တင်တဲ့ ဓါတ်ပုံတွေကတဆင့် အကဲခတ်နိုင်ပါတယ်။

ပြီးရင် CB ကနေ သွေးတိုးစမ်းပါတယ်။အခြေအနေကိုလိုက်ပြီး စကားပြောတတ်ကြပါတယ်။အချီကြီးကြံမယ့်သူတိုင်း စကားပြော အလွန်ညက်ပါတယ်။

ဘလိုင်းကြီး ဘယ်တော့မှ မဝင်ပါဘူး။စကားပြောယဉ်ကျေးပါတယ်။ဗဟုသုတ အနည်းငယ် ပြည့်စုံပါတယ်။အထင်ကြီးသွားအောင်ပါ ။

အချီကြီးကြံမယ့် သူတိုင်းမှာ တူညီတာတစ်ခုရှိပါတယ်။သူ့အကြောင်းမသိမချင်း စားနိုင်သောက်နိုင် သုံးနိုင်ဖြုန်းနိုင်တဲ့ ဒီဇိုင်းဖမ်းထားကြတာပါဘဲ။

သက်လတ်ပိုင်းအမျိုးသမီးတွေကို ကြံရတာ ပိုလွယ်ပါတယ်။ဒီအသက်အရွယ်ဟာ အကျပိုင်းဖြစ်လာတဲ့အခါ အထီးကျန်တဲ့စိတ် ခံစားကြရပါတယ် life က ဘောင်ကျဉ်းလာပါတယ်။

လူငယ်တွေလို ဖူးနုနေတဲ့ အလှတွေ မရှိတော့တဲ့အတွက် စိတ်ဓါတ်ကျစရာအလှကို နေ့တိုင်းရင်ဆိုင်နေရပါတယ်။

အဲဒီလိုအချိန်မှာ ကိုယ့်ထက် အသက်ထက်ဝက်လောက်ငယ်တဲ့သူက စိတ်ဝင်စားတာခံရရင် ဖြစ်လာတတ်တဲ့စိတ်က စိတ်ဓါတ်တက်ကြွလာတာပါ ။

သူနဲ့ရွယ်တူတွေကိုစိတ်မဝင်စားဘဲ ငါ့ကိုမှ ကြိုက်ရလေခြင်းဆိုပြီး အေးခဲနေတဲ့ ရင်ခုန်သံတွေ ပူနွေးလာပါတယ်။

ငါ အလတ်ကြီးရှိသေးတယ်လို့ ခံစားရတဲ့အခါ အလှတွေ ထပြင်ပါတော့တယ်။မထော်မနှမ်းတွေ ဝတ်လာပါတော့တယ်။

ဒါဆိုတဖက်က သေချာသိပါပြီ။သူ့ကျော့ကွင်းထဲ လည်စင်းပေးပြီး ဝင်လာတဲ့ သားကောင်ကို အသာလေး ခွေကနဲကျသွားအောင် ဘယ်အညှာကို ကိုင်ရမလဲ မေးစရာမလိုတော့ပါဘူး ။

အဲဒီနောက်တော့ လူကိုယူတယ်။ ပစ္စည်းကို ချူ မယ်။အစာဝလို့ ဌာနပြန်တဲ့အခါ အမယ်ကြီးက မရတော့ပါဘူး။တန်းတန်းစွဲနေပါပြီ။

မိန်းမဆိုတာ စိတ်ဆိုးရင် မဆင်ခြင်ဘဲ ရန်ဖြစ်လေ့ရှိပါတယ်။ငါ့ကို ထားခဲ့ရင် နင့်အကြောင်း လူတကာပြောမယ် ဘာညာဆိုတာမျိုး ခြိမ်းခြောက်တတ်ပါတယ်။

ဒါ့ကြောင့် နောက်ဆုံး အသတ်ခံရတာများပါတယ်။ဒီတော့ FB သုံးတဲ့အခါ ဘယ်သူ့ကိုမှ မယုံပါနဲ့ဓါတ်ပုံကို လှအောင်ရိုက်လို့ရပါတယ်။

စကားကို ခိုက်အောင် ပြောလို့ရပါတယ်။ကိုယ့်အသက်အရွယ်ကို ချစ်လွန်းလို့ ခင်လွန်းလို့ ပြောလာရင် တစ်ခုသတိရပါ။

ငယ်ရွယ်နုပျိုစဉ်က အလှကို ရခဲ့တဲ့ ကိုယ့်ယောင်္ကျားတောင် အခုချိန်မှာ ကိုယ်နဲ့ ၁၈- နှစ်သမီး ဘယ်သူ့ရွေးမလဲဆို ၁၈- နှစ်သမီးကို လက်ညှိုးထိုးမယ်ဆိုတာ သတိရပါ ။

