Knowledge

Liveလွှင့်ပီး ကြိုးဆွဲချတဲ့ကိစ္စနဲ့ပတ်သက်လို့ ပန်ဆယ်လို ပြောပြီ

Written by Aung Lay

မေန႔က ပ်ံ႕ႏွံ႔လာတဲ့ Live လႊင့္ ႀကိဳးဆြဲခ်ေသဆုံးတဲ့ ဗီဒီယိုဖိုင္ကို Facebook က ဖ်က္ပစ္ေနပါတယ္။ မူရင္းတင္ခဲ့တဲ့ ေသဆုံးသူရဲ႕ Live Video ကိုလည္း ဖဘက ဖ်က္ပစ္လိုက္သလို ျပန္တင္ၾကသူေတြရဲ႕ Videoေတြကိုပါ ဖ်က္ပစ္ေနပါတယ္။ ဖ်က္ပစ္တဲ့အျပင္ တင္တဲ့ အေကာင့္ေတြကို ပိတ္ပစ္တာေတြပါ ရွိပါတယ္။

အဲ့ေတာ့ အဲ့Video ေတြကို ျပန္မတင္ၾကပါနဲ႔။ ေကာမန္႔မွာ Link ခ်တာေတြဟာလည္း အေကာင့္ပိတ္ခံရႏိုင္ပါတယ္။ Facebook ရဲ႕ Community Standard နဲ႔ ၿငိတဲ့အရာေတြမို႔ ကိုယ့္အေကာင့္ကိုယ္ႏွေမ်ာရင္ Video File ေတြတင္တာ၊ Link ခ်တာ၊ Chat Box က ပို႔တာေတြ မလုပ္ၾကပါနဲ႔။

ၾကည့္မိသူေတြအတြက္လည္း အက်ိဳးမရွိပါဘူး။ ေၾကာက္လန္႔ေစတယ္၊ ခံစားရေစပါတယ္။ ရွည္ေၾကာၿပီး ၾကည့္မိတဲ့ ကိုယ့္ကိုယ္ကိုယ္ေတာင္ စိတ္တိုမိပါတယ္။

Hanging လုပ္သြားတဲ့ အမ်ိဳးသား မေသခင္ေရးသြားတဲ့ အေၾကာင္းအရာေတြအရ အမ်ိဳးသမီးက ေဖာက္ျပန္လို႔ဆိုၿပီး ဝိုင္းဝန္းေရးသားေနၾကတာေတြကို ဖတ္ရပါတယ္။ ကိုယ္ေတြ တကယ္သိႏိုင္တဲ့ ကိစၥလည္း မဟုတ္ဘူး။ ေသဆုံးသူရဲ႕ စိတ္အေျခအေနဟာ ပုံမွန္မဟုတ္ဘဲ Depression ျဖစ္ေနတဲ့ပုံစံဆိုတာ သိပ္သိသာပါတယ္။ သူမေသခင္မွာ ထင္ျမင္ေရးသားထားတာေတြကို အမွန္လို႔ ယူဆလို႔ မရပါဘူး။

သူေနာက္ဆုံးေရးထားတဲ့ပိုစ့္အရ သူ႔ကို အရက္ေၾကာင္ ေၾကာင္ေနတယ္လို႔ သတင္းလႊင့္ေနတယ္ဆိုၿပီး ေရးထားတယ္။ အရက္ေၾကာင္ ေၾကာင္မေၾကာင္ထက္ Hanging လုပ္သြားတဲ့ပုံစံကို Live မွာ ျမင္ရတဲ့ပုံအရေတာ့ စိတ္အေျခအေနဟာ ပုံမွန္အေနအထားမွာ မရွိပါဘူး။ ဒီလိုစိတ္အေျခအေနရွိေနသူေတြဟာ အရာရာကို သံသယျဖစ္ေနတတ္ပါတယ္။ အရာရာကို သံသယနဲ႔ေတြးတယ္၊ သံသယနဲ႔ ျမင္တယ္။ အထူးသျဖင့္ အိမ္ေထာင္ဖက္အေပၚမွာ သံသယေတြ သိပ္မ်ားလာတာတတ္ပါတယ္။

