News

ကာကွယ်ဆေး မပေါ်မ ချင်း လူတွေ ကို stay home နေစေချင် တဲ့ မြန်မာပြည် အစိုးရ

Written by Aung Lay

ကာကွယ်ဆေး မပေါ်မ ချင်း လူတွေ ကို stay home နေစေချင် တဲ့ မြန်မာပြည် အစိုးရ

လက္ဘက် ရည်ဆိုင်စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးထားတယ် ဆိုတာက အလုပ်ကိစ္စကြောင့် မဖြစ်မနေ အပြင်မှာ တွေ့ဆုံ ပြီး ဆိုင်မှာထိုင်စားနိုင်ကြဘို့ လောက်ပဲ ခွင့်ပြုထားသေးတာ၊ တနေရာစီက ကိုယ့်ဟာကိုယ်လာကြ ၊ အတတ်နိုင်ဆုံးအနည်းဆုံးလူဦးရေပဲ တွေ့ကြ ဖို့ ရည်ရွယ်တာပါ။

ကားတစ်စီးထဲ အတူတူလာကြပြီး ဆိုင်မှာ လူအများကြီးအပျော်ထိုင်ကြ၊စားကြ၊သောက်ကြဖို့မဟုတ်သေးပါဘူး။ အိမ်ကလူတွေအတွက် ကတော့ ပါဆယ်ပဲဝယ်ပြန်ရမှာပါ

အဲ့တာလောက်နဲ့များ ဘာလို့ဖွင့်ခွင့်ပေးနေရသေးလဲ ဆိုတော့ ဆိုင်တွေ၊ အလုပ်သမားတွေရဲ့ စီးပွားရေးတွေတအားထိခိုက်ကုန်မှာစိုးလို့ဖြစ်ပါလိမ့်မယ်။ ဟိုတယ်တွေ ခရီးသွား လုပ်ငန်းတွေလည်း ဒီသဘောပါပဲ။ အလိုအပ်ဆုံး အနည်းဆုံး အလုပ်ဖြစ်မယ့် (ဖြစ်နိုင်လျှင်တစ်ယောက်တည်း) ကိုပဲ ခွင့်ပြုချင်သေးတာပါဒ

Stay Home အမြဲနေခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ အဆုံး ထိခိုက်မှုအနည်းဆုံးနည်းနဲ့ ခွင့်ပြုပေးထားတာပါ။ အစိုးရကတော့ ကာကွယ်/ကုသဆေး မပေါ်မချင်း ဖြစ်နိုင်လျှင် STAY HOME နေစေချင်သေးတာပါ။

အဲ့ဒီတော့ မဖြစ်မနေအပြင်ထွက်ရလျှင် ဖြစ်နိုင်လျှင်တစ်ယောက်တည်းသွားပါ။ mask အမြဲတပ်ထားပါ(cashier ၊အလုပ်သမား၊စားပွဲထိုး စတဲ့ ကိုယ်နှင့်တွေ့တဲ့လူတွေကိုလည်းတပ်ခိုင်းရပါမယ်)

ဆပ်ပြာနှင့် လက်ဆေးပါ (မြန်မာတွေကခြေထောက်ကိုင်တတ်တဲ့ အလေ့ရှိလို့ ခြေထောက်ပါဆေးသင့်ပါတယ် )။ လူချင်း အနည်းဆုံး ၃-၆ပေ ခွာပြီးနေ။ မလိုအပ်ပဲ ဟိုကိုင် ဒီနမ်း မလုပ်ပါနှင့်

ကိုဗစ်ကပ်ရောဂါမပြီးသေးပါ

Lek Mon

Zawgyi









Lek Mon

About the author

Aung Lay

Leave a Comment