ဒီတော့ ကလေးတွေမွေးပြီး တင်တွေက ပြဲ ရင်တွေက ရွဲကျလာတဲ့ ကိုယ့်လို အိုကြီးအိုမကို မြတ်နိုးလွန်းလို့ပါဆိုတဲ့ သကောင့်သားကို မယုံကြည်ပါနဲ့။

အချစ်စစ်ဆိုတာ …တူတူအိပ်တာ မဟုတ်ပါဘူး။ကိုယ့်ကိုကိုယ် စောင့်ရှောက်တာပါ။ကိုယ်ရတဲ့ဘဝကို တန်ဘိုးထားတာဟာ အချစ်စစ်စစ်ပါ ။

နေဝင်ချိန်မှာ ကိုယ့်အလှကို လက်ခံတာ အချစ်စစ်စစ်ပါ။နောက်ဆုံးခရီးမှာ ဒါနနဲ့ သီလကို အထုပ်ကြီးကြီးထုပ်သွားတာ အချစ်စစ်စစ်ပါ။

မူရင်းဆရာကိုCreditပေးပါသည်။ ### ပေသီး#

Zawgyi

ကာမမုဆိုးႏွင့္ ကာမသားေကာင္ Cbအႏၲရယ္ မိန္းကေလးမ်ား အထူးသျဖင့္ ဖတ္ရန္ …

ကာမမုဆိုးႏွင့္ ကာမသားေကာင္

#cbအႏၲရယ္ { မိန္းကေလးမ်ား အထူးသျဖင့္ ဖတ္ရန္ }

ေတာင္ဒဂုံက လူသတ္မႈ႔တစ္ခုမွာေသတဲ့ အမ်ိဳးသမီးက အသက္ ၅၃- ႏွစ္ လင္ႀကီးနဲ႔ သားေတြလည္း ရွိတယ္။

သတ္သြားတဲ့သူက ခပ္ငယ္ငယ္ေခ်ာေခ်ာ ေျမနီကုန္းမွာ တြန္းလွည္းနဲ႔ သစ္သီးေရာင္းတဲ့သူသီရိေမာင္ အြန္လိုင္းက ေတြ႕ၾကတာတဲ့။

သားေကာင္ရွာေနတဲ့ ပိုင္းလုံးေတြ အြန္လိုင္းမွာ အမ်ားႀကီးရွိပါတယ္။တခ်ိဳ႕က မိန္းမပ်ိဳအရြယ္ေတြကို ေရြးၿပီး ဖ်က္ဆီးတာပါ။သူတို႔က ကာမမုဆိုးေတြပါ။

ေနာက္တမ်ိဳးက အသက္လတ္ပိုင္း အမ်ိဳးသမီးႀကီးေတြကို ပစ္မွတ္ထားတဲ့သူေတြပါ ။ သူတို႔က ေစာင့္ၾကည့္ေနတတ္ပါတယ္။ အေျခအေနနဲ႔ ဥစၥာဓနကို အကဲခတ္ေနတတ္ပါတယ္။

ပိုင္းလုံးေတြဟာ တနည္းအားျဖင့္ လူပါးေတြပါ။လူကဲခတ္ေကာင္းၾကပါတယ္။ မိန္းမတေယာက္ကို ၾကည့္ၿပီး လြယ္တယ္/မလြယ္ဘူး သိနိုင္စြမ္းရွိၾကပါတယ္။

ဘယ္လိုၾကည့္လဲ ..လြယ္ပါတယ္။ေျပာတဲ့စကားေတြနဲ႔ FB မွာ တင္တဲ့ ဓါတ္ပုံေတြကတဆင့္ အကဲခတ္နိုင္ပါတယ္။

ၿပီးရင္ CB ကေန ေသြးတိုးစမ္းပါတယ္။အေျခအေနကိုလိုက္ၿပီး စကားေျပာတတ္ၾကပါတယ္။အခ်ီႀကီးႀကံမယ့္သူတိုင္း စကားေျပာ အလြန္ညက္ပါတယ္။

ဘလိုင္းႀကီး ဘယ္ေတာ့မွ မဝင္ပါဘူး။စကားေျပာယဥ္ေက်းပါတယ္။ဗဟုသုတ အနည္းငယ္ ျပည့္စုံပါတယ္။အထင္ႀကီးသြားေအာင္ပါ ။

အခ်ီႀကီးႀကံမယ့္ သူတိုင္းမွာ တူညီတာတစ္ခုရွိပါတယ္။သူ႔အေၾကာင္းမသိမခ်င္း စားနိုင္ေသာက္နိုင္ သုံးနိုင္ျဖဳန္းနိုင္တဲ့ ဒီဇိုင္းဖမ္းထားၾကတာပါဘဲ။

သက္လတ္ပိုင္းအမ်ိဳးသမီးေတြကို ႀကံရတာ ပိုလြယ္ပါတယ္။ဒီအသက္အရြယ္ဟာ အက်ပိုင္းျဖစ္လာတဲ့အခါ အထီးက်န္တဲ့စိတ္ ခံစားၾကရပါတယ္ life က ေဘာင္က်ဥ္းလာပါတယ္။

