ပင္းတယမီးအိမ္ရွင္ဟု ဆိုလိုက္တာနဲ႔ အၿပဳံးခ်ိဳခ်ိဳ မ်က္ႏွာထားနဲ႔ လူနာေတြကို ေႏြးေထြးၾကင္နာတတ္ေသာ ဆရာဝန္ ၊ ပရဟိတလုပ္ငန္းမ်ားကို ေစတနာပါပါ လုပ္ေဆာင္ေပးတတ္ေသာ ပရဟိတသမား ၊ ျပည္သူ႔ဂုဏ္ရည္ဆုအပါအဝင္ ပရဟိတဆုေပါင္းမ်ားစြာနဲ႔ ခ်ီးေျမႇာက္ျခင္းခံရတဲ့ ျပည္သူ႔ဝန္ထမ္းေကာင္းတစ္ဦးအျဖစ္ ေျပးျမင္ၾကပါတယ္…
ပင္းတယမီးအိမ္ရွင္ ေဒါက္တာသန္းမင္းထြဋ္ ေအာင္ျမင္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မ်ားမွာ မ်ားစြာရွိႏိုင္ပါတယ္.. ကိုယ္က်င့္သီလၿမဲၿမံျခင္း ၊ သစၥာ သမာဓိ တည္ၾကည္ျခင္း ၊ အလုပ္လုပ္တိုင္း ေစတနာအျပည့္အဝထားျခင္း ၊ ဥာဏ္အေျမာ္အျမင္ႀကီးမားျခင္း ၊ ကိုယ္တတ္ကြၽမ္းေသာ ပညာကို အစဥ္အၿမဲတိုးတက္ေအာင္ ႀကိဳးစားေနျခင္း စသည့္ အခ်က္မ်ားစြာေၾကာင့္ ေအာင္ျမင္သူတစ္ေယာက္ ၊ အမ်ားက ေလးစားအားက် အတုယူရသူတစ္ေယာက္ ျဖစ္လာခဲ့ျခင္းဟု ဆိုရပါမယ္…
ပင္းတယမီးအိမ္ရွင္ ေအာင္ျမင္မႈအလီလီရၿပီး လက္ခုပ္သံတစ္ေျဖာင္းေျဖာင္း ၾကားရေအာင္ ေနာက္ကြယ္ကေန ပါရမီျဖည့္ခဲ့တဲ့ ေဒၚမင္းမင္းလႈိင္ ဆိုသည့္ ဇနီးျဖစ္သူေၾကာင့္လည္း ပင္းတယမီးအိမ္ရွင္ ပို၍ ေအာင္ျမင္ခဲ့သည္ဟု ဆိုက ပိုမွန္ပါလိမ့္မယ္..
ပင္းတယမီးအိမ္ရွင္ဟာ ပင္းတယေျမမွာ တာဝန္မ်ားစြာ အလုပ္မ်ားစြာ လုပ္ခဲ့တဲ့အေလွ်ာက္ မိသားစုအတြက္ အခ်ိန္ေပးႏိုင္မႈ နည္းပါးခဲ့ႏိုင္ေပမယ့္ မၿငိဳျငင္… ညစာကို မနက္ဘက္မွ စားခ်ိန္ရတဲ့ ခင္ပြန္းသည္နဲ႔ ညစာအတူတူ စားဖို႔ ေစာင့္ေနတတ္ေသာ အိမ္ရွင္မေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္…
ေဆး႐ုံအုပ္ႀကီး၏ ဇနီးအေနနဲ႔ မည္သည့္အခြင္အေရးမွ် မယူ… မည္သည့္ ေထာင္လႊားမႈမွ် မရွိ… ပကတိ ႐ိုးသား ေအးေဆးသူ…
တစ္ခါက စာေပေဟာေျပာပြဲမွာ ေဟာေျပာပြဲအၿပီး အမွတ္တရဓာတ္ပုံ႐ိုက္ၾကခ်ိန္ ပရိသတ္နဲ႔အတူတူ စာအုပ္အိတ္ဆြဲၿပီး ျပန္သြားတာေၾကာင့္ မီးအိမ္ရွင္က က်ေနာ့္ကို လိုက္ေခၚဖို႔ေျပာသျဖင့္ အေျပးလိုက္ေခၚရဖူးပါတယ္.. ဤမွ် ထင္ေပၚလိုစိတ္ နည္းပါးသူပါ..
