Cele News Video

မရှိတော့တဲ့အဖေ့ အကြောင်း ကြေကွဲဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ စိုင်းစိုင်း (ဗီဒီယိုရုပ်သံ)

Written by Aung Lay

စိုင်းစိုင်းကတော့ အအောင်မြင်ဆုံးထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်ထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခို င်အမာရယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အချိန်အတော်ကြာ အနုပညာလောကမှာ ရပ်တည်ထားနိုင်တဲ့ စိုင်းစိုင်းကတော့ အဆိုပိုင်းအပြင်

သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိနေတဲ့ စိုင်းစိုင်းကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ စိုင်းစိုင်းကတော့ ယခုမှာ

၂၀၀၆ခုနှစ်မှာ ဆုံးပါးသွားတဲ့ အဖေနဲ့ပတ်သက်ပြီး ခံစားချက်တွေကို မျက်ရည်ကျရင်း ဒယ်ဒီသီချင်းလေးကို ရေးခဲ့ရတဲ့အကြောင်း ပရိသ တ်တွေကို ပြောပြလာခဲ့ပါတယ်။ စိုင်းစိုင်းကတော့ ” ၂၀၀၆ ခုနှစ်မှာအဖေဆုံးပါတယ်အဲဒီတစ်နှစ်လုံးဖြစ်နေတဲ့ ခံစားချက်တွေနဲ့ ကျနော်ဒါကိုရေးဖြစ်ခဲ့တာပါဒီသီချင်းရဲ့ရာဇဝင်ကိုတော့

အထွေအထူးပြောစရာမရှိပါဘူး ပိုင်ဆိုင်သမျှသီချင်းအားလုံးမှာမျက်ရည်ကျပြီးရေးခဲ့ဖူးတာတာ ဒီတစ်ပုဒ်ပဲရှိပါတယ် “ဆိုပြီး ရေးသားထားပါတယ်။စိုင်းစိုင်းခမ်းလှိုင်ကတော့ ” တစ်ကြောင်းချရေးလိုက် မျက်ရည်တခါသုတ်လိုက်ပေါ့ကျနော်နဲ့ ခံစားချက်တူရင်

ကိုယ်ချင်းစာနိုင်ကြမယ်ထင်ပါတယ်တီးလုံးအစအဆုံးမိုးမိုးတီးပေးတာပါ ကိုယ်ပိုင်သံစဉ်တစ်ပုဒ်ဖြစ်ပါတယ် ကျနော်အဲဒီကိုရောက်လာရင် ကျနော့်ကိုမှတ်မိဦးမှာလားကျနော်ကတော့

အရင်နေရာမှာ အရင်လိုပါပဲ ” ဆိုပြီး လူမှုကွန်ယက်ထက်မျက်နှာထက်မှာ ရေးသားထားကာ ဒယ်ဒီသီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

 

Source : Sai Sai Kham Leng’s Facebook |

Reference & Credit : Myanmarload

Zawgyi









About the author

Aung Lay

Leave a Comment