ေသဆုံးသူရဲ႕ ဇနီးအေနနဲ႔လည္း ဒီလိုစိတ္အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ ခင္ပြန္းအေပၚ ၾကမ္းတမ္းတဲ့ပုံစံမ်ိဳးနဲ႔ ဆက္ဆံတဲ့ပုံဟာ အေတာ္ကို ဆိုးဝါးပါတယ္။ ဒီအေျခအေနမွာ ဒီလိုဆက္ဆံမႈမ်ိဳးဟာ အခုလိုအထိ ျဖစ္သြားေစဖို႔ တြန္းအားေပးလိုက္သလိုပါပဲ။

ကိုယ္တို႔မသိတဲ့ အိမ္ေထာင္ေရးတစ္ခုဟာ ဘာေတြျဖစ္သြားခဲ့လဲ ကိုယ္တို႔ မသိႏိုင္ပါဘူး။ အဲ့ေတာ့ ေသသူရဲ႕ စြတ္္စြဲမႈ ထင္ျမင္မႈနဲ႔ က်န္ရစ္သူကို ေဖာက္ျပန္တယ္လို႔ ဝိုင္းမစြတ္စြဲၾကေစခ်င္ပါဘူး။

သနားစရာအေကာင္းဆုံးကေတာ့ ကေလးႏွစ္ေယာက္ပါပဲ။ ႀကိဳးဆြဲခ်ေသမယ့္ ဖခင္က ဘယ္မွမသြားနဲ႔ဆိုၿပီး ၾကည့္ခိုင္းတာဟာ အေတာ္ရက္စက္တဲ့ အျပဳအမူပါပဲ။ ႏုနယ္တဲ့ ကေလးေတြရဲ႕ စိတ္ထဲမွာ ေသရာပါသြားမယ့္ ထေရာ္မာပါပဲ။ ေသတဲ့သူက ေသတာနဲ႔ ၿပီးသြားေပမယ့္ မေသဘဲ က်န္ခဲ့မယ့္ ကေလးငယ္ေတြရဲ႕ စိတ္ကို သတ္ျဖတ္ခဲ့တာလို႔ ျမင္မိတယ္။

Live လႊင့္ၿပီး သတ္ေသတဲ့အထိ လုပ္သြားတာဟာ Attention ရွာတာထက္ ပိုပါတယ္။ သူ႔မွာ ဘာမွဆုံးရႈံးစရာ မရွိေတာ့ဘူးလို႔ တရားေသယူဆထားၿပီး သူမေက်နပ္တဲ့ သူ႔မိန္းမကို လူေတြ မုန္းတီးသြားေအာင္၊ သူမွန္ကန္ေၾကာင္း သက္ေသျပသြားခ်င္တဲ့ အသက္ကိုရင္းမိတဲ့အထိ ျဖစ္သြားတဲ့ စိတ္စံလြဲမႈပါပဲ။ လူေတြရဲ႕ ထင္ျမင္ယူဆခ်က္ကို ထည့္တြက္လြန္းလို႔ Live လႊင့္ၿပီး Suicide လုပ္သြားတယ္လို႔ ထင္မိတယ္။ ဒါေပမယ့္ Live လႊင့္ၿပီး လုပ္ျပခ်င္လို႔ သတ္ေသတာထက္ Live မလႊင့္လည္း သူ႔စိတ္အေျခအေနက သတ္ေသမယ့္ ပုံစံမွာ ရွိေနတယ္။

