သာဓုေခၚရင္ ဘာအက်ိဳးရွိသလဲဆိုတာ ဗုဒၶဘာသာဝင္အေပါင္းတို႔ သိႏိုင္ဖို႔ မွ်ေဝပါတယ္ေနာ္..ဘုန္းဘုန္းဘုရား႐ိုေသစြာ ေလွ်ာက္ထားအပ္ပါတယ္ အရွင္ဘုရား။ဘုန္းဘုန္းေတြရဲ႕ တရားဆုံးတဲ့ အခါျဖစ္ေစ၊ တစ္ခုခု လႉရင္ျဖစ္ေစ၊
သူမ်ားက အမွ်ေဝရင္ျဖစ္ေစပရိသတ္ က သာဓုေခၚၾကပါသည္။ ဘာေၾကာင့္ သာဓုေခၚပါသနည္း။ဗုဒၶလက္ထက္က အဲဒီလို သာဓုေခၚၾကပါသလား။ သာဓုရဲ႕ အဓိပၸာယ္ကိုလည္း သိလိုပါသည္။ သာဓုေခၚရင္ ဘယ္လို အက်ိဳး ကုသိုလ္ ရပါသနည္း။ ေက်းဇူး အထူးတင္ပါသည္ အရွင္ဘုရား။ႏိုႏိုေအး
ရွည္လွသာဓု…ရက္ကန္းသည္ မိန္းကေလးကို ဗုဒၶက ‘ဘယ္က လာသလဲ’ေမးေတာ့ ‘မသိပါ’လို႔ ေျဖတဲ့အခါ ဗုဒၶက‘သာဓု သာဓု မိန္း ကေလး .. ငါဘုရား ေမးတာကို သင္ ေျဖႏိုင္ ေပတယ္’လို႔ မိန႔္ေတာ္မူတယ္ဆိုတဲ့ ဇာတ္လမ္းကို ၾကားဖူးမွာေပါ့။ ဗုဒၶကိုယ္ တိုင္နဲ႔ အျခားေသာ ရဟႏၲာႀကီးေတြဟာ ဓမၼနဲ႔ပတ္ သက္ၿပီး ႏွစ္သက္ သေဘာက်တဲ့အခါ အဲဒီလို သာဓုေခၚၾကေၾကာင္း ဗုဒၶစာေပမွာ သာဓကေတြ အမ်ားႀကီး ရွိတယ္။
ဗုဒၶ လက္ထက္ကပင္ သာဓုရွိလို႔ သာဓုရဲ႕ သမိုင္းေၾကာင္းက ရွည္လွၿပီ။ ဗုဒၶ သာသနာ သမိုင္းနဲ႔ ထပ္တူပါပဲ။ သာဓုရဲ႕ အဓိပၸာယ္က ‘ေကာင္းစြ’လို႔ ျဖစ္ပါတယ္။ ႀကိဳက္ႏွစ္ သက္တဲ့ တုံ႔ျပန္ခ်က္ကို အဂၤလိပ္လို ‘Good! Great! Excellent! ဆိုတဲ့ အာေမဍိတ္မ်ိဳး ျဖစ္မယ္လို႔ ယူဆပါတယ္။ ေလယူ ေလသိမ္း အသံအနိမ့္ အျမင့္ေပၚ မူတည္ၿပီး အနည္းငယ္ ျခားနားမႈလည္း ရွိႏိုင္ေကာင္းပါတယ္။
ဆင့္ကမ္းသာဓု..သာဓုသံမွာ ‘အခြၽန္ ႏွစ္ခြပါတဲ့ ဓားေျမႇာင္ေတြနဲ႔ အစြန္းေရာက္ အယူသည္း အၾကမ္းဖက္ စစ္ေသြးႂကြဆိုတာမ်ိဳး ျဖစ္လာဖို႔ လူေတြကို လုံးဝ မသင္ၾကားတဲ့အျပင္ သမိုင္းတစ္ ေလွ်ာက္လုံး သာဓုသံေၾကာင့္ ေသြးေျမက်ရတဲ့ မွတ္တမ္း မရွိခဲ့ဖူးလို႔ ယေန႔ေခတ္မွာ ကမာၻတစ္လႊားက ကိုယ့္ကိုယ္ကို ျပဳျပင္ရဲတဲ့ ပညာတတ္ လူတန္းစားေတြဟာ ေငြေပးၿပီး မစည္း႐ုံးရဘဲ ၎တို႔ ကိုယ္တိုင္ သာဓုေခၚေနၾကတာ ျဖစ္တဲ့အတြက္ လူ႔အသိုင္းအဝိုင္းမွာ ကိုယ္နဲ႔မတူသူ အားလုံးနဲ႔ အတူတူ ေနႏိုင္ဖို႔ ဆုံးမတဲ့ သာဓုသံဟာ ခ်ိဳးျဖဴ ေတာင္ပံ ခတ္သံပဲ ျဖစ္သင့္တယ္။
