ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ ဆယ်စုနှစ်များစွာ အနုပညာလောကမှာအောင်မြင်မှုတွေရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမကတော့ Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့သမီးကို အကောင်းဆုံးပြုစုစောင့်ရှောက် ပေးနေသူဆိုလဲမမှားပါဘူးနော်။
ခင်ဇာခြည်ကျော်ကတော့ Stay Home ကာလမှာ သူမလိုအနုပညာသွေးအပြည့်ပါတဲ့ သားနဲ့သမီးတို့နဲ့အတူ Tik Tok လေးတွေရိုက်ပြီး ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိပါ တယ်။အခုဆိုရင်လည်း ခင်ဇာခြည်ကျော်က ရုပ်ရှင်နှစ်(၁၀၀)ပြည့် ပွဲလေးကို တက်ရော က်ခဲ့တဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။
သူမကတော့ “ အမှတ်တရနေ့လေး ရုပ်ရှင်နှစ်၁၀၀ပြည့်ပွဲချစ်ရသောအနုပညာရှင် တွေနဲ့ပြ န်တွေ့ဆုံရတဲ့နေ့လေး…ချစ်ရတဲ့ မေ မေနဲ့ အတူ ကိုယ့်ပုံ လေး ပြတိုက်မှာတွေ့ရတဲ့အချိန် လေး…ရုပ်ရှင်သမိုင်းပြတိုက်လေးမှာကိုယ်ဟာ…အကယ်ဒမီအနုပညာရှင်တစ်ယော က် အဖြစ်အသိအမှတ်ပြုထားခြင်းခံရတာလေးကိုဂုဏ်ယူစွာပျော်ရတဲ့နေ့လေး မှာအမှတ်တရ ဓာတ်ပုံလေး တွေရိုက်ရင်း….ခင်ဇာခြည်ကျော် (၈.၆.၂၀၂၀)” ဆိုပြီး သူမရဲ့ပုံလေးတွေနဲ့အတူ ရေးသားထားတာပဲဖြစ်ပါတယ်။
Source-Khin Zarchi Kyaw
Zawgyi