သူေရးသြားသလို အရက္ေၾကာင္ ေၾကာင္ေနတယ္ဆိုတာ ဟုတ္ဟုတ္ မဟုတ္ဟုတ္ သူ႔မွာ Depression လိုမ်ိဳး စိတ္ေဝဒနာ အျပင္းအထန္ ခံစားေနရတာ အေသအခ်ာပါပဲ။ စိတ္ေဝဒနာ ခံစားရတိုင္း သတ္ေသတာ မဟုတ္ပါဘူး။ စိတ္ေဝဒနာခံစားရၿပီဆိုရင္ ေဖးမမယ့္ ေဖးကူမယ့္ ပတ္ဝန္းက်င္ဟာ သိပ္အေရးႀကီးပါတယ္။ သူ႔မွာ အဲ့လို ပတ္ဝန္းက်င္မ်ိဳး မရွိသလို သူ႔ရဲ႕ စိတ္ေဝဒနာအရ ျဖစ္လာတဲ့ အျပဳအမူေတြကို အျပစ္ျမင္ၿပီး စိတ္ပ်က္ဖယ္ခြါခ်င္ေနတဲ့ ပတ္ဝန္းက်င္သာ ရွိခဲ့တဲ့အတြက္ အခုလို သတ္ေသတဲ့အေနအထားအထိ ျဖစ္သြားဟန္တူပါတယ္။

Suicide Case ေတြမွာ အမ်ားစုဟာ အမ်ိဳးသားေတြ ျဖစ္ေနၾကပါတယ္။ အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြရဲ႕ ေလာကဓံကို တုန္႔ျပန္ပုံဟာ မတူပါဘူး။ အမ်ိဳးသမီးေတြဟာ စိတ္ေပ်ာ့တယ္၊ ႏူးညံ့တယ္၊ ရင္ဖြင့္တယ္၊ ငိုေႂကြးတယ္… ဒီလိုနဲ႔ ေလာကဓံကို တုံ႔ျပန္တတ္ၾကတယ္။ အမ်ိဳးသားေတြကေတာ့ သဘာဝအားျဖင့္ မာေက်ာတဲ့ သြင္ျပင္ရွိၿပီး ငိုေႂကြးတာ၊ ရင္ဖြင့္တာေတြကို ရွက္စရာလို႔ျမင္ၿပီး ႀကိတ္ခံစားတတ္ၾကပါတယ္။ သစ္ပင္ႀကီးတစ္ပင္နဲ႔ ေလယူရာယိမ္းတတ္တဲ့ ပန္းပင္ေလးလိုပါပဲ။ မုန္တိုင္းေလထန္ေအာက္မွာ ရင္ဖြင့္တတ္ ငိုေႂကြးတတ္ၿပီး ယိမ္းႏြဲ႕ေနတဲ့ ပန္းပင္ေလးထက္ မတ္မတ္ရပ္ျပေနၾကတဲ့ သစ္ပင္ႀကီးက အျမစ္ကကြၽတ္ထြက္သြားတတ္သလိုပါပဲ။ ေလာကဓံနဲ႔ ေတြ႕တဲ့အခါ ေယာက္်ားေတြဟာ မိန္းမေတြထက္ ၿပိဳလဲလြယ္ပါတယ္။

Mental Health ကို သတိျပဳၾကဖို႔ လိုပါၿပီ။ ကိုယ္ကိုယ္တိုင္ စိတ္ပိုင္းဆိုင္ရာ မက်န္းမာတဲ့ အေနအထားေတြ ျဖစ္လာၿပီဆိုရင္ အကူအညီရယူဖို႔ ႀကိဳးစားပါ။ စိတ္က်န္းမာေရးဆိုတာ လူက်န္းမာေရးလိုပါပဲ။ ရွက္စရာ မဟုတ္ပါဘူး။ ကိုယ့္ပတ္ဝန္းက်င္မွာ စိတ္က်န္းမာေရးထိခိုက္ၿပီး အကူအညီလိုအပ္ေနသူေတြကိုလည္း တတ္ႏိုင္သေလာက္ ေဖးမဖို႔ လိုပါတယ္။

မေန႔က ျမင္လိုက္ရတဲ့ Hanging Case ကို ဇနီးကေဖာက္ျပန္လို႔ဆိုတဲ့ မွတ္ခ်က္မွာတင္ အဆုံးမသတ္လိုက္ပါနဲ႔။ ဇနီးက ေဖာက္ျပန္တယ္ဆိုတာ ဟုတ္မဟုတ္ မေသခ်ာသလို ဇနီးက ေဖာက္ျပန္တိုင္း သတ္ေသၾကတာ မဟုတ္ပါဘူး။