သူမ်ားတို႔က အားမတန္ေသးလို႔ လူသူ မၾကားေအာင္ ကိုယ့္အေဆာင္ထဲမွာပဲ က်ိတ္ၿပီး ကေလးေတြကို အပတ္စဥ္ စု႐ုံး သင္ၾကား ေလ့က်င့္ လႈံ႕ေနၾကဆဲမွာ ကိုယ္က အဖိုးအို အဖြားအိုေတြ အီမိုးရွင္းနဲ႔ သာဓုေခၚေအာင္ ‘လမ္းေလးခြ ဆုံရာမွာ’ ေအာ္လန္ႀကီးနဲ႔ ‘သတည္းခ်’ ေနရင္ အက်ိဳးမမ်ားႏိုင္ဘူး။ ဒါေၾကာင့္ အဖိုးမျဖတ္ႏိုင္တဲ့ သာဓုသံကို ကိုယ့္သားသမီးေတြရဲ႕ ႏွလုံးသားထဲ စိမ့္ဝင္သြားေစရမယ္ ဆိုတဲ့ ႏိုးၾကားတဲ့ အသိ စိတ္ကိုသာ ယေန႔ကစၿပီး ေလ်ာင္း ထိုင္ ရပ္သြား ဣရိယာပုထ္ ေလးပါးလုံးမွာ မပ်င္းမရိ အေရးတႀကီး အပူတျပင္း ထပ္ကာ ထပ္ကာ ပြားမ်ားပါေလ။
ႀကီးျမတ္သာဓု…ဗုဒၶလက္ထက္ သာဝတၳိၿမိဳ႕က ခ်မ္းသာတဲ့ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ ခင္ပြန္းဟာ ဇနီးေခ်ာကိုစြန႔္ၿပီး ရဟန္းျပဳသြားတယ္။ ပိုင္ရွင္မဲ့ အဲဒီ အမ်ိဳးသမီးကို မုတ္ဆိတ္ေမႊး ထူလပ်စ္ႀကီးနဲ႔ (လို႔ယူဆရတဲ့) ဘုရင္ ေကာသလက သိမ္းပိုက္ လိုက္တယ္။ တစ္ေန႔မွာ ဘုရင္ဟာ ပန္းကလပ္ထဲမွာ ၾကာညိဳပန္းေတြ ထည့္ၿပီးနန္းတြင္းသူ တစ္ေယာက္ကို တစ္ပြင့္စီ ေဝငွေပမယ့္ အဲဒီ အမ်ိဳးသမီးက ႏွစ္ပြင့္ ရသြားသတဲ့။
ဘုရင္ရဲ႕ ႐ိုမန္တစ္ ဆန္ဆန္ လုပ္ရပ္ေၾကာင့္ အမ်ိဳးသမီးက ေပ်ာ္ပုံျပၿပီးမွ ငိုျပန္တဲ့အခါ ဘုရင္က စစ္ေမးေတာ့‘ေပ်ာ္တာ ႏွစ္ပြင့္ရလို႔ ငိုတာ ခင္ပြန္းေဟာင္းရဲ႕ ခံတြင္းက ထြက္တဲ့ ၾကာညိဳပန္းနံ႔ကို အမွတ္ရလို႔’တဲ့။ဘုရင္က မယုံလို႔ အဲဒီ ရဟန္းကို တရားေဟာခိုင္း၊ အခန္းတစ္ခုလုံး ၾကညိဳပန္းနံ႔ သင္းသြားေတာ့မွ ယုံသြားၿပီးဒီကိစၥကို ျမတ္စြာဘုရားကို ေမးေလွ်ာက္တဲ့အခါ အဲဒီရဟန္းဟာ အတိတ္ဘဝက တရားနာစဥ္ ႐ို႐ိုေသေသနဲ႔ သာဓုေခၚခဲ့ဖူးတဲ့ ကုသိုလ္ထူးေၾကာင့္ ျဖစ္ေၾကာင္း မိန႔္ေတာ္မူတယ္ (အံ-႒ ၁၊ ၂၂)။
သဒၶမၼေဒသနာကာေလ၊သာဓုသာဓူတိ ဘာေသတာ။ မုခေတာ ဇာယေတ ဂေႏၶာ၊ ဥပၸလံဝ ေယထာေဒက။တရားနာစဥ္ ဝမ္းေျမာက္႐ႊင္ ႏႈတ္တြင္သာဓု ေခၚပါေလ။ ေခၚသူ႔ခံတြင္း ၾကာနံ႔သင္း မပ်င္းမရိ လုပ္ပါေလ။
Source ; ဆရာေတာ္ အရွင္ေကလာသ
Unicode