ကြၽန္ေတာ္တို႔ ခ်စ္ခင္ ေလးစား တန္ဖိုးထား အတုယူရေသာ ပင္းတယမီးအိမ္ရွင္၏ ပါရမီျဖည့္ဖက္… သမီးေလး ဖူးဖူး၏ ေက်းဇူးရွင္ မိခင္ႀကီး… အနာေရာဂါကင္းစြာႏွင့္ အသက္ရွည္ပါေစ… ပိုၿပီးသာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကို ပိုင္ဆိုင္ပါေစေၾကာင္း ဆုေတာင္းေမတၱာ ပို႔သအပ္ပါတယ္ခင္ဗ်ာ…
Zwe Hsu Paing
Unicode
ပင်းတယမီးအိမ်ရှင်ဟု ဆိုလိုက်တာနဲ့ အပြုံးချိုချို မျက်နှာထားနဲ့ လူနာတွေကို နွေးထွေးကြင်နာတတ်သော ဆရာဝန် ၊ ပရဟိတလုပ်ငန်းများကို စေတနာပါပါ လုပ်ဆောင်ပေးတတ်သော ပရဟိတသမား ၊ ပြည်သူ့ဂုဏ်ရည်ဆုအပါအဝင် ပရဟိတဆုပေါင်းများစွာနဲ့ ချီးမြှောက်ခြင်းခံရတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးအဖြစ် ပြေးမြင်ကြပါတယ်…
ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်များမှာ များစွာရှိနိုင်ပါတယ်.. ကိုယ်ကျင့်သီလမြဲမြံခြင်း ၊ သစ္စာ သမာဓိ တည်ကြည်ခြင်း ၊ အလုပ်လုပ်တိုင်း စေတနာအပြည့်အဝထားခြင်း ၊ ဉာဏ်အမြော်အမြင်ကြီးမားခြင်း ၊ ကိုယ်တတ်ကျွမ်းသော ပညာကို အစဉ်အမြဲတိုးတက်အောင် ကြိုးစားနေခြင်း စသည့် အချက်များစွာကြောင့် အောင်မြင်သူတစ်ယောက် ၊ အများက လေးစားအားကျ အတုယူရသူတစ်ယောက် ဖြစ်လာခဲ့ခြင်းဟု ဆိုရပါမယ်…
ပင်းတယမီးအိမ်ရှင် အောင်မြင်မှုအလီလီရပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်း ကြားရအောင် နောက်ကွယ်ကနေ ပါရမီဖြည့်ခဲ့တဲ့ ဒေါ်မင်းမင်းလှိုင် ဆိုသည့် ဇနီးဖြစ်သူကြောင့်လည်း ပင်းတယမီးအိမ်ရှင် ပို၍ အောင်မြင်ခဲ့သည်ဟု ဆိုက ပိုမှန်ပါလိမ့်မယ်..
ပင်းတယမီးအိမ်ရှင်ဟာ ပင်းတယမြေမှာ တာဝန်များစွာ အလုပ်များစွာ လုပ်ခဲ့တဲ့အလျှောက် မိသားစုအတွက် အချိန်ပေးနိုင်မှု နည်းပါးခဲ့နိုင်ပေမယ့် မငြိုငြင်… ညစာကို မနက်ဘက်မှ စားချိန်ရတဲ့ ခင်ပွန်းသည်နဲ့ ညစာအတူတူ စားဖို့ စောင့်နေတတ်သော အိမ်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်…
ဆေးရုံအုပ်ကြီး၏ ဇနီးအနေနဲ့ မည်သည့်အခွင်အရေးမျှ မယူ… မည်သည့် ထောင်လွှားမှုမျှ မရှိ… ပကတိ ရိုးသား အေးဆေးသူ…
တစ်ခါက စာပေဟောပြောပွဲမှာ ဟောပြောပွဲအပြီး အမှတ်တရဓာတ်ပုံရိုက်ကြချိန် ပရိသတ်နဲ့အတူတူ စာအုပ်အိတ်ဆွဲပြီး ပြန်သွားတာကြောင့် မီးအိမ်ရှင်က ကျနော့်ကို လိုက်ခေါ်ဖို့ပြောသဖြင့် အပြေးလိုက်ခေါ်ရဖူးပါတယ်.. ဤမျှ ထင်ပေါ်လိုစိတ် နည်းပါးသူပါ..
ကျွန်တော်တို့ ချစ်ခင် လေးစား တန်ဖိုးထား အတုယူရသော ပင်းတယမီးအိမ်ရှင်၏ ပါရမီဖြည့်ဖက်… သမီးလေး ဖူးဖူး၏ ကျေးဇူးရှင် မိခင်ကြီး… အနာရောဂါကင်းစွာနှင့် အသက်ရှည်ပါစေ… ပိုပြီးသာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ…
Zwe Hsu Paing