ဒါဟာ စိတ္က်န္းမာေရး ထိခိုက္ေနသူတစ္ေယာက္ရဲ႕ ကူကယ္ရာမဲ့ အေနအထားလို႔ ျမင္ေစခ်င္ပါတယ္။ ပိုခံစားရတာက စိတ္က်န္းမာေရး ထိခိုက္ေနသူတစ္ေယာက္ရဲ႕ အျပဳအမူကေန ထပ္မံထိခိုက္သြားရရွာတဲ့ ကေလးငယ္ႏွစ္ေယာက္ရဲ႕ စိတ္ဒဏ္ရာပါပဲ။

စိတ္က်န္းမာေရးကို ေမ့ေလ်ာ့ေနၾကသေ႐ြ႕ ေနာက္ထပ္သားေကာင္ေတြ ဘယ္ေလာက္မ်ားေနၾကဦးမလဲ…

Crd- အိ ပန္ ဆယ္ လို

Unicode

မနေ့က ပျံ့နှံ့လာတဲ့ Live လွှင့် ကြိုးဆွဲချသေဆုံးတဲ့ ဗီဒီယိုဖိုင်ကို Facebook က ဖျက်ပစ်နေပါတယ်။ မူရင်းတင်ခဲ့တဲ့ သေဆုံးသူရဲ့ Live Video ကိုလည်း ဖဘက ဖျက်ပစ်လိုက်သလို ပြန်တင်ကြသူတွေရဲ့ Videoတွေကိုပါ ဖျက်ပစ်နေပါတယ်။ ဖျက်ပစ်တဲ့အပြင် တင်တဲ့ အကောင့်တွေကို ပိတ်ပစ်တာတွေပါ ရှိပါတယ်။

အဲ့တော့ အဲ့Video တွေကို ပြန်မတင်ကြပါနဲ့။ ကောမန့်မှာ Link ချတာတွေဟာလည်း အကောင့်ပိတ်ခံရနိုင်ပါတယ်။ Facebook ရဲ့ Community Standard နဲ့ ငြိတဲ့အရာတွေမို့ ကိုယ့်အကောင့်ကိုယ်နှမျောရင် Video File တွေတင်တာ၊ Link ချတာ၊ Chat Box က ပို့တာတွေ မလုပ်ကြပါနဲ့။

ကြည့်မိသူတွေအတွက်လည်း အကျိုးမရှိပါဘူး။ ကြောက်လန့်စေတယ်၊ ခံစားရစေပါတယ်။ ရှည်ကြောပြီး ကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုမိပါတယ်။

Hanging လုပ်သွားတဲ့ အမျိုးသား မသေခင်ရေးသွားတဲ့ အကြောင်းအရာတွေအရ အမျိုးသမီးက ဖောက်ပြန်လို့ဆိုပြီး ဝိုင်းဝန်းရေးသားနေကြတာတွေကို ဖတ်ရပါတယ်။ ကိုယ်တွေ တကယ်သိနိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ သေဆုံးသူရဲ့ စိတ်အခြေအနေဟာ ပုံမှန်မဟုတ်ဘဲ Depression ဖြစ်နေတဲ့ပုံစံဆိုတာ သိပ်သိသာပါတယ်။ သူမသေခင်မှာ ထင်မြင်ရေးသားထားတာတွေကို အမှန်လို့ ယူဆလို့ မရပါဘူး။

သူနောက်ဆုံးရေးထားတဲ့ပိုစ့်အရ သူ့ကို အရက်ကြောင် ကြောင်နေတယ်လို့ သတင်းလွှင့်နေတယ်ဆိုပြီး ရေးထားတယ်။ အရက်ကြောင် ကြောင်မကြောင်ထက် Hanging လုပ်သွားတဲ့ပုံစံကို Live မှာ မြင်ရတဲ့ပုံအရတော့ စိတ်အခြေအနေဟာ ပုံမှန်အနေအထားမှာ မရှိပါဘူး။ ဒီလိုစိတ်အခြေအနေရှိနေသူတွေဟာ အရာရာကို သံသယဖြစ်နေတတ်ပါတယ်။ အရာရာကို သံသယနဲ့တွေးတယ်၊ သံသယနဲ့ မြင်တယ်။ အထူးသဖြင့် အိမ်ထောင်ဖက်အပေါ်မှာ သံသယတွေ သိပ်များလာတာတတ်ပါတယ်။