သာဓုခေါ်ရင် ဘာအကျိုးရှိသလဲဆိုတာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ သိနိုင်ဖို့ မျှဝေပါတယ်နော်..ဘုန်းဘုန်းဘုရားရိုသေစွာ လျှောက်ထားအပ်ပါတယ် အရှင်ဘုရား။ဘုန်းဘုန်းတွေရဲ့ တရားဆုံးတဲ့ အခါဖြစ်စေ၊ တစ်ခုခု လှူရင်ဖြစ်စေ၊
သူများက အမျှဝေရင်ဖြစ်စေပရိသတ် က သာဓုခေါ်ကြပါသည်။ ဘာကြောင့် သာဓုခေါ်ပါသနည်း။ဗုဒ္ဓလက်ထက်က အဲဒီလို သာဓုခေါ်ကြပါသလား။ သာဓုရဲ့ အဓိပ္ပာယ်ကိုလည်း သိလိုပါသည်။ သာဓုခေါ်ရင် ဘယ်လို အကျိုး ကုသိုလ် ရပါသနည်း။ ကျေးဇူး အထူးတင်ပါသည် အရှင်ဘုရား။နိုနိုအေး
ရှည်လှသာဓု…ရက်ကန်းသည် မိန်းကလေးကို ဗုဒ္ဓက ‘ဘယ်က လာသလဲ’မေးတော့ ‘မသိပါ’လို့ ဖြေတဲ့အခါ ဗုဒ္ဓက‘သာဓု သာဓု မိန်း ကလေး .. ငါဘုရား မေးတာကို သင် ဖြေနိုင် ပေတယ်’လို့ မိန့်တော်မူတယ်ဆိုတဲ့ ဇာတ်လမ်းကို ကြားဖူးမှာပေါ့။ ဗုဒ္ဓကိုယ် တိုင်နဲ့ အခြားသော ရဟန္တာကြီးတွေဟာ ဓမ္မနဲ့ပတ် သက်ပြီး နှစ်သက် သဘောကျတဲ့အခါ အဲဒီလို သာဓုခေါ်ကြကြောင်း ဗုဒ္ဓစာပေမှာ သာဓကတွေ အများကြီး ရှိတယ်။
ဗုဒ္ဓ လက်ထက်ကပင် သာဓုရှိလို့ သာဓုရဲ့ သမိုင်းကြောင်းက ရှည်လှပြီ။ ဗုဒ္ဓ သာသနာ သမိုင်းနဲ့ ထပ်တူပါပဲ။ သာဓုရဲ့ အဓိပ္ပာယ်က ‘ကောင်းစွ’လို့ ဖြစ်ပါတယ်။ ကြိုက်နှစ် သက်တဲ့ တုံ့ပြန်ချက်ကို အင်္ဂလိပ်လို ‘Good! Great! Excellent! ဆိုတဲ့ အာမေဍိတ်မျိုး ဖြစ်မယ်လို့ ယူဆပါတယ်။ လေယူ လေသိမ်း အသံအနိမ့် အမြင့်ပေါ် မူတည်ပြီး အနည်းငယ် ခြားနားမှုလည်း ရှိနိုင်ကောင်းပါတယ်။
ဆင့်ကမ်းသာဓု..သာဓုသံမှာ ‘အချွန် နှစ်ခွပါတဲ့ ဓားမြှောင်တွေနဲ့ အစွန်းရောက် အယူသည်း အကြမ်းဖက် စစ်သွေးကြွဆိုတာမျိုး ဖြစ်လာဖို့ လူတွေကို လုံးဝ မသင်ကြားတဲ့အပြင် သမိုင်းတစ် လျှောက်လုံး သာဓုသံကြောင့် သွေးမြေကျရတဲ့ မှတ်တမ်း မရှိခဲ့ဖူးလို့ ယနေ့ခေတ်မှာ ကမ္ဘာတစ်လွှားက ကိုယ့်ကိုယ်ကို ပြုပြင်ရဲတဲ့ ပညာတတ် လူတန်းစားတွေဟာ ငွေပေးပြီး မစည်းရုံးရဘဲ ၎င်းတို့ ကိုယ်တိုင် သာဓုခေါ်နေကြတာ ဖြစ်တဲ့အတွက် လူ့အသိုင်းအဝိုင်းမှာ ကိုယ်နဲ့မတူသူ အားလုံးနဲ့ အတူတူ နေနိုင်ဖို့ ဆုံးမတဲ့ သာဓုသံဟာ ချိုးဖြူ တောင်ပံ ခတ်သံပဲ ဖြစ်သင့်တယ်။
