ေတးသံရွင္ျဖဴျဖဴေက်ာ္သိန္းကေတာ့ ကိုဗစ္ ကာကြယ္ေရးအတြက္ တစ္ေထာင့္တစ္ေနရာက ပါဝင္လာခဲ့ပါၿပီ ” ျပည္သူႏွင့္အတူ လႉၾကမယ္ ” ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အတူ ကိုဗစ္တိုက္ဖ်က္ေရးမွာ ျပည္သူမ်ားနဲ႔ အႏုပညာရွင္မ်ား စုေပါင္းေကာက္ခံထားေသာ အလႉေငြမ်ားထဲက ဧၿပီလ ၂၄ မေန႔က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ၃၂၉၀၀၀၀တန္ စက္တစ္လုံး လႉဒါန္းမႈျပဳၿပီးေနာက္…ဧၿပီလ ၂၅ ရက္ေန႔ ယေန႔ မွာလည္းအင္းစိန္အေထြေထြေရာဂါကုေဆး႐ုံႀကီးအတြက္ လိုအပ္ေနေသာ ေငြက်ပ္ (၁၃၅) သိန္း (၁) ေသာင္း (၂) ေထာင့္ (၅) ရာကို ထပ္မံ လႉဒါန္းခဲ့တယ္လို႔သိရွိရပါတယ္ ။
လႉဒါန္းခဲ့တဲ့ ပစၥည္းေတြကေတာ့ KN 95 – 450 pc ၊ Surgical Gowns – 640 pc ၊ Apron – 4800 pc ၊ DuPont PPE – 280 pc ၊ Face Shield – 340 ၊ E-Gloves – 2000 pc ၊ Pulse Oximeter – 5 pc ၊ BP Cuff – 5 pc တို႔ကို ပါေမာကၡသမားေတာ္ႀကီး ေဒၚမာမာၾကည္ ထံ လက္ေရာက္ေပးအပ္လႉတန္းခဲ့တာပဲျဖစ္ပါတယ္ ။ အလႉရွင္မ်ားသာဓုေခၚနိုင္ရန္အတြက္ ျဖဴျဖဴက သူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန အလႉအတြက္ ဂုဏ္ျပဳမွတ္တမ္းေလးကို ျပန္လည္မၽွေဝေပးထားတာပဲျဖစ္ပါတယ္ ။
ပရိသတ္ေတြနဲ႔အတူ အႏုပညာရွင္ေတြကလည္း အခုလို အမွန္တကယ္လိုအပ္ေနတဲ့ ေနရာမွာ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တဲ့အတြက္ ျဖဴျဖဴနဲ႔ထပ္တူ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆိုေနၾကတာေတြ႕ရပါတယ္ ။ ပရိသတ္ႀကီးကလည္း ျပည္သူနဲ႔ အႏုပညာရွင္ေတြ အတူတူ ပါဝင္လႉဒါန္းကုသိုလ္ယူခဲ့ၾကတဲ့ ျဖဴျဖဴေက်ာ္သိန္းရဲ့ အလႉေလးအတြက္ သာဓုေခၚေပးၾကပါဦးေနာ္ ။
Source : Phyu Phyu Kyaw Thein
Unicode
တေးသံရှင်ဖြူဖြူကျော်သိန်းကတော့ ကိုဗစ် ကာကွယ်ရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်လာခဲ့ပါပြီ ” ပြည်သူနှင့်အတူ လှူကြမယ် ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ကိုဗစ်တိုက်ဖျက်ရေးမှာ ပြည်သူများနဲ့ အနုပညာရှင်များ စုပေါင်းကောက်ခံထားသော အလှူငွေများထဲက ဧပြီလ ၂၄ မနေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ၃၂၉၀၀၀၀တန် စက်တစ်လုံး လှူဒါန်းမှုပြုပြီးနောက်…ဧပြီလ ၂၅ ရက်နေ့ ယနေ့ မှာလည်းအင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးအတွက် လိုအပ်နေသော ငွေကျပ် (၁၃၅) သိန်း (၁) သောင်း (၂) ထောင့် (၅) ရာကို ထပ်မံ လှူဒါန်းခဲ့တယ်လို့သိရှိရပါတယ် ။
လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့ KN 95 – 450 pc ၊ Surgical Gowns – 640 pc ၊ Apron – 4800 pc ၊ DuPont PPE – 280 pc ၊ Face Shield – 340 ၊ E-Gloves – 2000 pc ၊ Pulse Oximeter – 5 pc ၊ BP Cuff – 5 pc တို့ကို ပါမောက္ခသမားတော်ကြီး ဒေါ်မာမာကြည် ထံ လက်ရောက်ပေးအပ်လှူတန်းခဲ့တာပဲဖြစ်ပါတယ် ။ အလှူရှင်များသာဓုခေါ်နိုင်ရန်အတွက် ဖြူဖြူက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အလှူအတွက် ဂုဏ်ပြုမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ် ။
ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း အခုလို အမှန်တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အတွက် ဖြူဖြူနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနေကြတာတွေ့ရပါတယ် ။ ပရိသတ်ကြီးကလည်း ပြည်သူနဲ့ အနုပညာရှင်တွေ အတူတူ ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ကြတဲ့ ဖြူဖြူကျော်သိန်းရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော် ။
Source : Phyu Phyu Kyaw Thein