သေဆုံးသူရဲ့ ဇနီးအနေနဲ့လည်း ဒီလိုစိတ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ခင်ပွန်းအပေါ် ကြမ်းတမ်းတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတဲ့ပုံဟာ အတော်ကို ဆိုးဝါးပါတယ်။ ဒီအခြေအနေမှာ ဒီလိုဆက်ဆံမှုမျိုးဟာ အခုလိုအထိ ဖြစ်သွားစေဖို့ တွန်းအားပေးလိုက်သလိုပါပဲ။

ကိုယ်တို့မသိတဲ့ အိမ်ထောင်ရေးတစ်ခုဟာ ဘာတွေဖြစ်သွားခဲ့လဲ ကိုယ်တို့ မသိနိုင်ပါဘူး။ အဲ့တော့ သေသူရဲ့ စွတ်စွဲမှု ထင်မြင်မှုနဲ့ ကျန်ရစ်သူကို ဖောက်ပြန်တယ်လို့ ဝိုင်းမစွတ်စွဲကြစေချင်ပါဘူး။

သနားစရာအကောင်းဆုံးကတော့ ကလေးနှစ်ယောက်ပါပဲ။ ကြိုးဆွဲချသေမယ့် ဖခင်က ဘယ်မှမသွားနဲ့ဆိုပြီး ကြည့်ခိုင်းတာဟာ အတော်ရက်စက်တဲ့ အပြုအမူပါပဲ။ နုနယ်တဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ သေရာပါသွားမယ့် ထရော်မာပါပဲ။ သေတဲ့သူက သေတာနဲ့ ပြီးသွားပေမယ့် မသေဘဲ ကျန်ခဲ့မယ့် ကလေးငယ်တွေရဲ့ စိတ်ကို သတ်ဖြတ်ခဲ့တာလို့ မြင်မိတယ်။

Live လွှင့်ပြီး သတ်သေတဲ့အထိ လုပ်သွားတာဟာ Attention ရှာတာထက် ပိုပါတယ်။ သူ့မှာ ဘာမှဆုံးရှုံးစရာ မရှိတော့ဘူးလို့ တရားသေယူဆထားပြီး သူမကျေနပ်တဲ့ သူ့မိန်းမကို လူတွေ မုန်းတီးသွားအောင်၊ သူမှန်ကန်ကြောင်း သက်သေပြသွားချင်တဲ့ အသက်ကိုရင်းမိတဲ့အထိ ဖြစ်သွားတဲ့ စိတ်စံလွဲမှုပါပဲ။ လူတွေရဲ့ ထင်မြင်ယူဆချက်ကို ထည့်တွက်လွန်းလို့ Live လွှင့်ပြီး Suicide လုပ်သွားတယ်လို့ ထင်မိတယ်။ ဒါပေမယ့် Live လွှင့်ပြီး လုပ်ပြချင်လို့ သတ်သေတာထက် Live မလွှင့်လည်း သူ့စိတ်အခြေအနေက သတ်သေမယ့် ပုံစံမှာ ရှိနေတယ်။

သူရေးသွားသလို အရက်ကြောင် ကြောင်နေတယ်ဆိုတာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့မှာ Depression လိုမျိုး စိတ်ဝေဒနာ အပြင်းအထန် ခံစားနေရတာ အသေအချာပါပဲ။ စိတ်ဝေဒနာ ခံစားရတိုင်း သတ်သေတာ မဟုတ်ပါဘူး။ စိတ်ဝေဒနာခံစားရပြီဆိုရင် ဖေးမမယ့် ဖေးကူမယ့် ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးပါတယ်။ သူ့မှာ အဲ့လို ပတ်ဝန်းကျင်မျိုး မရှိသလို သူ့ရဲ့ စိတ်ဝေဒနာအရ ဖြစ်လာတဲ့ အပြုအမူတွေကို အပြစ်မြင်ပြီး စိတ်ပျက်ဖယ်ခွါချင်နေတဲ့ ပတ်ဝန်းကျင်သာ ရှိခဲ့တဲ့အတွက် အခုလို သတ်သေတဲ့အနေအထားအထိ ဖြစ်သွားဟန်တူပါတယ်။