သူများတို့က အားမတန်သေးလို့ လူသူ မကြားအောင် ကိုယ့်အဆောင်ထဲမှာပဲ ကျိတ်ပြီး ကလေးတွေကို အပတ်စဉ် စုရုံး သင်ကြား လေ့ကျင့် လှုံ့နေကြဆဲမှာ ကိုယ်က အဖိုးအို အဖွားအိုတွေ အီမိုးရှင်းနဲ့ သာဓုခေါ်အောင် ‘လမ်းလေးခွ ဆုံရာမှာ’ အော်လန်ကြီးနဲ့ ‘သတည်းချ’ နေရင် အကျိုးမများနိုင်ဘူး။ ဒါကြောင့် အဖိုးမဖြတ်နိုင်တဲ့ သာဓုသံကို ကိုယ့်သားသမီးတွေရဲ့ နှလုံးသားထဲ စိမ့်ဝင်သွားစေရမယ် ဆိုတဲ့ နိုးကြားတဲ့ အသိ စိတ်ကိုသာ ယနေ့ကစပြီး လျောင်း ထိုင် ရပ်သွား ဣရိယာပုထ် လေးပါးလုံးမှာ မပျင်းမရိ အရေးတကြီး အပူတပြင်း ထပ်ကာ ထပ်ကာ ပွားများပါလေ။
ကြီးမြတ်သာဓု…ဗုဒ္ဓလက်ထက် သာဝတ္ထိမြို့က ချမ်းသာတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ခင်ပွန်းဟာ ဇနီးချောကိုစွန့်ပြီး ရဟန်းပြုသွားတယ်။ ပိုင်ရှင်မဲ့ အဲဒီ အမျိုးသမီးကို မုတ်ဆိတ်မွှေး ထူလပျစ်ကြီးနဲ့ (လို့ယူဆရတဲ့) ဘုရင် ကောသလက သိမ်းပိုက် လိုက်တယ်။ တစ်နေ့မှာ ဘုရင်ဟာ ပန်းကလပ်ထဲမှာ ကြာညိုပန်းတွေ ထည့်ပြီးနန်းတွင်းသူ တစ်ယောက်ကို တစ်ပွင့်စီ ဝေငှပေမယ့် အဲဒီ အမျိုးသမီးက နှစ်ပွင့် ရသွားသတဲ့။
ဘုရင်ရဲ့ ရိုမန်တစ် ဆန်ဆန် လုပ်ရပ်ကြောင့် အမျိုးသမီးက ပျော်ပုံပြပြီးမှ ငိုပြန်တဲ့အခါ ဘုရင်က စစ်မေးတော့‘ပျော်တာ နှစ်ပွင့်ရလို့ ငိုတာ ခင်ပွန်းဟောင်းရဲ့ ခံတွင်းက ထွက်တဲ့ ကြာညိုပန်းနံ့ကို အမှတ်ရလို့’တဲ့။ဘုရင်က မယုံလို့ အဲဒီ ရဟန်းကို တရားဟောခိုင်း၊ အခန်းတစ်ခုလုံး ကြညိုပန်းနံ့ သင်းသွားတော့မှ ယုံသွားပြီးဒီကိစ္စကို မြတ်စွာဘုရားကို မေးလျှောက်တဲ့အခါ အဲဒီရဟန်းဟာ အတိတ်ဘဝက တရားနာစဉ် ရိုရိုသေသေနဲ့ သာဓုခေါ်ခဲ့ဖူးတဲ့ ကုသိုလ်ထူးကြောင့် ဖြစ်ကြောင်း မိန့်တော်မူတယ် (အံ-ဋ္ဌ ၁၊ ၂၂)။
သဒ္ဓမ္မဒေသနာကာလေ၊သာဓုသာဓူတိ ဘာသေတာ။ မုခတော ဇာယတေ ဂန္ဓော၊ ဥပ္ပလံဝ ယေထာဒေက။တရားနာစဉ် ဝမ်းမြောက်ရွှင် နှုတ်တွင်သာဓု ခေါ်ပါလေ။ ခေါ်သူ့ခံတွင်း ကြာနံ့သင်း မပျင်းမရိ လုပ်ပါလေ။
Source ; ဆရာတော် အရှင်ကေလာသ