လူငယ္ေတြလို ဖူးႏုေနတဲ့ အလွေတြ မရွိေတာ့တဲ့အတြက္ စိတ္ဓါတ္က်စရာအလွကို ေန႔တိုင္းရင္ဆိုင္ေနရပါတယ္။

အဲဒီလိုအခ်ိန္မွာ ကိုယ့္ထက္ အသက္ထက္ဝက္ေလာက္ငယ္တဲ့သူက စိတ္ဝင္စားတာခံရရင္ ျဖစ္လာတတ္တဲ့စိတ္က စိတ္ဓါတ္တက္ႂကြလာတာပါ ။

သူနဲ႔ရြယ္တူေတြကိုစိတ္မဝင္စားဘဲ ငါ့ကိုမွ ႀကိဳက္ရေလျခင္းဆိုၿပီး ေအးခဲေနတဲ့ ရင္ခုန္သံေတြ ပူေႏြးလာပါတယ္။

ငါ အလတ္ႀကီးရွိေသးတယ္လို႔ ခံစားရတဲ့အခါ အလွေတြ ထျပင္ပါေတာ့တယ္။မေထာ္မႏွမ္းေတြ ဝတ္လာပါေတာ့တယ္။

ဒါဆိုတဖက္က ေသခ်ာသိပါၿပီ။သူ႔ေက်ာ့ကြင္းထဲ လည္စင္းေပးၿပီး ဝင္လာတဲ့ သားေကာင္ကို အသာေလး ေခြကနဲက်သြားေအာင္ ဘယ္အညႇာကို ကိုင္ရမလဲ ေမးစရာမလိုေတာ့ပါဘူး ။

အဲဒီေနာက္ေတာ့ လူကိုယူတယ္။ ပစၥည္းကို ခ်ဴ မယ္။အစာဝလို႔ ဌာနျပန္တဲ့အခါ အမယ္ႀကီးက မရေတာ့ပါဘူး။တန္းတန္းစြဲေနပါၿပီ။

မိန္းမဆိုတာ စိတ္ဆိုးရင္ မဆင္ျခင္ဘဲ ရန္ျဖစ္ေလ့ရွိပါတယ္။ငါ့ကို ထားခဲ့ရင္ နင့္အေၾကာင္း လူတကာေျပာမယ္ ဘာညာဆိုတာမ်ိဳး ၿခိမ္းေျခာက္တတ္ပါတယ္။

ဒါ့ေၾကာင့္ ေနာက္ဆုံး အသတ္ခံရတာမ်ားပါတယ္။ဒီေတာ့ FB သုံးတဲ့အခါ ဘယ္သူ႔ကိုမွ မယုံပါနဲ႔ဓါတ္ပုံကို လွေအာင္ရိုက္လို႔ရပါတယ္။

စကားကို ခိုက္ေအာင္ ေျပာလို႔ရပါတယ္။ကိုယ့္အသက္အရြယ္ကို ခ်စ္လြန္းလို႔ ခင္လြန္းလို႔ ေျပာလာရင္ တစ္ခုသတိရပါ။

ငယ္ရြယ္ႏုပ်ိဳစဥ္က အလွကို ရခဲ့တဲ့ ကိုယ့္ေယာကၤ်ားေတာင္ အခုခ်ိန္မွာ ကိုယ္နဲ႔ ၁၈- ႏွစ္သမီး ဘယ္သူ႔ေရြးမလဲဆို ၁၈- ႏွစ္သမီးကို လက္ညႇိုးထိုးမယ္ဆိုတာ သတိရပါ ။

ဒီေတာ့ ကေလးေတြေမြးၿပီး တင္ေတြက ျပဲ ရင္ေတြက ရြဲက်လာတဲ့ ကိုယ့္လို အိုႀကီးအိုမကို ျမတ္နိုးလြန္းလို႔ပါဆိုတဲ့ သေကာင့္သားကို မယုံၾကည္ပါနဲ႔။

အခ်စ္စစ္ဆိုတာ …တူတူအိပ္တာ မဟုတ္ပါဘူး။ကိုယ့္ကိုကိုယ္ ေစာင့္ေရွာက္တာပါ။ကိုယ္ရတဲ့ဘဝကို တန္ဘိုးထားတာဟာ အခ်စ္စစ္စစ္ပါ ။

ေနဝင္ခ်ိန္မွာ ကိုယ့္အလွကို လက္ခံတာ အခ်စ္စစ္စစ္ပါ။ေနာက္ဆုံးခရီးမွာ ဒါနနဲ႔ သီလကို အထုပ္ႀကီးႀကီးထုပ္သြားတာ အခ်စ္စစ္စစ္ပါ။

မူရင္းဆရာကိုCreditေပးပါသည္။ ### ေပသီး#

About the author

Aung Lay

Leave a Comment