Suicide Case တွေမှာ အများစုဟာ အမျိုးသားတွေ ဖြစ်နေကြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ လောကဓံကို တုန့်ပြန်ပုံဟာ မတူပါဘူး။ အမျိုးသမီးတွေဟာ စိတ်ပျော့တယ်၊ နူးညံ့တယ်၊ ရင်ဖွင့်တယ်၊ ငိုကြွေးတယ်… ဒီလိုနဲ့ လောကဓံကို တုံ့ပြန်တတ်ကြတယ်။ အမျိုးသားတွေကတော့ သဘာဝအားဖြင့် မာကျောတဲ့ သွင်ပြင်ရှိပြီး ငိုကြွေးတာ၊ ရင်ဖွင့်တာတွေကို ရှက်စရာလို့မြင်ပြီး ကြိတ်ခံစားတတ်ကြပါတယ်။ သစ်ပင်ကြီးတစ်ပင်နဲ့ လေယူရာယိမ်းတတ်တဲ့ ပန်းပင်လေးလိုပါပဲ။ မုန်တိုင်းလေထန်အောက်မှာ ရင်ဖွင့်တတ် ငိုကြွေးတတ်ပြီး ယိမ်းနွဲ့နေတဲ့ ပန်းပင်လေးထက် မတ်မတ်ရပ်ပြနေကြတဲ့ သစ်ပင်ကြီးက အမြစ်ကကျွတ်ထွက်သွားတတ်သလိုပါပဲ။ လောကဓံနဲ့ တွေ့တဲ့အခါ ယောက်ျားတွေဟာ မိန်းမတွေထက် ပြိုလဲလွယ်ပါတယ်။

Mental Health ကို သတိပြုကြဖို့ လိုပါပြီ။ ကိုယ်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့ အနေအထားတွေ ဖြစ်လာပြီဆိုရင် အကူအညီရယူဖို့ ကြိုးစားပါ။ စိတ်ကျန်းမာရေးဆိုတာ လူကျန်းမာရေးလိုပါပဲ။ ရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေးထိခိုက်ပြီး အကူအညီလိုအပ်နေသူတွေကိုလည်း တတ်နိုင်သလောက် ဖေးမဖို့ လိုပါတယ်။

မနေ့က မြင်လိုက်ရတဲ့ Hanging Case ကို ဇနီးကဖောက်ပြန်လို့ဆိုတဲ့ မှတ်ချက်မှာတင် အဆုံးမသတ်လိုက်ပါနဲ့။ ဇနီးက ဖောက်ပြန်တယ်ဆိုတာ ဟုတ်မဟုတ် မသေချာသလို ဇနီးက ဖောက်ပြန်တိုင်း သတ်သေကြတာ မဟုတ်ပါဘူး။

ဒါဟာ စိတ်ကျန်းမာရေး ထိခိုက်နေသူတစ်ယောက်ရဲ့ ကူကယ်ရာမဲ့ အနေအထားလို့ မြင်စေချင်ပါတယ်။ ပိုခံစားရတာက စိတ်ကျန်းမာရေး ထိခိုက်နေသူတစ်ယောက်ရဲ့ အပြုအမူကနေ ထပ်မံထိခိုက်သွားရရှာတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ စိတ်ဒဏ်ရာပါပဲ။

စိတ်ကျန်းမာရေးကို မေ့လျော့နေကြသရွေ့ နောက်ထပ်သားကောင်တွေ ဘယ်လောက်များနေကြဦးမလဲ…

Crd- အိ ပန် ဆယ် လို

About the author

Aung Lay

Leave a Comment